Match Report UCL&UEL

ဘူရီဂျိုရဲ့ဟက်ထရစ်ကို ခွင့်ပြုခဲ့ရပေမယ့် ၂ ကျော့ပေါင်းရလဒ်နဲ့ ၁၆ သင်းအဆင့် တက်တဲ့ အေစီ

အေစီမီလန်ဟာ ရင်းနေးအိမ်ကွင်းမှာ ကစားခဲ့တဲ့ ကြာသပတေးနေ့ည ပွဲစဉ်မှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပထမအကျော့က အီတလီမှာ ၃-၀ နဲ့ ဂိုးပြတ်အနိုင်ယူခြင်းခံခဲ့ရတဲ့ ရင်းနေးဟာ ပထမပိုင်း ၁၁ မိနစ်မှာပဲ ဘင်ဂျမင် ဘူရီဂျိုက ဂိုးသွင်းယူသွားခဲ့ချိန်မှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ဖို့ ပရိသတ်တွေကို မျှော်လင့်ချက် ပေးခဲ့တာဖြစ်ပါတယ်။

အေစီမီလန်က လူကာ ဂျိုဗစ်ရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ပြန်လည် ချေပခဲ့ပြီးနောက် ဘူရီဂျိုကပဲ ပင်နယ်တီကနေတဆင့် အိမ်ရှင် ရင်းနေးတို့အတွက် ဦးဆောင်ဂိုး ထပ်မံ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည်တွေဟာ ရာဖေးလ် လီအိုရဲ့ သွင်းဂိုးနဲ့ နောက်ထပ်တစ်ကြိမ် ချေပသွားခဲ့ပေမယ့်လည်း ဘူရီဂျိုက နောက်ထပ်တစ်ကြိမ် ရရှိခဲ့တဲ့ ပင်နယ်တီကနေတဆင့် ဟက်ထရစ်သွင်းဂိုးနဲ့အတူ အနိုင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိမ်ရှင်တွေအတွက်တော့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် မလုံလောက်ခဲ့ဘဲ အေစီမီလန်က ၂ ကျော့ပေါင်း ၅-၃ နဲ့ နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ချဲလ်ဆီးကြယ်ပွင့်ဟောင်း လော့ဖ်တပ်စ်-ချိခ်က ပထမအကျော့တုန်းက ၂ ဂိုး သွင်းယူပေးခဲ့ပြီး ရင်းနေးအိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာတော့ ဒုတိယပိုင်းမှ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အေစီမီလန်ဟာ ယနေ့ မဲခွဲပွဲမှာ unseeded အဖြစ် ရှိနေမှာဖြစ်ပြီး အဓိပ္ပာယ်ကတော့ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ဘရိုက်တန်၊ ရိန်းဂျားစ်တို့အပါအဝင် Seeded အဖြစ်ရှိနေတဲ့ ဗြိတိန်အသင်းအများအပြားထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေအစီမီလန္ဟာ ရင္းေနးအိမ္ကြင္းမွာ ကစားခဲ့တဲ့ ၾကာသပေတးေန႔ည ပြဲစဥ္မွာ ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လည္း ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပထမအေက်ာ့က အီတလီမွာ ၃-၀ နဲ႔ ဂိုးျပတ္အႏိုင္ယူျခင္းခံခဲ့ရတဲ့ ရင္းေနးဟာ ပထမပိုင္း ၁၁ မိနစ္မွာပဲ ဘင္ဂ်မင္ ဘူရီဂ်ိဳက ဂိုးသြင္းယူသြားခဲ့ခ်ိန္မွာ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ဖို႔ ပရိသတ္ေတြကို ေမွ်ာ္လင့္ခ်က္ ေပးခဲ့တာျဖစ္ပါတယ္။

ေအစီမီလန္က လူကာ ဂ်ိဳဗစ္ရဲ႕ ေခါင္းတိုက္သြင္းဂိုးနဲ႔ ျပန္လည္ ေခ်ပခဲ့ၿပီးေနာက္ ဘူရီဂ်ိဳကပဲ ပင္နယ္တီကေနတဆင့္ အိမ္ရွင္ ရင္းေနးတို႔အတြက္ ဦးေဆာင္ဂိုး ထပ္မံ သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ေတြဟာ ရာေဖးလ္ လီအိုရဲ႕ သြင္းဂိုးနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ေခ်ပသြားခဲ့ေပမယ့္လည္း ဘူရီဂ်ိဳက ေနာက္ထပ္တစ္ႀကိမ္ ရရွိခဲ့တဲ့ ပင္နယ္တီကေနတဆင့္ ဟက္ထရစ္သြင္းဂိုးနဲ႔အတူ အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိမ္ရွင္ေတြအတြက္ေတာ့ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ မလုံေလာက္ခဲ့ဘဲ ေအစီမီလန္က ၂ ေက်ာ့ေပါင္း ၅-၃ နဲ႔ ေနာက္တဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း ေလာ့ဖ္တပ္စ္-ခ်ိခ္က ပထမအေက်ာ့တုန္းက ၂ ဂိုး သြင္းယူေပးခဲ့ၿပီး ရင္းေနးအိမ္ကြင္းမွာ ကစားခဲ့တဲ့ပြဲစဥ္မွာေတာ့ ဒုတိယပိုင္းမွ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ေအစီမီလန္ဟာ ယေန႔ မဲခြဲပြဲမွာ unseeded အျဖစ္ ရွိေနမွာျဖစ္ၿပီး အဓိပၸာယ္ကေတာ့ လီဗာပူးလ္၊ ဝက္စ္ဟမ္း၊ ဘ႐ိုက္တန္၊ ရိန္းဂ်ားစ္တို႔အပါအဝင္ Seeded အျဖစ္ရွိေနတဲ့ ၿဗိတိန္အသင္းအမ်ားအျပားထဲက တစ္သင္းသင္းနဲ႔ ေတြ႕ဆုံသြားဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.