Premier League UCL&UEL

သရေစာမကြိုက်တဲ့ ဂယ်လီနိုငမိုက်ကြောင့် ပွဲပြီးခါနီးမှ ထရှုံးတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ နာကျင်အချိန်ပိုမှ ဂယ်လီနိုရဲ့ နောက်ကျ သွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားဟာ ဂိုးပေါက်ထဲကို အံ့အားသင့်ဖွယ် အဆုံးသတ်နဲ့ ဝိုက်ကန်မသွင်းမီ ဘောလုံး ထိတွေ့မှုအနည်းငယ်နဲ့ ကန်သွင်းဖို့ ပြင်ဆင်ခဲ့ပြီး ဒေးဗစ် ရာယာ လက်တစ်ဆုံး ဆန့်ထုတ်ကာကွယ်ခဲ့ပေမယ့်လည်း ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဆာဂျီယို ကွန်ဆေးဆာအိုရဲ့အသင်းဟာ ပထမပိုင်းမပြီးဆုံးခင်ကတည်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သင့်တာဖြစ်ပြီး ဂယ်လီနိုရဲ့ ကန်ချက်က ဂိုးဘားတန်းထိမှန်ပြီး ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းမှုက ဂိုးဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက်တော့ စိတ်သက်သာရာရစရာဖြစ်ခဲ့ပေမယ့်လည်း ဂယ်လီနိုက ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၄ မိနစ်မှာ ဂိုးသွင်းယူတော့မယ်ဆိုတာကို ကြိုတင်သတိပေးချက်ဆိုတာကို မရိပ်မိခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ ပထမပိုင်း မှာကတည်းက ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး နီကို ဂွန်ဇာလက်ဇ်ရဲ့ အားပါပြင်းထန်တဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဘောလုံးပိုင်ဆိုင်မှုမှာတော့ အသာစီး ရယူနိုင်ခဲ့ပေမယ့် ဂိုးပေါက်တည့်အောင် တစ်ကြိမ်တောင် ကန်သွင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး ဆာလီဘာနဲ့ ကိုင် ဟာဗတ်ဇ်တို့ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူမှုတွေက ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယအကျော့ပွဲစဉ်ဟာ မတ်လ ၁၂ ရက်နေ့ အမ်းမရိတ်စ်ကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး အာဆင်နယ်က ၂၀၀၉-၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ တည်ကန်ဘောတွေကနေ အခွင့်အရေး အများအပြား ရရှိခဲ့ပေမယ့်လည်း တိကျတဲ့အဆုံးသတ်မျိုး ကင်းမဲ့နေခဲ့တာဖြစ်ပြီး ဒီကလန် ရိုက်ရဲ့ ထောင့်ကန်ဘောကနေ ကန်တင်ပေးပို့မှုကို ထရော့ဆာ့ဒ်က မြေမကျသွင်းယူခဲ့ပေမယ့်လည်း ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမပိုင်း ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်မှာ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့အသင်းပုံစံမျိုး ပျောက်ဆုံးနေခဲ့ပြီး ၂၀၀၃-၂၀၀၄ နောက်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးပေါက်တည့်အောင် တစ်ကြိမ်တောင် ကန်သွင်းမှုမပြုလုပ်နိုင်ခဲ့တဲ့ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္မွာ နာက်င္အခ်ိန္ပိုမွ ဂယ္လီႏိုရဲ႕ ေနာက္က် သြင္းဂိုးေၾကာင့္ ရႈံးနိမ့္ခဲ့ရပါတယ္။

ဘရာဇီးလ္ေတာင္ပံကစားသမားဟာ ဂိုးေပါက္ထဲကို အံ့အားသင့္ဖြယ္ အဆုံးသတ္နဲ႔ ဝိုက္ကန္မသြင္းမီ ေဘာလုံး ထိေတြ႕မႈအနည္းငယ္နဲ႔ ကန္သြင္းဖို႔ ျပင္ဆင္ခဲ့ၿပီး ေဒးဗစ္ ရာယာ လက္တစ္ဆုံး ဆန႔္ထုတ္ကာကြယ္ခဲ့ေပမယ့္လည္း ဂိုးခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ဆာဂ်ီယို ကြန္ေဆးဆာအိုရဲ႕အသင္းဟာ ပထမပိုင္းမၿပီးဆုံးခင္ကတည္းက ဦးေဆာင္ဂိုး သြင္းယူႏိုင္ခဲ့သင့္တာျဖစ္ၿပီး ဂယ္လီႏိုရဲ႕ ကန္ခ်က္က ဂိုးဘားတန္းထိမွန္ၿပီး ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ပိတ္သြင္းမႈက ဂိုးေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အတြက္ေတာ့ စိတ္သက္သာရာရစရာျဖစ္ခဲ့ေပမယ့္လည္း ဂယ္လီႏိုက ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၀+၄ မိနစ္မွာ ဂိုးသြင္းယူေတာ့မယ္ဆိုတာကို ႀကိဳတင္သတိေပးခ်က္ဆိုတာကို မရိပ္မိခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ ပထမပိုင္း မွာကတည္းက ဦးေဆာင္ဂိုး သြင္းယူႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး နီကို ဂြန္ဇာလက္ဇ္ရဲ႕ အားပါျပင္းထန္တဲ့ ကန္ခ်က္က ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာ ျဖစ္ပါတယ္။ ဂန္းနားေတြဟာ ေဘာလုံးပိုင္ဆိုင္မႈမွာေတာ့ အသာစီး ရယူႏိုင္ခဲ့ေပမယ့္ ဂိုးေပါက္တည့္ေအာင္ တစ္ႀကိမ္ေတာင္ ကန္သြင္းယူႏိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး ဆာလီဘာနဲ႔ ကိုင္ ဟာဗတ္ဇ္တို႔ရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းယူမႈေတြက ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ဒုတိယအေက်ာ့ပြဲစဥ္ဟာ မတ္လ ၁၂ ရက္ေန႔ အမ္းမရိတ္စ္ကြင္းမွာ က်င္းပသြားမွာျဖစ္ၿပီး အာဆင္နယ္က ၂၀၀၉-၂၀၁၀ ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ဖို႔ ရည္မွန္းထားတာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ တည္ကန္ေဘာေတြကေန အခြင့္အေရး အမ်ားအျပား ရရွိခဲ့ေပမယ့္လည္း တိက်တဲ့အဆုံးသတ္မ်ိဳး ကင္းမဲ့ေနခဲ့တာျဖစ္ၿပီး ဒီကလန္ ႐ိုက္ရဲ႕ ေထာင့္ကန္ေဘာကေန ကန္တင္ေပးပို႔မႈကို ထေရာ့ဆာ့ဒ္က ေျမမက်သြင္းယူခဲ့ေပမယ့္လည္း ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမပိုင္း ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္မွာ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၂၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့အသင္းပုံစံမ်ိဳး ေပ်ာက္ဆုံးေနခဲ့ၿပီး ၂၀၀၃-၂၀၀၄ ေနာက္ပိုင္း ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဂိုးေပါက္တည့္ေအာင္ တစ္ႀကိမ္ေတာင္ ကန္သြင္းမႈမျပဳလုပ္ႏိုင္ခဲ့တဲ့ပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.