Match Report UCL&UEL

ဖီယင်နုကို ရေကုန်ရေခမ်းကန်ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ နောက်တဆင့် တက်တဲ့ ရိုးမား

ကြာသပတေးနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရိုးမားနဲ့ ဖီယင်နုတို့ရဲ့ ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီး ၂ ကျော့ပေါင်း ၂-၂ ဖြစ်နေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ ရိုးမားက ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ရိုးမားဟာ အိုလင်ပီကိုမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်းအစကတည်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း တန်ပြန်တိုက်စစ်ကနေ ပိုင်လျှိုက ဘယ်တောင်ပံအတိုင်း ဆွဲပြေးလာပြီး ပင်နယ်တီဧရိယာထဲကို ပေးပို့ခဲ့ရာမှာ နယူးကုတ် ကန်လိုက်တဲ့ ဘောလုံးက ဆန်တီယာဂို ဟီမီနက်ဇ်ကို ထိမှန်ပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၁၅ မိနစ်မှာ ပယ်လီဂရီနီက အိမ်ရှင်တွေအတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့တာဖြစ်ပြီး အယ်ရှာရာဝီ ဘယ်တောင်ပံကနေ ထိုးဖောက်တိုက်စစ်ဆင်လာခဲ့ပြီးနောက် ပေးပို့လိုက်တဲ့ ဘောလုံးကို ရိုးမားအသင်းခေါင်းဆောင်က ဂိုးညာဘက်အပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ရိုးမားတို့ တချိန်လုံး လွှမ်းမိုးကစားနိုင်ခဲ့ပေမယ့်လည်း ဖီယင်နု ကစားသမားတွေက ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုတွေနဲ့ ပွဲအရှိန်ကို ရပ်တန့်ဖို့ ကြိုးပမ်းခဲ့မှုက အောင်မြင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်လို့ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရာမှာလည်း အနိုင်အရှုံး အဖြေမပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ရိုးမားဘက်က လူကာကူတစ်ယောက်သာ ပင်နယ်တီ မဝင်ခဲ့ပေမယ့် ဖီယင်နုဘက်က ဟန်ကို၊ ဂျာဟန်ဘက်ရှ်တို့ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် အိမ်ရှင်တွေက ၄-၂ နဲ့ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၾကာသပေတးေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ႐ိုးမားနဲ႔ ဖီယင္ႏုတို႔ရဲ႕ ပြဲစဥ္မွာ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့ၿပီး ၂ ေက်ာ့ေပါင္း ၂-၂ ျဖစ္ေနခဲ့တာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရာမွာ ႐ိုးမားက ၄-၂ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

႐ိုးမားဟာ အိုလင္ပီကိုမွာ ကစားခဲ့တဲ့ပြဲစဥ္မွာ ပထမပိုင္းအစကတည္းက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ဖိအားေပးကစားႏိုင္ခဲ့ေပမယ့္လည္း တန္ျပန္တိုက္စစ္ကေန ပိုင္လွ်ိဳက ဘယ္ေတာင္ပံအတိုင္း ဆြဲေျပးလာၿပီး ပင္နယ္တီဧရိယာထဲကို ေပးပို႔ခဲ့ရာမွာ နယူးကုတ္ ကန္လိုက္တဲ့ ေဘာလုံးက ဆန္တီယာဂို ဟီမီနက္ဇ္ကို ထိမွန္ၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၁၅ မိနစ္မွာ ပယ္လီဂရီနီက အိမ္ရွင္ေတြအတြက္ ေခ်ပဂိုးကို ျပန္လည္ သြင္းယူေပးခဲ့တာျဖစ္ၿပီး အယ္ရွာရာဝီ ဘယ္ေတာင္ပံကေန ထိုးေဖာက္တိုက္စစ္ဆင္လာခဲ့ၿပီးေနာက္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ႐ိုးမားအသင္းေခါင္းေဆာင္က ဂိုးညာဘက္အေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ႐ိုးမားတို႔ တခ်ိန္လုံး လႊမ္းမိုးကစားႏိုင္ခဲ့ေပမယ့္လည္း ဖီယင္ႏု ကစားသမားေတြက ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္မႈေတြနဲ႔ ပြဲအရွိန္ကို ရပ္တန႔္ဖို႔ ႀကိဳးပမ္းခဲ့မႈက ေအာင္ျမင္ခဲ့တယ္လို႔ ဆိုရမွာ ျဖစ္ၿပီး ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ျပည့္လို႔ အခ်ိန္ပို ဆက္လက္ယွဥ္ၿပိဳင္ခဲ့ရာမွာလည္း အႏိုင္အရႈံး အေျဖမေပၚခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရၿပီး ႐ိုးမားဘက္က လူကာကူတစ္ေယာက္သာ ပင္နယ္တီ မဝင္ခဲ့ေပမယ့္ ဖီယင္ႏုဘက္က ဟန္ကို၊ ဂ်ာဟန္ဘက္ရွ္တို႔ ပင္နယ္တီ လြဲေခ်ာ္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြက ၄-၂ နဲ႔ အႏိုင္ရသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.