Match Report Premier League

စမုံတုံးတော့မယ် ထင်ခဲ့ပေမယ့် ဟာလန်း ကယ်သွားလို့ ပျားဖွပ်နိုင်ခဲ့တဲ့ စီးတီး

မန်ချက်စတာစီးတီးဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ်မှာ အာလင်း ဟာလန်းရဲ့ နောက်ကျသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အိမ်ရှင် မန်ချက်စတာစီးတီးဟာ ပထမပိုင်းမှာကတည်းက ဂိုးသွင်းခွင့်တွေ အများအပြား ရရှိခဲ့ပေမယ့်လည်း ဘရန့်တ်ဖို့ဒ် ဂိုးသမား ဖလက်ကန် လက်စွမ်းပြ ကာကွယ်နိုင်တာရော အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိနေတာရောကြောင့်ပါ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဗာရက်ဇ်၊ ဒီယက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ အပိုင် ဂိုးကန်သွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း အိမ်ရှင် မန်စီးတီးတို့ ဂိုးရရှိဖို့ အသည်းအသန် ကြိုးပမ်းခဲ့ကြပြီး နောက်ဆုံးမှာတော့ အကြိမ်ပေါင်း ၂၀ ထက်မနည်း ဂိုးကန်သွင်းဖို့ ကြိုးပမ်းခဲ့မှုက အရာထင်ခဲ့တာ ဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်က အနိုင်ဂိုးရရှိဖို့ ကြိုးပမ်းတဲ့အနေနဲ့ တိုက်စစ်ကို တော်တော်များများ တက်နေခဲ့ချိန်မှာ မန်စီးတီးက တန်ပြန်တိုက်စစ်ဆင် ထိုးဖောက်ခဲ့တာဖြစ်ပြီး အေယာရဲ့ ကွင်းလယ်မှာ ခြေချော်သွားခဲ့မှုကြောင့် ဟာလန်းက ရှင်းရှင်းလင်းလင်း ဂိုးသွင်းခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး ၂ မိနစ်အလိုမှာ မန်ချက်စတာစီးတီးတို့ နောက်ထပ် ဦးဆောင်ဂိုး ထပ်မံရရှိဖို့ အခွင့်အရေးရရှိခဲ့ပေမယ့်လည်း ဖိုဒန်ရဲ့ ပင်နယ်တီဧရိယာအစွန်က ကန်သွင်းလိုက်တဲ့ ဘောလုံးကို ဖလက်ကန်က သတိရှိရှိနဲ့ ပုတ်ထုတ်နိုင်ခဲ့လို့ ဂိုးဘားတန်းပေါ်ကနေ ကျော်သွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ ဖိုဒန်ပဲ ဂိုးသွင်းခွင့် ထပ်မံရရှိခဲ့ပေမယ့်လည်း ဖလက်ကန်က လျင်လျင်မြန်မြန် ပြေးထွက်လာပြီး ဂိုးလမ်းကြောင်း ပိတ်ခဲ့တာကြောင့် ကျော်ကန်ခဲ့ရာမှာ ဂိုးပိုက်ဘေးကိုသာ ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ဂိုးသွင်းခွင့် အများအပြားကို ဖြုန်းတီးခဲ့ပြီးနောက် အာလင်း ဟာလန်းရဲ့ သွင်းဂိုးကြောင့် ဒီရာသီ အိမ်ကွင်းမှာ ၉ ပွဲမြောက် နိုင်ပွဲကို ရရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ လူတန်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့် လီဗာပူးလ်ကို ၁ မှတ်အကွာကနေ ဖိအားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးဟာ အဂၤါေန႔ညက ကစားခဲ့တဲ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ အာလင္း ဟာလန္းရဲ႕ ေနာက္က်သြင္းဂိုးေၾကာင့္ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၁ မွတ္အကြာ အဆင့္ ၂ ေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

အိမ္ရွင္ မန္ခ်က္စတာစီးတီးဟာ ပထမပိုင္းမွာကတည္းက ဂိုးသြင္းခြင့္ေတြ အမ်ားအျပား ရရွိခဲ့ေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္ ဂိုးသမား ဖလက္ကန္ လက္စြမ္းျပ ကာကြယ္ႏိုင္တာေရာ အဆုံးသတ္ပိုင္း လိုအပ္ခ်က္ေတြ ရွိေနတာေရာေၾကာင့္ပါ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

အယ္လ္ဗာရက္ဇ္၊ ဒီယက္စ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ အပိုင္ ဂိုးကန္သြင္းခြင့္ေတြ ရခဲ့ေပမယ့္လည္း အံ့အားသင့္ဖြယ္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း အိမ္ရွင္ မန္စီးတီးတို႔ ဂိုးရရွိဖို႔ အသည္းအသန္ ႀကိဳးပမ္းခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ့ အႀကိမ္ေပါင္း ၂၀ ထက္မနည္း ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းခဲ့မႈက အရာထင္ခဲ့တာ ျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္က အႏိုင္ဂိုးရရွိဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ တိုက္စစ္ကို ေတာ္ေတာ္မ်ားမ်ား တက္ေနခဲ့ခ်ိန္မွာ မန္စီးတီးက တန္ျပန္တိုက္စစ္ဆင္ ထိုးေဖာက္ခဲ့တာျဖစ္ၿပီး ေအယာရဲ႕ ကြင္းလယ္မွာ ေျခေခ်ာ္သြားခဲ့မႈေၾကာင့္ ဟာလန္းက ရွင္းရွင္းလင္းလင္း ဂိုးသြင္းခြင့္ ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီး ၂ မိနစ္အလိုမွာ မန္ခ်က္စတာစီးတီးတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္မံရရွိဖို႔ အခြင့္အေရးရရွိခဲ့ေပမယ့္လည္း ဖိုဒန္ရဲ႕ ပင္နယ္တီဧရိယာအစြန္က ကန္သြင္းလိုက္တဲ့ ေဘာလုံးကို ဖလက္ကန္က သတိရွိရွိနဲ႔ ပုတ္ထုတ္ႏိုင္ခဲ့လို႔ ဂိုးဘားတန္းေပၚကေန ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ဖိုဒန္ပဲ ဂိုးသြင္းခြင့္ ထပ္မံရရွိခဲ့ေပမယ့္လည္း ဖလက္ကန္က လ်င္လ်င္ျမန္ျမန္ ေျပးထြက္လာၿပီး ဂိုးလမ္းေၾကာင္း ပိတ္ခဲ့တာေၾကာင့္ ေက်ာ္ကန္ခဲ့ရာမွာ ဂိုးပိုက္ေဘးကိုသာ ထိမွန္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဂိုးသြင္းခြင့္ အမ်ားအျပားကို ျဖဳန္းတီးခဲ့ၿပီးေနာက္ အာလင္း ဟာလန္းရဲ႕ သြင္းဂိုးေၾကာင့္ ဒီရာသီ အိမ္ကြင္းမွာ ၉ ပြဲေျမာက္ ႏိုင္ပြဲကို ရရွိခဲ့ၿပီး ဗုဒၶဟူးေန႔မွာ လူတန္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ရမယ့္ လီဗာပူးလ္ကို ၁ မွတ္အကြာကေန ဖိအားေပးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.