Bundesliga

အနာဂတ်ကို ထုတ်ပြောလိုက်တဲ့ ဘိုင်ယန်နဲ့ လီဗာပူးလ်တို့ရဲ့ ထိပ်တန်းပစ်မှတ် အလွန်ဆို

ဇာဘီ အလွန်ဆိုက လာမယ့်ရာသီမှာ လေဗာကူဆင်ရဲ့ နည်းပြအဖြစ် ရှိနေဦးမယ်လို့ ယူဆနေပေမယ့်လည်း လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်တို့က နည်းပြသစ်ရာထူးအတွက် ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး ဘာအာမခံချက်မှ မပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်က ဒီရာသီကုန်မှာ အန်းဖီးကို စွန့်ခွာမယ်လို့ အံ့အားသင့်ဖွယ် ကြေညာခဲ့ပြီးနောက်ပိုင်း အလွန်ဆိုဟာ လီဗာပူးလ်ရဲ့ နည်းပြလောင်းစာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုဟာ ဒီရာသီမှာ လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အသာနဲ့ ဦးဆောင်နိုင်အောင် နည်းပြပေးထားသူဖြစ်ပြီး ဘွန်ဒက်စ်လီဂါကလပ်ဟာ ရှုံးပွဲ တစ်ပွဲမှ တွေ့ကြုံခြင်းမရှိသေးတာဖြစ်ပါတယ်။

ဒီအပတ်မှာ ဘိုင်ယန်မြူးနစ်အသင်းက နည်းပြ သောမတ်စ် တူဟယ်ဟာ ရာသီကုန်မှာ အသင်းကို စွန့်ခွာတော့မှာဖြစ်တယ်လို့ ကြေညာခဲ့ပြီး လေဗာကူဆင် နည်းပြ ဇာဘီ အလွန်ဆိုကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဂျာမနီက သတင်းတွေအရ စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းဟာ အန်းဖီးကို ပြန်မယ့်အစား ဂျာမနီမှာ ဆက်နေပြီး ဘိုင်ယန်မြူးနစ်ကိုပဲ ပိုပြီး တာဝန်ယူ ကိုင်တွယ်သွားချင်နေလိမ့်မယ်လို့ သိရပါတယ်။

အလွန်ဆိုဟာ သောကြာနေ့ည မိုင့်ဇ်နဲ့ ကစားရမယ့်ပွဲမတိုင်ခင် ကြာသပတေးနေ့ညနေမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ချိန်မှာ သတင်းထောက်တွေကို အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှ ထပ်ပြောစရာအသစ်မရှိဘူးလို့ ပြောဆိုခဲ့ပြီး လေဗာကူဆင်ရဲ့ ဘွန်ဒက်စ်လီဂါဖလားရဖို့ တိုက်ပွဲဝင်မှုအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဆီကနေ ဆက်သွယ်လာတာ ခံခဲ့ရလားလို့ မေးမြန်းခဲ့ရာမှာ အလွန်ဆိုက အဖြေပေးဖို့ တိမ်းရှောင်ခဲ့ပြီး “မေးခွန်းကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် နောက်ထပ်တစ်ကြိမ် ပြောပါမယ်။ ကျွန်တော့်မှာ ပြောစရာ ဘာအသစ်မှ မရှိပါဘူး။ အဲဒီတော့ ဒါက ယူဆချက်ပဲ ဖြစ်ပါလိမ့်မယ်။”

လာမယ့်ရာသီ လေဗာကူဆင်နည်းပြအဖြစ် ရှိနေဦးမှာလားလို့ မေးမြန်းခဲ့ရာမှာ အလွန်ဆိုက “အခုအချိန်မှာတော့ အဲဒီလို ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆနေပါတယ်။ အခုအချိန်မှာ ကျွန်တော်က နည်းပြဖြစ်ပြီး အဲဒါကတော့ကျိန်းသေတယ်။ အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြောဖို့ ဘာအသစ်မှ ရှိမနေပါဘူး။ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။ မေးခွန်းတွေရှိနေတာက သာမန်ပါပဲ။ ဒါပေမယ့် အခုက အဲဒါကို ပြောဖို့အတွက် မှန်ကန်တဲ့အချိန်မဟုတ်ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇာဘီ အလြန္ဆိုက လာမယ့္ရာသီမွာ ေလဗာကူဆင္ရဲ႕ နည္းျပအျဖစ္ ရွိေနဦးမယ္လို႔ ယူဆေနေပမယ့္လည္း လီဗာပူးလ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔က နည္းျပသစ္ရာထူးအတြက္ ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားတာေၾကာင့္ အနာဂတ္နဲ႔ပတ္သက္ၿပီး ဘာအာမခံခ်က္မွ မေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္က ဒီရာသီကုန္မွာ အန္းဖီးကို စြန႔္ခြာမယ္လို႔ အံ့အားသင့္ဖြယ္ ေၾကညာခဲ့ၿပီးေနာက္ပိုင္း အလြန္ဆိုဟာ လီဗာပူးလ္ရဲ႕ နည္းျပေလာင္းစာရင္းထဲမွာ ထိပ္ဆုံးကေန ပါဝင္လာခဲ့တာျဖစ္ပါတယ္။ အလြန္ဆိုဟာ ဒီရာသီမွာ ေလဗာကူဆင္ကို ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္အသာနဲ႔ ဦးေဆာင္ႏိုင္ေအာင္ နည္းျပေပးထားသူျဖစ္ၿပီး ဘြန္ဒက္စ္လီဂါကလပ္ဟာ ရႈံးပြဲ တစ္ပြဲမွ ေတြ႕ႀကဳံျခင္းမရွိေသးတာျဖစ္ပါတယ္။

ဒီအပတ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းက နည္းျပ ေသာမတ္စ္ တူဟယ္ဟာ ရာသီကုန္မွာ အသင္းကို စြန႔္ခြာေတာ့မွာျဖစ္တယ္လို႔ ေၾကညာခဲ့ၿပီး ေလဗာကူဆင္ နည္းျပ ဇာဘီ အလြန္ဆိုကို ေခၚယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။ ဂ်ာမနီက သတင္းေတြအရ စပိန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားေဟာင္းဟာ အန္းဖီးကို ျပန္မယ့္အစား ဂ်ာမနီမွာ ဆက္ေနၿပီး ဘိုင္ယန္ျမဴးနစ္ကိုပဲ ပိုၿပီး တာဝန္ယူ ကိုင္တြယ္သြားခ်င္ေနလိမ့္မယ္လို႔ သိရပါတယ္။

အလြန္ဆိုဟာ ေသာၾကာေန႔ည မိုင့္ဇ္နဲ႔ ကစားရမယ့္ပြဲမတိုင္ခင္ ၾကာသပေတးေန႔ညေနမွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့ခ်ိန္မွာ သတင္းေထာက္ေတြကို အနာဂတ္နဲ႔ပတ္သက္ၿပီး ဘာမွ ထပ္ေျပာစရာအသစ္မရွိဘူးလို႔ ေျပာဆိုခဲ့ၿပီး ေလဗာကူဆင္ရဲ႕ ဘြန္ဒက္စ္လီဂါဖလားရဖို႔ တိုက္ပြဲဝင္မႈအေပၚမွာပဲ အျပည့္အဝ အာ႐ုံစိုက္ထားတယ္လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဆီကေန ဆက္သြယ္လာတာ ခံခဲ့ရလားလို႔ ေမးျမန္းခဲ့ရာမွာ အလြန္ဆိုက အေျဖေပးဖို႔ တိမ္းေရွာင္ခဲ့ၿပီး “ေမးခြန္းကို ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမယ့္ ေနာက္ထပ္တစ္ႀကိမ္ ေျပာပါမယ္။ ကြၽန္ေတာ့္မွာ ေျပာစရာ ဘာအသစ္မွ မရွိပါဘူး။ အဲဒီေတာ့ ဒါက ယူဆခ်က္ပဲ ျဖစ္ပါလိမ့္မယ္။”

လာမယ့္ရာသီ ေလဗာကူဆင္နည္းျပအျဖစ္ ရွိေနဦးမွာလားလို႔ ေမးျမန္းခဲ့ရာမွာ အလြန္ဆိုက “အခုအခ်ိန္မွာေတာ့ အဲဒီလို ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ယူဆေနပါတယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္က နည္းျပျဖစ္ၿပီး အဲဒါကေတာ့က်ိန္းေသတယ္။ အနာဂတ္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္မွာ ေျပာဖို႔ ဘာအသစ္မွ ရွိမေနပါဘူး။ ကြၽန္ေတာ္တို႔ ေတြ႕ရပါလိမ့္မယ္။ ေမးခြန္းေတြရွိေနတာက သာမန္ပါပဲ။ ဒါေပမယ့္ အခုက အဲဒါကို ေျပာဖို႔အတြက္ မွန္ကန္တဲ့အခ်ိန္မဟုတ္ပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.