Premier League

ကာရာဘောင်းဗိုလ်လုပွဲအပါအဝင် စီးတီးနဲ့ပွဲကိုပါ လွဲချော်မယ့် လီဗာပူးလ်အဓိကကစားသမား

အယ်လစ်ဆန် ဘက်ကာဟာ လာမယ့်လ မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။

ဘရာဇီးလ်ဂိုးသမားဟာ ဘန်လေနဲ့ ဘရန့်တ်ဖို့ဒ်တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေကို တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က ကြယ်ပွင့်ဂိုးသမား ပြန်သက်သာလာမယ့် အချိန်ကို မသတ်မှတ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း TNT Sports Brazil နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဘရာဇီးလ်နည်းပြသစ် ဒိုရီဗယ် ဂျူနီယာက အယ်လစ်ဆန်အနေနဲ့ အင်္ဂလန်၊ စပိန်တို့နဲ့ ကစားရမယ့် မတ်လ နိုင်ငံတကာအားလပ်ရက်အတွင်း ခြေစမ်းပွဲတွေကို ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

“ကစားသမားခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး ဖော်ပြခဲ့တဲ့ နာမည်တွေအားလုံးဟာ အရေးကြီးတဲ့ကစားသမားတွေဖြစ်ပြီး အချို့ဆိုရင် သူတို့ရဲ့အသင်းတွေမှာ ထင်ပေါ်ကျော်ကြားမှုအချို့ ရှိနေပါတယ်။ သူတို့တွေက အကြိုလူစာရင်းထဲမှာ အမှန်တကယ် ပါပါလိမ့်မယ်။ အထူးသဖြင့် နည်းနည်း ပိုပြီး ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တဲ့ ကစားသမားအချို့ အယ်လစ်ဆန်၊ ကွန်ညာ၊ ပက်ဒရို၊ နေမာတို့လိုမျိုး ကစားသမားတွေဟာ အခုအချိန်မှာ ခေါ်ယူနိုင်ခြေရှိတဲ့ထဲကနေ လုံးဝကို ဖယ်ရှားခံထားရပါတယ်။ ကျွန်တော်တို့ တစ်ယောက် မဟုတ် တစ်ယောက် နာမည်သတ်မှတ်ထားပြီးသားမဟုတ်ပါဘူး။ ဒီကျယ်ပြောတဲ့စာရင်းထဲမှာ အချို့ဆိုရင် အခုအချိန်မှာ ကျွန်တော်တို့ ခေါ်လို့ မရတော့ပါဘူး။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်လက်ရွေးစင်နည်းပြရဲ့ ပြောကြားချက်အရ အယ်လစ်ဆန်ဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် ပြန်လာနိုင်မှာမဟုတ်တာကြောင့် လီဗာပူးလ်ရဲ့ ပွဲစဉ် ၆ ပွဲအထိ အနည်းဆုံး လွဲချော်တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အယ်လစ်ဆန်ဟာ ဗုဒ္ဓဟူးနေ့ည လူတန်နဲ့ ကစားရမယ့်ပွဲအပြင် တနင်္ဂနွေနေ့ ချဲလ်ဆီးနဲ့ ကစားရမယ့် ကာရာဘောင်းဗိုလ်လုပွဲ၊ ဆောက်သမ်တန်နဲ့ ကစားရမယ့် အက်ဖ်အေပဉ္စမအဆင့်ပွဲ၊ ဖောရက်စ်၊ မန်စီးတီး၊ အဲဗာတန်တို့နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အယ္လစ္ဆန္ ဘက္ကာဟာ လာမယ့္လ မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ အေရးႀကီးတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ကို လြဲေခ်ာ္မယ္လို႔ သိရပါတယ္။

ဘရာဇီးလ္ဂိုးသမားဟာ ဘန္ေလနဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္ေတြကို တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး အဂၤါေန႔က သတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္က ၾကယ္ပြင့္ဂိုးသမား ျပန္သက္သာလာမယ့္ အခ်ိန္ကို မသတ္မွတ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း TNT Sports Brazil နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ဘရာဇီးလ္နည္းျပသစ္ ဒိုရီဗယ္ ဂ်ဴနီယာက အယ္လစ္ဆန္အေနနဲ႔ အဂၤလန္၊ စပိန္တို႔နဲ႔ ကစားရမယ့္ မတ္လ ႏိုင္ငံတကာအားလပ္ရက္အတြင္း ေျခစမ္းပြဲေတြကို ပါဝင္ကစားေပးႏိုင္မွာမဟုတ္ဘူးလို႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

“ကစားသမားေခၚယူႏိုင္ေျခနဲ႔ပတ္သက္ၿပီး ေဖာ္ျပခဲ့တဲ့ နာမည္ေတြအားလုံးဟာ အေရးႀကီးတဲ့ကစားသမားေတြျဖစ္ၿပီး အခ်ိဳ႕ဆိုရင္ သူတို႔ရဲ႕အသင္းေတြမွာ ထင္ေပၚေက်ာ္ၾကားမႈအခ်ိဳ႕ ရွိေနပါတယ္။ သူတို႔ေတြက အႀကိဳလူစာရင္းထဲမွာ အမွန္တကယ္ ပါပါလိမ့္မယ္။ အထူးသျဖင့္ နည္းနည္း ပိုၿပီး ျပင္းထန္တဲ့ ဒဏ္ရာရခဲ့တဲ့ ကစားသမားအခ်ိဳ႕ အယ္လစ္ဆန္၊ ကြန္ညာ၊ ပက္ဒ႐ို၊ ေနမာတို႔လိုမ်ိဳး ကစားသမားေတြဟာ အခုအခ်ိန္မွာ ေခၚယူႏိုင္ေျခရွိတဲ့ထဲကေန လုံးဝကို ဖယ္ရွားခံထားရပါတယ္။ ကြၽန္ေတာ္တို႔ တစ္ေယာက္ မဟုတ္ တစ္ေယာက္ နာမည္သတ္မွတ္ထားၿပီးသားမဟုတ္ပါဘူး။ ဒီက်ယ္ေျပာတဲ့စာရင္းထဲမွာ အခ်ိဳ႕ဆိုရင္ အခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ ေခၚလို႔ မရေတာ့ပါဘူး။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္လက္ေ႐ြးစင္နည္းျပရဲ႕ ေျပာၾကားခ်က္အရ အယ္လစ္ဆန္ဟာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္မတိုင္ခင္ ျပန္လာႏိုင္မွာမဟုတ္တာေၾကာင့္ လီဗာပူးလ္ရဲ႕ ပြဲစဥ္ ၆ ပြဲအထိ အနည္းဆုံး လြဲေခ်ာ္ေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

အယ္လစ္ဆန္ဟာ ဗုဒၶဟူးေန႔ည လူတန္နဲ႔ ကစားရမယ့္ပြဲအျပင္ တနဂၤေႏြေန႔ ခ်ဲလ္ဆီးနဲ႔ ကစားရမယ့္ ကာရာေဘာင္းဗိုလ္လုပြဲ၊ ေဆာက္သမ္တန္နဲ႔ ကစားရမယ့္ အက္ဖ္ေအပၪၥမအဆင့္ပြဲ၊ ေဖာရက္စ္၊ မန္စီးတီး၊ အဲဗာတန္တို႔နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.