UCL&UEL

၁၆ သင်းအဆင့်မှာ လီဗာပူးလ်၊ ဘရိုက်တန်နဲ့ ဝက်စ်ဟမ်းတို့ ဘယ်အသင်းတွေနဲ့ တွေ့မှာလဲ

ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေဟာ ကြာသပတေးနေ့ညမှာ ပြီးဆုံးခဲ့ပြီဖြစ်တာကြောင့် ကျန်တဲ့ ၁၆ သင်းဟာ ဒီနေ့ မဲခွဲပွဲမှာ ဘယ်အသင်းတွေနဲ့ အတူတူ ကျရောက်မလဲဆိုတာကို သိရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အသင်း ၃ သင်းဖြစ်တဲ့ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဘရိုက်တန်တို့အားလုံးဟာ သက်ဆိုင်ရာ အုပ်စုတွေမှာ ဗိုလ်ဖြစ်ခဲ့ပြီး ရိန်းဂျားစ်၊ အတ္တလန္တာ၊ ဗီလာရီးရဲလ်၊ ဆလားဗီးယား ပရက်ဂ်နဲ့ လေဗာကူဆင်တို့လည်း အတူတူပါပဲ။

ဒီ ၈ သင်းဟာ သောကြာနေ့(ယနေ့)မဲခွဲပွဲမှာ Seeded အဖြစ် သတ်မှတ်ခံထားရမှာဖြစ်ပြီး ၃၂ သင်းရှုံးထွက်အဆင့်ကနေ တက်ရောက်လာတဲ့ ၈ သင်းရဲ့ ပူးပေါင်းခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ၃၂ သင်းရှုံးထွက်အဆင့်ကို အနိုင်ရခဲ့တဲ့ ၈ သင်းဟာ ယူရိုပါလိဂ် အုပ်စုအဆင့်မှာတုန်းက ဒုတိယရခဲ့တဲ့အသင်းတွေဖြစ်ပြီး သက်ဆိုင်ရာ အုပ်စု တတိယရခဲ့တဲ့ ၈ သင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်အသင်းတွေက ဒီပွဲစဉ်တွေမှာ ရေပန်းအစားဆုံးဖြစ်လိမ့်မယ်လို့ မျှော်မှန်းခဲ့ပေမယ့်လည်း ရှုံးထွက် ၈ ပွဲထဲက ၆ ပွဲဟာ ယူရိုပါလိဂ်မှာ ကစားနေခဲ့ပြီးဖြစ်တဲ့ အသင်းတွေက အနိုင်ရခဲ့တာဖြစ်ပါတယ်။ အနိုင်ရတဲ့အသင်းတွေဟာ သောကြာနေ့ မဲခွဲပွဲမှာ unseeded အဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး အဲဒီအသင်းတွေကတော့ ရိုးမား၊ အေစီမီလန်၊ ဖရိုင်းဘာ့ဂ်၊ စပို့တင်း၊ ဘင်ဖီကာ၊ ကွာရာဘတ်၊ စပါတာ ပရက်ဂ်၊ မာဆေးလ်တို့ ဖြစ်ပါတယ်။

အနိုင်ရသူ ၈ သင်းထဲမှာ အေစီမီလန်နဲ့ ဘင်ဖီကာတို့ ၂ သင်းတည်းသာ ချန်ပီယံလိဂ်ကနေ ဆင်းလာကြသူတွေဖြစ်ကြပြီး မဲခွဲပွဲကို ယူကေ စံချိန်တော် ယနေ့ည ၁၁ နာရီမှာ ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ၁၆ သင်းအဆင့် ရှုံးထွက် ၂ ကျော့ပွဲစဉ်တွေကို မတ်လ ၇ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ကစားသွားမှာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အတွက် မဲခွဲပွဲကိုတော့ မတ်လ ၁၅ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Seeded အသင်းများ-ဝက်စ်ဟမ်း၊ ဘရိုက်တန်၊ ရိန်းဂျားစ်၊ အတ္တလန္တာ၊ လီဗာပူးလ်၊ ဗီလာရီးရဲလ်၊ ဆလားဗီးယား ပရက်ဂ်၊ လေဗာကူဆင်။

Unseeded အသင်းများ-ရိုးမား၊ အေစီမီလန်၊ ဖရိုင်းဘာ့ဂ်၊ စပို့တင်း၊ ဘင်ဖီကာ၊ ကွာရာဘတ်၊ စပါတာ ပရက်ဂ်၊ မာဆေးလ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ိုပါလိဂ္ ၃၂ သင္းရႈံးထြက္အဆင့္ပြဲစဥ္ေတြဟာ ၾကာသပေတးေန႔ညမွာ ၿပီးဆုံးခဲ့ၿပီျဖစ္တာေၾကာင့္ က်န္တဲ့ ၁၆ သင္းဟာ ဒီေန႔ မဲခြဲပြဲမွာ ဘယ္အသင္းေတြနဲ႔ အတူတူ က်ေရာက္မလဲဆိုတာကို သိရေတာ့မွာ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အသင္း ၃ သင္းျဖစ္တဲ့ လီဗာပူးလ္၊ ဝက္စ္ဟမ္း၊ ဘ႐ိုက္တန္တို႔အားလုံးဟာ သက္ဆိုင္ရာ အုပ္စုေတြမွာ ဗိုလ္ျဖစ္ခဲ့ၿပီး ရိန္းဂ်ားစ္၊ အတၱလႏၲာ၊ ဗီလာရီးရဲလ္၊ ဆလားဗီးယား ပရက္ဂ္နဲ႔ ေလဗာကူဆင္တို႔လည္း အတူတူပါပဲ။

ဒီ ၈ သင္းဟာ ေသာၾကာေန႔(ယေန႔)မဲခြဲပြဲမွာ Seeded အျဖစ္ သတ္မွတ္ခံထားရမွာျဖစ္ၿပီး ၃၂ သင္းရႈံးထြက္အဆင့္ကေန တက္ေရာက္လာတဲ့ ၈ သင္းရဲ႕ ပူးေပါင္းျခင္းကို ခံရမွာ ျဖစ္ပါတယ္။ ၃၂ သင္းရႈံးထြက္အဆင့္ကို အႏိုင္ရခဲ့တဲ့ ၈ သင္းဟာ ယူ႐ိုပါလိဂ္ အုပ္စုအဆင့္မွာတုန္းက ဒုတိယရခဲ့တဲ့အသင္းေတြျဖစ္ၿပီး သက္ဆိုင္ရာ အုပ္စု တတိယရခဲ့တဲ့ ၈ သင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္အသင္းေတြက ဒီပြဲစဥ္ေတြမွာ ေရပန္းအစားဆုံးျဖစ္လိမ့္မယ္လို႔ ေမွ်ာ္မွန္းခဲ့ေပမယ့္လည္း ရႈံးထြက္ ၈ ပြဲထဲက ၆ ပြဲဟာ ယူ႐ိုပါလိဂ္မွာ ကစားေနခဲ့ၿပီးျဖစ္တဲ့ အသင္းေတြက အႏိုင္ရခဲ့တာျဖစ္ပါတယ္။ အႏိုင္ရတဲ့အသင္းေတြဟာ ေသာၾကာေန႔ မဲခြဲပြဲမွာ unseeded အျဖစ္ သတ္မွတ္ခံရမွာျဖစ္ၿပီး အဲဒီအသင္းေတြကေတာ့ ႐ိုးမား၊ ေအစီမီလန္၊ ဖ႐ိုင္းဘာ့ဂ္၊ စပို႔တင္း၊ ဘင္ဖီကာ၊ ကြာရာဘတ္၊ စပါတာ ပရက္ဂ္၊ မာေဆးလ္တို႔ ျဖစ္ပါတယ္။

အႏိုင္ရသူ ၈ သင္းထဲမွာ ေအစီမီလန္နဲ႔ ဘင္ဖီကာတို႔ ၂ သင္းတည္းသာ ခ်န္ပီယံလိဂ္ကေန ဆင္းလာၾကသူေတြျဖစ္ၾကၿပီး မဲခြဲပြဲကို ယူေက စံခ်ိန္ေတာ္ ယေန႔ည ၁၁ နာရီမွာ ဆြစ္ဇာလန္ႏိုင္ငံ ႏိုင္ယြန္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။ ၁၆ သင္းအဆင့္ ရႈံးထြက္ ၂ ေက်ာ့ပြဲစဥ္ေတြကို မတ္လ ၇ ရက္နဲ႔ ၁၄ ရက္ေန႔ေတြမွာ ကစားသြားမွာျဖစ္ၿပီး ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္အတြက္ မဲခြဲပြဲကိုေတာ့ မတ္လ ၁၅ ရက္ေန႔မွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

Seeded အသင္းမ်ား-ဝက္စ္ဟမ္း၊ ဘ႐ိုက္တန္၊ ရိန္းဂ်ားစ္၊ အတၱလႏၲာ၊ လီဗာပူးလ္၊ ဗီလာရီးရဲလ္၊ ဆလားဗီးယား ပရက္ဂ္၊ ေလဗာကူဆင္။

Unseeded အသင္းမ်ား-႐ိုးမား၊ ေအစီမီလန္၊ ဖ႐ိုင္းဘာ့ဂ္၊ စပို႔တင္း၊ ဘင္ဖီကာ၊ ကြာရာဘတ္၊ စပါတာ ပရက္ဂ္၊ မာေဆးလ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.