UCL&UEL

လေဗာကူဆင်၊ အေစီနဲ့ လီဗာပူးလ်တို့ ပွဲချောင်ခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်

လီဗာပူးလ်၊ ဝက်စ်ဟမ်းနဲ့ ဘရိုက်တန်တို့ဟာ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်တွေက ဘယ်အသင်းတွေလဲဆိုတာကို သိခဲ့ရပြီဖြစ်ပါတယ်။

ဥရောပ ၆ ကြိမ်ချန်ပီယံတွေဖြစ်တဲ့ လီဗာပူးလ်ဟာ စပါတာ ပရက်ဂ်နဲ့ ကျရောက်နေတာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့က သေချာနေပြီဖြစ်ပြီး ဘရိုက်တန်ကတော့ စီးရီးအေထိပ်သီးအသင်းကြီး ရိုးမားနဲ့ တွေ့ဆုံရမှာမို့လို့ မျက်ခုံးလှုပ်နေရပါပြီ။

ဝက်စ်ဟမ်းကတော့ ဘွန်ဒက်စ်လီဂါကလပ် ဖရိုင်းဘာ့ဂ်နဲ့ တွေ့ဆုံနေပြီး ရိန်းဂျားစ်ကတော့ ပေါ်တူဂီချန်ပီယံတွေဖြစ်တဲ့ ဘင်ဖီကာနဲ့ ကျရောက်နေခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ၃ သင်းဟာ ပထမအကျော့ပွဲစဉ်ကို မတ်လ ၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြိး ဒုတိယအကျော့ကိုတော့ မတ်လ ၁၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲရလဒ်များ

စပါတာ ပရက်ဂ်-လီဗာပူးလ်
မာဆေးလ်-ဗီလာရီးရဲလ်
ရိုးမား-ဘရိုက်တန်
ဘင်ဖီကာ-ရိန်းဂျားစ်
ဖရိုင်းဘာ့ဂ်-ဝက်စ်ဟမ်း
စပို့တင်း-အတ္တလန္တာ
အေစီမီလန်-ဆလားဗီးယား ပရက်ဂ်
ကွာရာဘတ်-လေဗာကူဆင်

ဒီနှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အူနိုင်း အမ်မရီရဲ့ အက်စတန် ဗီလာကတော့ ယူရိုပါကွန်းဖရင့်လိဂ်မှာ အိုင်းယက်စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ယူရိုပါကွန်းဖရင့်လိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲရလဒ်များ

ဆာဗတ်-ဗစ်တိုးရီးယား ပလာဇန်
အိုင်းယက်-အက်စတန် ဗီလာ
မိုလ်ဒီ-ကလပ် ဘရုဂျ်
ယူနီယံစိန့်ဂီးလွိုက်စ်-ဖီနာဘာချီ
ဒိုင်နမို ဇာဂရက်-ပီအေအိုကေ
စတူရမ်ဂရက်-လိုင်လီ
မက္ကာဘီဟိုင်ဖာ-ဖီအိုရင်တီးနား
အိုလင်ပီယာကို့စ်-မက္ကာဘီ တဲလ်အဗစ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္၊ ဝက္စ္ဟမ္းနဲ႔ ဘ႐ိုက္တန္တို႔ဟာ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ၿပိဳင္ဘက္ေတြက ဘယ္အသင္းေတြလဲဆိုတာကို သိခဲ့ရၿပီျဖစ္ပါတယ္။

ဥေရာပ ၆ ႀကိမ္ခ်န္ပီယံေတြျဖစ္တဲ့ လီဗာပူးလ္ဟာ စပါတာ ပရက္ဂ္နဲ႔ က်ေရာက္ေနတာေၾကာင့္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔က ေသခ်ာေနၿပီျဖစ္ၿပီး ဘ႐ိုက္တန္ကေတာ့ စီးရီးေအထိပ္သီးအသင္းႀကီး ႐ိုးမားနဲ႔ ေတြ႕ဆုံရမွာမို႔လို႔ မ်က္ခုံးလႈပ္ေနရပါၿပီ။

ဝက္စ္ဟမ္းကေတာ့ ဘြန္ဒက္စ္လီဂါကလပ္ ဖ႐ိုင္းဘာ့ဂ္နဲ႔ ေတြ႕ဆုံေနၿပီး ရိန္းဂ်ားစ္ကေတာ့ ေပၚတူဂီခ်န္ပီယံေတြျဖစ္တဲ့ ဘင္ဖီကာနဲ႔ က်ေရာက္ေနခဲ့တာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကလပ္ ၃ သင္းဟာ ပထမအေက်ာ့ပြဲစဥ္ကို မတ္လ ၇ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပိး ဒုတိယအေက်ာ့ကိုေတာ့ မတ္လ ၁၄ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ မဲခြဲရလဒ္မ်ား

စပါတာ ပရက္ဂ္-လီဗာပူးလ္
မာေဆးလ္-ဗီလာရီးရဲလ္
႐ိုးမား-ဘ႐ိုက္တန္
ဘင္ဖီကာ-ရိန္းဂ်ားစ္
ဖ႐ိုင္းဘာ့ဂ္-ဝက္စ္ဟမ္း
စပို႔တင္း-အတၱလႏၲာ
ေအစီမီလန္-ဆလားဗီးယား ပရက္ဂ္
ကြာရာဘတ္-ေလဗာကူဆင္

ဒီႏွစ္ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကို အိုင္ယာလန္ႏိုင္ငံ ဒဗၺလင္ၿမိဳ႕မွာ က်င္းပသြားမွာျဖစ္ၿပီး အူႏိုင္း အမ္မရီရဲ႕ အက္စတန္ ဗီလာကေတာ့ ယူ႐ိုပါကြန္းဖရင့္လိဂ္မွာ အိုင္းယက္စ္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

ယူ႐ိုပါကြန္းဖရင့္လိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ မဲခြဲရလဒ္မ်ား

ဆာဗတ္-ဗစ္တိုးရီးယား ပလာဇန္
အိုင္းယက္-အက္စတန္ ဗီလာ
မိုလ္ဒီ-ကလပ္ ဘ႐ုဂ်္
ယူနီယံစိန႔္ဂီးလြိဳက္စ္-ဖီနာဘာခ်ီ
ဒိုင္နမို ဇာဂရက္-ပီေအအိုေက
စတူရမ္ဂရက္-လိုင္လီ
မကၠာဘီဟိုင္ဖာ-ဖီအိုရင္တီးနား
အိုလင္ပီယာကို႔စ္-မကၠာဘီ တဲလ္အဗစ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.