Premier League

ေနာက္ဆုံးရ မန္ခ်က္စတာယူႏိုက္တက္သတင္းမ်ား စုစည္းမွဳ – ၂၂.၁၀.၂၀၂၀

– အတၱလန္တာနဲ႔ မစ္ေဂ်းလန္းတုိ႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ေမွ်ာ္လင့္တႀကီး ေစာင့္စားခဲ့ၾကတဲ့ မန္ခ်က္စတာယူႏုိက္တက္ ပရိသတ္ေတြအေနနဲ႔ သူတုိ႔ရဲ႕ ကစားသမားသစ္ျဖစ္လာမယ့္ အာမက္ ဂ်ယ္လို ထရာအုိေရး ပါဝင္မလာခဲ့တာေၾကာင့္ စိတ္ပ်က္ေနၾကၿပီး ဒီရာသီမွာ တစ္ပြဲမွ အသုံးမျပဳေသးတာကလည္း စိုးရိမ္စရာျဖစ္ေန။

– ယူႏိုက္တက္အတြက္ ေျခစြမ္းျပေနတဲ့ တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ပါတီေတြ ႏုိင္ငံေရးေတြကို ေမ့ထားၿပီး ဗုိက္ေဟာင္းေလာင္းနဲ႔ အိပ္ယာဝင္ရမယ့္ မရွိဆင္းရဲတဲ့ ကေလးေတြ ရွိမလာေစဖို႔ အစိုးရအေနနဲ႔ လူသားဆန္သင့္တယ္လို႔ ညစာ အခမဲ့ ေကၽြးတဲ့ အစီအစဥ္ကို ရပ္တန္႔ခဲ့တဲ့ အစိုးရကို ဆက္လက္ေဝဖန္။

– ပီအက္စ္ဂ်ီနဲ႔ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္အသင္း ဘယ္ေတာင္ပံအတြက္ လက္ရွိအေနအထားကေန ခြဲထြက္ၿပီး ေကာင္းမြန္တဲ့ တိုက္စစ္နဲ႔ ဖန္တီးမွဳကို ျပသႏုိင္ခဲ့တဲ့ အဲလက္စ္ တဲလက္စ္ကို ပရိသတ္ေတြ ခ်ီးက်ဴးေနၾကၿပီး ခုခံဖို႔ မျဖစ္ႏိုင္ဘူးလို႔ ဆုိေနၾက။

– လူငယ္ေနာက္ခံလူ အိတ္ဇယ္ တြမ္ဇီဘီရဲ႕ ပီအက္စ္ဂ်ီနဲ႔ပြဲက ေျခစြမ္းကို တျခားကစားသမားေတြကလည္း ခ်ီးက်ဴးေနၾကၿပီး ဒီထဲမွာ ခ်ဲလ္ဆီးတုိက္စစ္မွဴး ေအဘရာဟမ္၊ အက္စ္တန္ဗီလာအသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္၊ တုိက္စစ္မွဴး ကီနန္ ေဒးဗစ္၊ အသင္းေဖာ္ ဖိုဆူမန္ဆားနဲ႔ တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္တုိ႔ ပါဝင္ေနၾက။

– အိုင္ဗရီကို႔စ္ေနာက္ခံလူ အဲရစ္ ဘုိင္လီကေတာ့ ဒဏ္ရာေၾကာင့္ ေလးပတ္အထိ အနားယူရေတာ့မွာျဖစ္သလို အသင္းရဲ႕ အေရးပါတဲ့ ပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ၂၀၁၉-၂၀ ရာသီကေန ခုခ်ိန္အထိ ၁၅ ပြဲသာ ကစားေပးႏုိင္ေသးတယ္လုိ႔ မွတ္တမ္းေတြ ေဖာ္ျပ။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ လူငယ္ၾကယ္ပြင့္ ေမဆန္ ဂရင္းဝုဒ္ကို သူ႕ရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ အခ်ိန္မမွန္မွဳေၾကာင့္ ခ်န္လွပ္ထားခဲ့တာျဖစ္တယ္လုိ႔ သတင္းေတြ ထြက္ေပၚလာၿပီး နည္းျပ ဆုိးလ္ရွားကေတာ့ ျငင္းဆန္မသြားခဲ့သလို ဒီအသက္အရြယ္မွာ ျပစ္တင္ဖို႔ မျဖစ္ႏုိင္ေသးဘဲ လူငယ္သဘာဝသာျဖစ္ေၾကာင္း ကာကြယ္ေျပာၾကား။

– နည္းျပ ဆုိးလ္ရွားအေနနဲ႔ ေပါ့ဘာရဲ႕ အေကာင္းဆုံးေနရာကို ရွာေဖြႏုိင္ဖြယ္ရွိေနၿပီး ကြင္းလယ္မွာ အထိုင္ကစားဖို႔ထက္ ပီအက္စ္ဂ်ီနဲ႔ ပြဲကလို တုိက္စစ္မွာ လုိက္ပါကစားေစဖို႔ျဖစ္တယ္လို႔ ကၽြမ္းက်င္သူေတြ သုံးသပ္ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အတ္တလန်တာနဲ့ မစ်ဂျေးလန်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို မျှော်လင့်တကြီး စောင့်စားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ ကစားသမားသစ်ဖြစ်လာမယ့် အာမက် ဂျယ်လို ထရာအိုရေး ပါဝင်မလာခဲ့တာကြောင့် စိတ်ပျက်နေကြပြီး ဒီရာသီမှာ တစ်ပွဲမှ အသုံးမပြုသေးတာကလည်း စိုးရိမ်စရာဖြစ်နေ။

– ယူနိုက်တက်အတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က ပါတီတွေ နိုင်ငံရေးတွေကို မေ့ထားပြီး ဗိုက်ဟောင်းလောင်းနဲ့ အိပ်ယာဝင်ရမယ့် မရှိဆင်းရဲတဲ့ ကလေးတွေ ရှိမလာစေဖို့ အစိုးရအနေနဲ့ လူသားဆန်သင့်တယ်လို့ ညစာ အခမဲ့ ကျွေးတဲ့ အစီအစဉ်ကို ရပ်တန့်ခဲ့တဲ့ အစိုးရကို ဆက်လက်ဝေဖန်။

– ပီအက်စ်ဂျီနဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်း ဘယ်တောင်ပံအတွက် လက်ရှိအနေအထားကနေ ခွဲထွက်ပြီး ကောင်းမွန်တဲ့ တိုက်စစ်နဲ့ ဖန်တီးမှုကို ပြသနိုင်ခဲ့တဲ့ အဲလက်စ် တဲလက်စ်ကို ပရိသတ်တွေ ချီးကျူးနေကြပြီး ခုခံဖို့ မဖြစ်နိုင်ဘူးလို့ ဆိုနေကြ။

– လူငယ်နောက်ခံလူ အိတ်ဇယ် တွမ်ဇီဘီရဲ့ ပီအက်စ်ဂျီနဲ့ပွဲက ခြေစွမ်းကို တခြားကစားသမားတွေကလည်း ချီးကျူးနေကြပြီး ဒီထဲမှာ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်၊ အက်စ်တန်ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ်၊ တိုက်စစ်မှူး ကီနန် ဒေးဗစ်၊ အသင်းဖော် ဖိုဆူမန်ဆားနဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်တို့ ပါဝင်နေကြ။

– အိုင်ဗရီကို့စ်နောက်ခံလူ အဲရစ် ဘိုင်လီကတော့ ဒဏ်ရာကြောင့် လေးပတ်အထိ အနားယူရတော့မှာဖြစ်သလို အသင်းရဲ့ အရေးပါတဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်တော့မှာဖြစ်ပြီး ၂၀၁၉-၂၀ ရာသီကနေ ခုချိန်အထိ ၁၅ ပွဲသာ ကစားပေးနိုင်သေးတယ်လို့ မှတ်တမ်းတွေ ဖော်ပြ။

– မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် မေဆန် ဂရင်းဝုဒ်ကို သူ့ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အချိန်မမှန်မှုကြောင့် ချန်လှပ်ထားခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီး နည်းပြ ဆိုးလ်ရှားကတော့ ငြင်းဆန်မသွားခဲ့သလို ဒီအသက်အရွယ်မှာ ပြစ်တင်ဖို့ မဖြစ်နိုင်သေးဘဲ လူငယ်သဘာဝသာဖြစ်ကြောင်း ကာကွယ်ပြောကြား။

– နည်းပြ ဆိုးလ်ရှားအနေနဲ့ ပေါ့ဘာရဲ့ အကောင်းဆုံးနေရာကို ရှာဖွေနိုင်ဖွယ်ရှိနေပြီး ကွင်းလယ်မှာ အထိုင်ကစားဖို့ထက် ပီအက်စ်ဂျီနဲ့ ပွဲကလို တိုက်စစ်မှာ လိုက်ပါကစားစေဖို့ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ထား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.