Premier League

ကာရာဘောင်းဗိုလ်လုပွဲအတွက် ချဲလ်ဆီးကို သတိပေးလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ကာရာဘောင်းဗိုလ်လုပွဲမတိုင်ခင် ချဲလ်ဆီးအနေနဲ့ ဒဏ်ရာပြဿနာတွေများပြားနေတဲ့ လီဗာပူးလ်ကို လျှော့မတွက်ဖို့ သတိပေးလိုက်ပါတယ်။

လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ဟာ တနင်္ဂနွေနေ့ ဝင်ဘလေကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး မာဆေးဆိုဒ်ကလပ်က နည်းပြ ယာဂန် ကလော့ပ်ရဲ့ နောက်ဆုံးရာသီကို ဆုဖလားနဲ့ နှုတ်ဆက်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးကလည်း ပိုချက်တီနိုလက်ထက်မှာ ပထမဆုံး ဆုဖလားကို ဆွတ်ခူးသွားဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဒီဖလားသာ ရရှိခဲ့မယ်ဆိုရင် စိတ်ပျက်ဖွယ်ရာသီနဲ့ ရင်ဆိုင်နေရတဲ့ အာဂျင်တီးနားလူမျိုးနည်းပြရဲ့ ရာထူး ဆက်လက်တည်မြဲစေမှာဖြစ်ပါတယ်။

ဒီပွဲစဉ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် ထွက်ခွာသွားပြီးနောက် အသင်းခေါင်းဆောင်ဖြစ်လာတဲ့ ဗန်ဒိုက်အတွက် ပထမဆုံးအကြိမ် အသင်းကို ဦးဆောင်ပြီး ကစားသွားရမယ့် အဓိကဆုဖလားဗိုလ်လုပွဲဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗန်ဒိုက် ဦးဆောင်လာမယ့် လီဗာပူးလ်လူစာရင်းဟာ ကြီးမားတဲ့ ဒဏ်ရာပြဿနာတွေကြောင့် တော်တော်လေး အားနည်းနေမှာဖြစ်ပြီး အာနိုး၊ အယ်လစ်ဆန်၊ ဂျိုတာ၊ ကာတစ် ဂျုံးစ်တို့လို ကစားသမားတွေအပါအဝင် ကစားသမား ၁၀ ဦးအထိ ဒဏ်ရာရနေတာဖြစ်ပါတယ်။

မိုဟာမက် ဆာလား၊ ဒါဝင် နူးညက်ဇ်၊ ဆဘော့ဇ်ဆလိုင်းတို့ဟာ ပွဲကစားခါနီးမှ ကြံ့ခိုင်မှု စစ်ဆေးခံသွားကြမှာဖြစ်ပြီး ရလဒ်အနေနဲ့ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကလို အထင်ကြီးဖွယ်စွမ်းဆောင်ရည်သာပြနိုင်ရင် အနိုင်ရနိုင်ခြေ ပိုရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗန်ဒိုက်က လီဗာပူးလ်အသင်းရဲ့ လူငယ်ကစားသမားတွေနဲ့ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေဟာ ဒဏ်ရာရသွားတဲ့ အဓိကကစားသမားတွေရဲ့ နေရာမှာ ဝင်ကစားနိုင်ပြီး အစွမ်းပြနိုင်တာကြောင့် လျှော့မတွက်ဖို့ သတိပေးလိုက်တာဖြစ်ပါတယ်။

“ကစားသမားတွေက လူစာရင်းထဲမှာ နေရာဝင်ယူပြီး သူတို့ကို လျှော့တွက်တဲ့သူတွေကို မှားယွင်းကြောင်း ပြသရမယ်လို့ ထင်ပါတယ်။ အဲဒါကို သက်သေပြဖို့က ဒီတစ်နည်းပဲရှိတယ်လို့ ထင်တယ်။ သူတို့တွေ ပေါ့ပေါ့တန်တန် သဘောထားရင်တော့ သူတို့ကိစ္စပဲ။ ကျွန်တော်တို့မှာ ပြိုင်ဘက်ကို ဖတ်နိုင်ဖို့ လုံလောက်တဲ့အရည်အသွေးတွေရှိတယ်လို့ ထင်တယ်။ ပွဲထွက်လူစာရင်းထဲ ဝင်လာတဲ့ ကစားသမားတွေက အဲဒါကို ပြသရမယ်။ အဲဒီအကြောက်တရားက ကျွန်တော်တို့အပေါ်မှာ လွှမ်းမိုးမှု မရှိပါဘူး။ အားလုံးက နေရာဝင်ယူရမယ်။ ဝင်ကစားပေးတဲ့သူတွေက ရလဒ်ကောင်းရအောင် စွမ်းဆောင်ပေးရမယ်။ လူငယ်ကစားသမားတွေလည်း အားလုံးအတိုင်းပဲ တာဝန်ယူမှုရှိရမယ်။ သူတို့တွေလည်း အဲဒါကို ပျော်ရွှင်နေမှာပါ။ အားလုံးက အခွင့်အရေးရချင်ပြီး သူတို့အစွမ်းအစကို ပြသချင်နေမယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ ယုံကြည်ချက်ရှိနေရမယ်။ ကျွန်တော် အဲဒါကို မစိုးရိမ်ပါဘူး။ သူတို့တွေက ဝင်ကစားပြီး သူတို့ အရည်အသွေးတွေကို ပြသသွားမှာပါ။ ခင်ဗျားက လီဗာပူးလ်အတွက် ကစားရတဲ့အခါမှာ ခင်ဗျားက တော်တော်ကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်နေပြီးသားပါ။ အဲဒီတော့ ကွင်းထဲမှာ ဝင်ကစားပြီး အားလုံး ဂုဏ်ယူရအောင် လုပ်ပြကြရအောင်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းေခါင္းေဆာင္ ဗန္ဒိုက္က ကာရာေဘာင္းဗိုလ္လုပြဲမတိုင္ခင္ ခ်ဲလ္ဆီးအေနနဲ႔ ဒဏ္ရာျပႆနာေတြမ်ားျပားေနတဲ့ လီဗာပူးလ္ကို ေလွ်ာ့မတြက္ဖို႔ သတိေပးလိုက္ပါတယ္။

လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ဟာ တနဂၤေႏြေန႔ ဝင္ဘေလကြင္းမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကမွာျဖစ္ၿပီး မာေဆးဆိုဒ္ကလပ္က နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ေနာက္ဆုံးရာသီကို ဆုဖလားနဲ႔ ႏႈတ္ဆက္ဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးကလည္း ပိုခ်က္တီႏိုလက္ထက္မွာ ပထမဆုံး ဆုဖလားကို ဆြတ္ခူးသြားဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး ဒီဖလားသာ ရရွိခဲ့မယ္ဆိုရင္ စိတ္ပ်က္ဖြယ္ရာသီနဲ႔ ရင္ဆိုင္ေနရတဲ့ အာဂ်င္တီးနားလူမ်ိဳးနည္းျပရဲ႕ ရာထူး ဆက္လက္တည္ၿမဲေစမွာျဖစ္ပါတယ္။

ဒီပြဲစဥ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ ထြက္ခြာသြားၿပီးေနာက္ အသင္းေခါင္းေဆာင္ျဖစ္လာတဲ့ ဗန္ဒိုက္အတြက္ ပထမဆုံးအႀကိမ္ အသင္းကို ဦးေဆာင္ၿပီး ကစားသြားရမယ့္ အဓိကဆုဖလားဗိုလ္လုပြဲျဖစ္လာမွာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဗန္ဒိုက္ ဦးေဆာင္လာမယ့္ လီဗာပူးလ္လူစာရင္းဟာ ႀကီးမားတဲ့ ဒဏ္ရာျပႆနာေတြေၾကာင့္ ေတာ္ေတာ္ေလး အားနည္းေနမွာျဖစ္ၿပီး အာႏိုး၊ အယ္လစ္ဆန္၊ ဂ်ိဳတာ၊ ကာတစ္ ဂ်ဳံးစ္တို႔လို ကစားသမားေတြအပါအဝင္ ကစားသမား ၁၀ ဦးအထိ ဒဏ္ရာရေနတာျဖစ္ပါတယ္။

မိုဟာမက္ ဆာလား၊ ဒါဝင္ ႏူးညက္ဇ္၊ ဆေဘာ့ဇ္ဆလိုင္းတို႔ဟာ ပြဲကစားခါနီးမွ ႀကံ့ခိုင္မႈ စစ္ေဆးခံသြားၾကမွာျဖစ္ၿပီး ရလဒ္အေနနဲ႔ ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့အပတ္က မန္စီးတီးနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ကလို အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္သာျပႏိုင္ရင္ အႏိုင္ရႏိုင္ေျခ ပိုရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဗန္ဒိုက္က လီဗာပူးလ္အသင္းရဲ႕ လူငယ္ကစားသမားေတြနဲ႔ ပုံမွန္ပြဲထြက္ခြင့္မရတဲ့ ကစားသမားေတြဟာ ဒဏ္ရာရသြားတဲ့ အဓိကကစားသမားေတြရဲ႕ ေနရာမွာ ဝင္ကစားႏိုင္ၿပီး အစြမ္းျပႏိုင္တာေၾကာင့္ ေလွ်ာ့မတြက္ဖို႔ သတိေပးလိုက္တာျဖစ္ပါတယ္။

“ကစားသမားေတြက လူစာရင္းထဲမွာ ေနရာဝင္ယူၿပီး သူတို႔ကို ေလွ်ာ့တြက္တဲ့သူေတြကို မွားယြင္းေၾကာင္း ျပသရမယ္လို႔ ထင္ပါတယ္။ အဲဒါကို သက္ေသျပဖို႔က ဒီတစ္နည္းပဲရွိတယ္လို႔ ထင္တယ္။ သူတို႔ေတြ ေပါ့ေပါ့တန္တန္ သေဘာထားရင္ေတာ့ သူတို႔ကိစၥပဲ။ ကြၽန္ေတာ္တို႔မွာ ၿပိဳင္ဘက္ကို ဖတ္ႏိုင္ဖို႔ လုံေလာက္တဲ့အရည္အေသြးေတြရွိတယ္လို႔ ထင္တယ္။ ပြဲထြက္လူစာရင္းထဲ ဝင္လာတဲ့ ကစားသမားေတြက အဲဒါကို ျပသရမယ္။ အဲဒီအေၾကာက္တရားက ကြၽန္ေတာ္တို႔အေပၚမွာ လႊမ္းမိုးမႈ မရွိပါဘူး။ အားလုံးက ေနရာဝင္ယူရမယ္။ ဝင္ကစားေပးတဲ့သူေတြက ရလဒ္ေကာင္းရေအာင္ စြမ္းေဆာင္ေပးရမယ္။ လူငယ္ကစားသမားေတြလည္း အားလုံးအတိုင္းပဲ တာဝန္ယူမႈရွိရမယ္။ သူတို႔ေတြလည္း အဲဒါကို ေပ်ာ္႐ႊင္ေနမွာပါ။ အားလုံးက အခြင့္အေရးရခ်င္ၿပီး သူတို႔အစြမ္းအစကို ျပသခ်င္ေနမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ ယုံၾကည္ခ်က္ရွိေနရမယ္။ ကြၽန္ေတာ္ အဲဒါကို မစိုးရိမ္ပါဘူး။ သူတို႔ေတြက ဝင္ကစားၿပီး သူတို႔ အရည္အေသြးေတြကို ျပသသြားမွာပါ။ ခင္ဗ်ားက လီဗာပူးလ္အတြက္ ကစားရတဲ့အခါမွာ ခင္ဗ်ားက ေတာ္ေတာ္ေကာင္းတဲ့ ကစားသမားတစ္ေယာက္ ျဖစ္ေနၿပီးသားပါ။ အဲဒီေတာ့ ကြင္းထဲမွာ ဝင္ကစားၿပီး အားလုံး ဂုဏ္ယူရေအာင္ လုပ္ျပၾကရေအာင္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.