Premier League

လီကန်းအင်နဲ့ ထိုးခဲ့တဲ့ကိစ္စ စာအရှည်ကြီးတင်ပြီး ရှင်းလိုက်တဲ့ ဆွန်ဟောင်မင်

ဆွန်ဟောင်မင်ဟာ အာရှဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းဖော် လီကန်းအင်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အကြောင်းကို ၎င်းတို့ ၂ ဦး လန်ဒန်မှာ တွေ့ဆုံပြီး အချင်းချင်း တောင်းပန်ခဲ့ကြပြီးနောက် ရှင်းလင်းလိုက်ပြီဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်ဟာ တောင်ကိုရီးယားက ဂျော်ဒန်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတဲ့ပွဲမတိုင်ခင်ညမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲကြောင့် လက်ညှိုးအဆစ်လွဲသွားခဲ့ပြီးနောက် ညာဘက်လက်ကို ပတ်တီးစည်းထားခဲ့ရတာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ လက်ရွေးစင်အသင်းထဲက လူငယ်ကစားသမားအများအပြားဟာ စားပွဲတင်တင်းနစ်ကစားဖို့အတွက် အသင်းလိုက် ထမင်းစားပွဲကနေ အသည်းအသန် ထပြေးသွားခဲ့တာကို မပျော်မရွှင်ဖြစ်ခဲ့ပြီး ၎င်းနဲ့ အခြား စီနီယာကစားသမားတွေက သွားပြောတဲ့အချိန်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူး လီကန်းအင်ဟာ စီနီယာလည်းဖြစ်၊ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဆွန်ဟောင်မင်ကို လေးစားမှုမရှိတဲ့အပြုအမူအချို့ လုပ်ခဲ့တယ်လို့ ယုံကြည်ရပြီး စပါးစ်ကြယ်ပွင့်လက်မှာ ဒဏ်ရာရတဲ့အထိ ပွဲကြမ်းခဲ့တာကြောင့် လူချင်း ခွဲခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ကစားသမား ၂ ဦးစလုံးက လန်ဒန်မှာ တွေ့ဆုံခဲ့ပြီးနောက် တောင်းပန်ခဲ့ကြပြီး ဖြစ်ခဲ့သမျှတွေ သင်ပုန်းချေလိုက်ပြီဖြစ်တာကြောင့် ဆွန်ဟောင်မင်က တောင်ကိုရီးယားပရိသတ်တွေကို အမှားလုပ်ခဲ့တဲ့ လီကန်းအင်အပေါ် ခွင့်လွှတ်ပေးကြဖို့ တောင်းဆိုခဲ့သလို ရန်ပွဲဖြစ်တဲ့အထိ မဖြစ်အောင် အခြေအနေတွေကို ကိုင်တွယ်နိုင်ခဲ့သင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီကန်းအင်နဲ့ အတူတူ ရိုက်ကူးထားတဲ့ဓာတ်ပုံနဲ့အတူ ဆွန်ဟောင်မင်က အင်စတာဂရမ်ပေါ်မှာ “ဒီနေ့မှာ ကျွန်တော် ပြင်းထန်ပြီး ခက်ခဲတဲ့ကိစ္စတစ်ခုကို ဖြေရှင်းချင်ပါတယ်။ ကန်းအင်က သူ့ရဲ့လုပ်ရပ်အပေါ်မှာ စိတ်ရင်းနဲ့ ရင်ထဲကလာတဲ့ တောင်းပန်စကားကို ကျွန်တော်နဲ့ လက်ရွေးစင်အသင်းဖော်အားလုံးကို ပြောခဲ့ပါတယ်။ ကျွန်တော်လည်း အမှားတွေ အများကြီးလုပ်ခဲ့ဖူးပြီး ငယ်တုန်းက မလိုလားအပ်တဲ့ အပြုအမူတွေ ပြသခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့တဲ့အကြိမ်တိုင်းမှာ ကျွန်တော့်ကို ထက်မြက်တဲ့ အကြံပေးစကားတွေနဲ့ စီနီယာကောင်းတွေရဲ့ သင်ပြမှုကို ရရှိခဲ့ကြောင့် ဒီနေ့လို ဖြစ်လာစေခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကန်းအင်က နောက်ထပ် ဒီလို မလျော်ကန်တဲ့ အပြုအမူမျိုး ထပ်မလုပ်တော့အောင် ကျွန်တော်တို့ စီနီယာကစားသမားတွေနဲ့ လက်ရွေးစင်အသင်းခေါင်းဆောင်တွေအားလုံးက သူ့ကို ပိုကောင်းတဲ့ လူပုဂ္ဂိုလ်တစ်ယောက်နဲ့ ကစားသမားတစ်ယောက်အဖြစ် ကြီးပြင်းလာအောင် အားပေးကူညီရပါလိမ့်မယ်။ ကျွန်တော် အခြေအနေကို ကိုင်တွယ်နိုင်ခဲ့တယ်လို့ မယုံကြည်ဘဲ ကျွန်တော့်လုပ်ရပ်က ဝေဖန်မှုတွေနဲ့ ထိုက်တန်တယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းရဲ့အကျိုးအတွက် ဒီလိုမျိုး စိတ်မသက်သာစရာလုပ်ရပ်မျိုးကို တာဝန်ယူဖို့က ကျွန်တော့် တာဝန်တွေထဲက တစ်ခုလို့ ယုံကြည်ပါတယ်။ ကျွန်တော် ဒီလို အခြေအနေမျိုးနဲ့ နောကထပ်ရင်ဆိုင်ခဲ့ရင်တောင် ကျွန်တော် အသင်းရဲ့ အကျိုးအတွက် အကောင်းဆုံးဖြစ်အောင် ပြုမူသွားမှာပါ။ ဒါပေမယ့် ကျွန်တော် အသင်းဖော်တွေကို ပိုပြီး ပါးပါးနပ်နပ်၊ ဉာဏ်ပညာရှိရှိနဲ့ နောင်ကို ဦးဆောင်သွားမှာပါ။ အဲဒီဖြစ်စဉ်အပြီးကတည်းက ကန်းအင်က အရမ်းခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ သူ့ကို ကြင်နာတတ်တဲ့ နှလုံးသားနဲ့အတူ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးလိုက်ကြပါ။ လက်ရွေးစင်အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော် ခွင့်လွှတ်မှုပေးဖို့အတွက် အလေးအနက် တောင်းဆိုပါတယ်။ လက်ရွေးစင်အသင်းထဲမှာ အဖွဲ့တွေ ကွဲနေတယ်ဆိုတဲ့ ကောလာလဟတွေကလည်း အမှန်တရားနဲ့ လားလားမှ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့က အမြဲတမ်း တစ်သင်းတည်းဖြစ်နေတာ မြင်ချင်ပြီး ပန်းတိုင်တစ်ခုတည်းပဲ ရှိပါတယ်။ ဘောလုံးကြောင့် ချစ်ခြင်းတရားတွေ အများကြီးရခဲ့ပေမယ့်လည်း ဒီလိုမျိုး စိတ်အနှောင့်အယှက်ဖြစ်စာကိစ္စမျိုး ဖြစ်စေခဲ့တဲ့အတွက် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ရှေ့ဆက်သွားကြမယ်။ ကျွန်တော်တို့ တောင်ကိုရီးယားအသင်းကို ဒီအတွေ့အကြုံကနေ ပိုပြီး အားကောင်းကောင်းနဲ့ ကြီးထွားလာအောင် အလုပ်ကို ပိုလို့တောင် ကြိုးစားသွားမှာပါ။ နောက်ထပ်တစ်ကြိမ် ကျွန်တော် တောင်ကိုရီးယားအသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ စိတ်ရင်းအမှန်နဲ့ တောင်းပန်ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆြန္ေဟာင္မင္ဟာ အာရွဖလားၿပိဳင္ပြဲမွာ ေတာင္ကိုရီးယားအသင္းေဖာ္ လီကန္းအင္နဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့တဲ့အေၾကာင္းကို ၎တို႔ ၂ ဦး လန္ဒန္မွာ ေတြ႕ဆုံၿပီး အခ်င္းခ်င္း ေတာင္းပန္ခဲ့ၾကၿပီးေနာက္ ရွင္းလင္းလိုက္ၿပီျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ဟာ ေတာင္ကိုရီးယားက ေဂ်ာ္ဒန္ကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ၿပီး ဆီမီးဖိုင္နယ္ကေန ထြက္ခြာခဲ့ရတဲ့ပြဲမတိုင္ခင္ညမွာ ျဖစ္ပြားခဲ့တဲ့ ရန္ပြဲေၾကာင့္ လက္ညႇိဳးအဆစ္လြဲသြားခဲ့ၿပီးေနာက္ ညာဘက္လက္ကို ပတ္တီးစည္းထားခဲ့ရတာျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ ဆြန္ေဟာင္မင္ဟာ လက္ေ႐ြးစင္အသင္းထဲက လူငယ္ကစားသမားအမ်ားအျပားဟာ စားပြဲတင္တင္းနစ္ကစားဖို႔အတြက္ အသင္းလိုက္ ထမင္းစားပြဲကေန အသည္းအသန္ ထေျပးသြားခဲ့တာကို မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၿပီး ၎နဲ႔ အျခား စီနီယာကစားသမားေတြက သြားေျပာတဲ့အခ်ိန္မွာ ခိုက္ရန္ျဖစ္ပြားခဲ့ၾကတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတိုက္စစ္မႉး လီကန္းအင္ဟာ စီနီယာလည္းျဖစ္၊ အသင္းေခါင္းေဆာင္လည္းျဖစ္တဲ့ ဆြန္ေဟာင္မင္ကို ေလးစားမႈမရွိတဲ့အျပဳအမူအခ်ိဳ႕ လုပ္ခဲ့တယ္လို႔ ယုံၾကည္ရၿပီး စပါးစ္ၾကယ္ပြင့္လက္မွာ ဒဏ္ရာရတဲ့အထိ ပြဲၾကမ္းခဲ့တာေၾကာင့္ လူခ်င္း ခြဲခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ကစားသမား ၂ ဦးစလုံးက လန္ဒန္မွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ ေတာင္းပန္ခဲ့ၾကၿပီး ျဖစ္ခဲ့သမွ်ေတြ သင္ပုန္းေခ်လိုက္ၿပီျဖစ္တာေၾကာင့္ ဆြန္ေဟာင္မင္က ေတာင္ကိုရီးယားပရိသတ္ေတြကို အမွားလုပ္ခဲ့တဲ့ လီကန္းအင္အေပၚ ခြင့္လႊတ္ေပးၾကဖို႔ ေတာင္းဆိုခဲ့သလို ရန္ပြဲျဖစ္တဲ့အထိ မျဖစ္ေအာင္ အေျခအေနေတြကို ကိုင္တြယ္ႏိုင္ခဲ့သင့္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီကန္းအင္နဲ႔ အတူတူ ႐ိုက္ကူးထားတဲ့ဓာတ္ပုံနဲ႔အတူ ဆြန္ေဟာင္မင္က အင္စတာဂရမ္ေပၚမွာ “ဒီေန႔မွာ ကြၽန္ေတာ္ ျပင္းထန္ၿပီး ခက္ခဲတဲ့ကိစၥတစ္ခုကို ေျဖရွင္းခ်င္ပါတယ္။ ကန္းအင္က သူ႔ရဲ႕လုပ္ရပ္အေပၚမွာ စိတ္ရင္းနဲ႔ ရင္ထဲကလာတဲ့ ေတာင္းပန္စကားကို ကြၽန္ေတာ္နဲ႔ လက္ေ႐ြးစင္အသင္းေဖာ္အားလုံးကို ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္လည္း အမွားေတြ အမ်ားႀကီးလုပ္ခဲ့ဖူးၿပီး ငယ္တုန္းက မလိုလားအပ္တဲ့ အျပဳအမူေတြ ျပသခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲဒီလို ျဖစ္ခဲ့တဲ့အႀကိမ္တိုင္းမွာ ကြၽန္ေတာ့္ကို ထက္ျမက္တဲ့ အႀကံေပးစကားေတြနဲ႔ စီနီယာေကာင္းေတြရဲ႕ သင္ျပမႈကို ရရွိခဲ့ေၾကာင့္ ဒီေန႔လို ျဖစ္လာေစခဲ့တယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ကန္းအင္က ေနာက္ထပ္ ဒီလို မေလ်ာ္ကန္တဲ့ အျပဳအမူမ်ိဳး ထပ္မလုပ္ေတာ့ေအာင္ ကြၽန္ေတာ္တို႔ စီနီယာကစားသမားေတြနဲ႔ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ေတြအားလုံးက သူ႔ကို ပိုေကာင္းတဲ့ လူပုဂၢိဳလ္တစ္ေယာက္နဲ႔ ကစားသမားတစ္ေယာက္အျဖစ္ ႀကီးျပင္းလာေအာင္ အားေပးကူညီရပါလိမ့္မယ္။ ကြၽန္ေတာ္ အေျခအေနကို ကိုင္တြယ္ႏိုင္ခဲ့တယ္လို႔ မယုံၾကည္ဘဲ ကြၽန္ေတာ့္လုပ္ရပ္က ေဝဖန္မႈေတြနဲ႔ ထိုက္တန္တယ္ဆိုတာ အသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္လည္း အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ အသင္းရဲ႕အက်ိဳးအတြက္ ဒီလိုမ်ိဳး စိတ္မသက္သာစရာလုပ္ရပ္မ်ိဳးကို တာဝန္ယူဖို႔က ကြၽန္ေတာ့္ တာဝန္ေတြထဲက တစ္ခုလို႔ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္ ဒီလို အေျခအေနမ်ိဳးနဲ႔ ေနာကထပ္ရင္ဆိုင္ခဲ့ရင္ေတာင္ ကြၽန္ေတာ္ အသင္းရဲ႕ အက်ိဳးအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ျပဳမူသြားမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္ အသင္းေဖာ္ေတြကို ပိုၿပီး ပါးပါးနပ္နပ္၊ ဉာဏ္ပညာရွိရွိနဲ႔ ေနာင္ကို ဦးေဆာင္သြားမွာပါ။ အဲဒီျဖစ္စဥ္အၿပီးကတည္းက ကန္းအင္က အရမ္းခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္သန္းခဲ့ရပါတယ္။ သူ႔ကို ၾကင္နာတတ္တဲ့ ႏွလုံးသားနဲ႔အတူ ေက်းဇူးျပဳၿပီး ခြင့္လႊတ္ေပးလိုက္ၾကပါ။ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္ ခြင့္လႊတ္မႈေပးဖို႔အတြက္ အေလးအနက္ ေတာင္းဆိုပါတယ္။ လက္ေ႐ြးစင္အသင္းထဲမွာ အဖြဲ႕ေတြ ကြဲေနတယ္ဆိုတဲ့ ေကာလာလဟေတြကလည္း အမွန္တရားနဲ႔ လားလားမွ မသက္ဆိုင္ပါဘူး။ ကြၽန္ေတာ္တို႔က အၿမဲတမ္း တစ္သင္းတည္းျဖစ္ေနတာ ျမင္ခ်င္ၿပီး ပန္းတိုင္တစ္ခုတည္းပဲ ရွိပါတယ္။ ေဘာလုံးေၾကာင့္ ခ်စ္ျခင္းတရားေတြ အမ်ားႀကီးရခဲ့ေပမယ့္လည္း ဒီလိုမ်ိဳး စိတ္အေႏွာင့္အယွက္ျဖစ္စာကိစၥမ်ိဳး ျဖစ္ေစခဲ့တဲ့အတြက္ စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္။ ေရွ႕ဆက္သြားၾကမယ္။ ကြၽန္ေတာ္တို႔ ေတာင္ကိုရီးယားအသင္းကို ဒီအေတြ႕အႀကဳံကေန ပိုၿပီး အားေကာင္းေကာင္းနဲ႔ ႀကီးထြားလာေအာင္ အလုပ္ကို ပိုလို႔ေတာင္ ႀကိဳးစားသြားမွာပါ။ ေနာက္ထပ္တစ္ႀကိမ္ ကြၽန္ေတာ္ ေတာင္ကိုရီးယားအသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ စိတ္ရင္းအမွန္နဲ႔ ေတာင္းပန္ပါတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.