Bundesliga

အံ့အားသင့်ဖွယ်ဂိုးသွင်းပြီးနောက် တစ်ကွင်းလုံးကို အရူးလုပ်ခဲ့တဲ့ ချာကာ

ဂရာနစ် ချာကာဟာ လေဗာကူဆင်အသင်းအတွက် အံ့အားသင့်ဖွယ် ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ထူးထူးဆန်းဆန်း အောင်ပွဲခံဟန်နဲ့ တစ်ကွင်းလုံးက ပရိသတ်တွေကို အရူးလုပ်ခဲ့ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားဦးဆောင်သူတွေနဲ့အတူ အလွန်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်နေသူဖြစ်ပြီး သောကြာနေ့ညနေမှာ မိုင့်ဇ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။

ချာကာက မိုင့်ဇ်နဲ့ပွဲစဉ် ပထမပိုင်း ၃ မိနစ်အတွင်းမှာပဲ ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဘောလုံးရရှိခဲ့ပြီးနောက် ကန်သွင်းနေကျပုံစံအတိုင်းပဲ အလွန်လှပတဲ့ ကန်ချက်နဲ့ ဝိုက်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချာကာက ဂိုးသွင်းယူပြီးနောက် တံကောက်ကြောကို ကိုင်ပြီး ထော့နဲ့ထော့နဲ့ ဖြစ်သွားခဲ့တာကြောင့် ပရိသတ်တွေတင်သာမက ဇာဘီ အလွန်ဆိုနဲ့ နည်းပြအဖွဲ့ဝင်တွေပါ ပျော်ရမလား စိုးရိမ်ရမလားမသိဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချာကာဟာ အမှန်တကယ် ဒဏ်ရာရသွားတာမဟုတ်ဘဲ ပရိသတ်တွေကို နောက်ပြောင်ပြီး အောင်ပွဲခံခဲ့တာသာဖြစ်ပြီး ပြီးတဲ့နောက်မှာ ဂျယ်ရမီး ဖရင်းပေါင်နဲ့ ကခုန်အောင်ပွဲခံခဲ့တာကြောင့် အားလုံး သက်ပြင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

အလွန်ဆိုကလည်း ကွင်းဘေးစည်းမှာ ချာကာ ဒဏ်ရာများ ရသွားတာလားလို့ ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်နေခဲ့ပြီးမှ စိတ်သက်သာရာရသွားခဲ့ပြီး နည်းပြအဖွဲ့ဝင်ထဲက တစ်ဦးကို ဆွစ်ဇာလန်ကွင်းလယ်လူ မျက်နှာပြောင်နေတာသာဖြစ်ပြီး ဒဏ်ရာရသွားတာမဟုတ်ဘူးလို့ အသိပေးခဲ့တာကို တွေ့ရပါတယ်။

ချာကာရဲ့ လုပ်ပေါက်ကြောင့် လေဗာကူဆင် အရန်ခုံတန်းက ထိုင်နေတဲ့သူတွေအားလုံး ဝါးလုံးကွဲ ထရယ်ခဲ့ကြပြီး နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ဒေါမနစ် ခိုဟာက မိုင့်ဇ်အတွက် ချေပဂိုး ပြန်သွင်းယူသွားခဲ့ပေမယ့်လည်း ဒုတိယပိုင်း ၆၈ မိနစ်မှာ အန်းဒရစ်ချ် သွင်းယူပေးခဲ့တဲ့ အနိုင်ဂိုးကြောင့်​ အလွန်ဆိုရဲ့အသင်းက ဇယားထိပ်မှာ ၁ ပွဲလျော့နေတဲ့ ဘိုင်ယန်ထက် ၁၁ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂရာနစ္ ခ်ာကာဟာ ေလဗာကူဆင္အသင္းအတြက္ အံ့အားသင့္ဖြယ္ ကန္ခ်က္နဲ႔ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ ထူးထူးဆန္းဆန္း ေအာင္ပြဲခံဟန္နဲ႔ တစ္ကြင္းလုံးက ပရိသတ္ေတြကို အ႐ူးလုပ္ခဲ့ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားဦးေဆာင္သူေတြနဲ႔အတူ အလြန္ေကာင္းမြန္တဲ့ ရာသီကို ပိုင္ဆိုင္ေနသူျဖစ္ၿပီး ေသာၾကာေန႔ညေနမွာ မိုင့္ဇ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ပါတယ္။

ခ်ာကာက မိုင့္ဇ္နဲ႔ပြဲစဥ္ ပထမပိုင္း ၃ မိနစ္အတြင္းမွာပဲ ပင္နယ္တီဧရိယာအျပင္ဘက္မွာ ေဘာလုံးရရွိခဲ့ၿပီးေနာက္ ကန္သြင္းေနက်ပုံစံအတိုင္းပဲ အလြန္လွပတဲ့ ကန္ခ်က္နဲ႔ ဝိုက္ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ာကာက ဂိုးသြင္းယူၿပီးေနာက္ တံေကာက္ေၾကာကို ကိုင္ၿပီး ေထာ့နဲ႔ေထာ့နဲ႔ ျဖစ္သြားခဲ့တာေၾကာင့္ ပရိသတ္ေတြတင္သာမက ဇာဘီ အလြန္ဆိုနဲ႔ နည္းျပအဖြဲ႕ဝင္ေတြပါ ေပ်ာ္ရမလား စိုးရိမ္ရမလားမသိျဖစ္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ာကာဟာ အမွန္တကယ္ ဒဏ္ရာရသြားတာမဟုတ္ဘဲ ပရိသတ္ေတြကို ေနာက္ေျပာင္ၿပီး ေအာင္ပြဲခံခဲ့တာသာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာ ဂ်ယ္ရမီး ဖရင္းေပါင္နဲ႔ ကခုန္ေအာင္ပြဲခံခဲ့တာေၾကာင့္ အားလုံး သက္ျပင္းခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

အလြန္ဆိုကလည္း ကြင္းေဘးစည္းမွာ ခ်ာကာ ဒဏ္ရာမ်ား ရသြားတာလားလို႔ ပါးစပ္အေဟာင္းသားနဲ႔ အံ့အားသင့္ေနခဲ့ၿပီးမွ စိတ္သက္သာရာရသြားခဲ့ၿပီး နည္းျပအဖြဲ႕ဝင္ထဲက တစ္ဦးကို ဆြစ္ဇာလန္ကြင္းလယ္လူ မ်က္ႏွာေျပာင္ေနတာသာျဖစ္ၿပီး ဒဏ္ရာရသြားတာမဟုတ္ဘူးလို႔ အသိေပးခဲ့တာကို ေတြ႕ရပါတယ္။

ခ်ာကာရဲ႕ လုပ္ေပါက္ေၾကာင့္ ေလဗာကူဆင္ အရန္ခုံတန္းက ထိုင္ေနတဲ့သူေတြအားလုံး ဝါးလုံးကြဲ ထရယ္ခဲ့ၾကၿပီး ေနာက္ထပ္ မိနစ္အနည္းငယ္အၾကာမွာ ေဒါမနစ္ ခိုဟာက မိုင့္ဇ္အတြက္ ေခ်ပဂိုး ျပန္သြင္းယူသြားခဲ့ေပမယ့္လည္း ဒုတိယပိုင္း ၆၈ မိနစ္မွာ အန္းဒရစ္ခ်္ သြင္းယူေပးခဲ့တဲ့ အႏိုင္ဂိုးေၾကာင့္​ အလြန္ဆိုရဲ႕အသင္းက ဇယားထိပ္မွာ ၁ ပြဲေလ်ာ့ေနတဲ့ ဘိုင္ယန္ထက္ ၁၁ မွတ္အသာနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.