Bundesliga

ရက်ရက်စက်စက် အသည်းခွဲခဲ့သူကိုမှ နည်းပြခန့်ဖို့ စဉ်းစားနေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နောက်ကျ အနိုင်ဂိုးနဲ့ အသည်းခွဲခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဂန္တဝင် အိုလေ ဂန်နာ ဆိုးလ်ရှားကို သောမတ်စ် တူဟယ်ရဲ့နေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဂျာမန်လူမျိုးနည်းပြဟာ လေဗာကူဆင်၊ လာဇီယိုနဲ့ ဘိုချန်တို့ကို ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအားတွေနဲ့ ရင်ဆိုင်နေရသူဖြစ်ပြီး လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်က ဆိုးလ်ရှားကို ရေတိုအစားထိုးနိုင်ခြေရှိတဲ့ နည်းပြလောင်းစာရင်းထဲမှာ ထည့်သွင်းလိုက်ပြီလို့ သိရပါတယ်။

Sky Germany က ဖလိုရီယန် ပလတ်တန်ဘာ့ဂ်က ” ဘိုင်ယန်မြူးနစ်ဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလေ ဂန်နာ ဆိုးလ်ရှားကို ယာယီနည်းပြဖြစ်လာနိုင်သူအဖြစ် စောင့်ကြည့်နေတယ်။ ဒါပေမယ့် မူလအစီအစဉ်ကတော့ ဆက်ရှိနေတုန်းပဲ။ ဘိုင်ယန်မြူးနစ်က သောမတ်စ် တူဟယ်ကို အနည်းဆုံး ရာသီကုန်အထိတော့ နည်းပြအဖြစ် ဆက်ခန့်ထားမှာပါ။ ဘိုင်ယန်နဲ့ ဆိုးလ်ရှားသတင်းက အခုအချိန်မှာတော့ ဘာမှ အခိုင်အမာမဖြစ်သေးဘူး။ မန်ယူနိုက်တက်နည်းပြဟောင်းက အသင်းလက်မဲ့ဖြစ်နေပြီး စီမံကိန်းသစ်ကို တာဝန်ယူဖို့ အသင့်ပဲ။ ဖရောင်းက ဆိုးလ်ရှားလုပ်ပုံကိုင်ပုံတွေကို နှစ်အတော်ကြာ စောင့်ကြည့်နေခဲ့တာပါ”လို့ ရေးသားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ၂၀၂၁ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်းမရှိသေးသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဟာ ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် ဇယားထိပ်က လေဗာကူဆင်နဲ့ ၈ မှတ်အထိ ကွာဟနေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင္ယန္ျမဴးနစ္ဟာ ၁၉၉၉ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေနာက္က် အႏိုင္ဂိုးနဲ႔ အသည္းခြဲခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ အိုေလ ဂန္နာ ဆိုးလ္ရွားကို ေသာမတ္စ္ တူဟယ္ရဲ႕ေနရာမွာ နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပဟာ ေလဗာကူဆင္၊ လာဇီယိုနဲ႔ ဘိုခ်န္တို႔ကို ၃ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရသူျဖစ္ၿပီး လက္ရွိမွာေတာ့ ဘိုင္ယန္ျမဴးနစ္က ဆိုးလ္ရွားကို ေရတိုအစားထိုးႏိုင္ေျခရွိတဲ့ နည္းျပေလာင္းစာရင္းထဲမွာ ထည့္သြင္းလိုက္ၿပီလို႔ သိရပါတယ္။

Sky Germany က ဖလိုရီယန္ ပလတ္တန္ဘာ့ဂ္က ” ဘိုင္ယန္ျမဴးနစ္ဟာ အသက္ ၅၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း အိုေလ ဂန္နာ ဆိုးလ္ရွားကို ယာယီနည္းျပျဖစ္လာႏိုင္သူအျဖစ္ ေစာင့္ၾကည့္ေနတယ္။ ဒါေပမယ့္ မူလအစီအစဥ္ကေတာ့ ဆက္ရွိေနတုန္းပဲ။ ဘိုင္ယန္ျမဴးနစ္က ေသာမတ္စ္ တူဟယ္ကို အနည္းဆုံး ရာသီကုန္အထိေတာ့ နည္းျပအျဖစ္ ဆက္ခန႔္ထားမွာပါ။ ဘိုင္ယန္နဲ႔ ဆိုးလ္ရွားသတင္းက အခုအခ်ိန္မွာေတာ့ ဘာမွ အခိုင္အမာမျဖစ္ေသးဘူး။ မန္ယူႏိုက္တက္နည္းျပေဟာင္းက အသင္းလက္မဲ့ျဖစ္ေနၿပီး စီမံကိန္းသစ္ကို တာဝန္ယူဖို႔ အသင့္ပဲ။ ဖေရာင္းက ဆိုးလ္ရွားလုပ္ပုံကိုင္ပုံေတြကို ႏွစ္အေတာ္ၾကာ ေစာင့္ၾကည့္ေနခဲ့တာပါ”လို႔ ေရးသားခဲ့ပါတယ္။

ဆိုးလ္ရွားဟာ ၂၀၂၁ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးကတည္းက ဘယ္အသင္းကိုမွ ကိုင္တြယ္ျခင္းမရွိေသးသူျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ဟာ ၃ ပြဲဆက္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဇယားထိပ္က ေလဗာကူဆင္နဲ႔ ၈ မွတ္အထိ ကြာဟေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.