Match Report UCL&UEL

အငြင်းပွားဖွယ်ပင်နယ်တီကြောင့် ပီအက်စ်ဗွီအိမ်ကွင်းမှာ နိုင်ပွဲငြင်းပယ်ခံခဲ့ရတဲ့ ဒေါ့မွန်

ဒေါ့မွန်ဟာ အင်္ဂါနေ့ညက ပီအက်စ်ဗွီ အိမ်ကွင်းမှာ အငြင်းပွားဖွယ် ပင်နယ်တီကြောင့် နိုင်ပွဲ ငြင်းပယ်ခံခဲ့ရပြီး တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒေါ့မွန်ဟာ ဒွန်ရဲလ် မာလန်က အသင်းဟောင်း ပီအက်စ်ဗွီကို ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း အိမ်ရှင်တွေဟာ ဒုတိယပိုင်းပြန်စပြီး ၁၀ မိနစ်အကြာမှာ အငြင်းပွားဖွယ် ပင်နယ်တီ ပေးအပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မတ် ဟန်းမဲလ်စ်ဟာ မာလစ် တေးလ်မန်းကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် ဆားဘီးယားကွင်းလယ်ဒိုင် ဂျိုဗာနိုဗစ်ရဲ့ အပြစ်ပေးခြင်းခံခဲ့ရပြီး ဒေါ့မွန်နောက်ခံလူရဲ့ ဖျက်ထုတ်မှုဟာ ဘောလုံးကို အနည်းငယ်ထိခဲ့ပေမယ့် ပီအက်စ်ဗွီကွင်းလယ်လူကို ထိတာပိုများခဲ့တာဖြစ်ပါတယ်။

ဒေါ့မွန်နောက်ခံလူက လုခ် ဒီယုံးက ပင်နယ်တီကို ကန်သွင်းယူသွားခဲ့ပြီးနောက်မှာတောင်မှ ဒိုင်လူကြီးကို ဖြစ်စဉ်ကို ပြန်လည် သရုပ်ပြနေဆဲဖြစ်ပြီး ပီအက်စ်ဗွီတိုက်စစ်မှူးဟာ ဒီရာသီ ၂၈ ဂိုးမြောက် သွင်းဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ ကြိးမားတဲ့ အခွင့်အရေး အများအပြားကို လွဲချော်ခဲ့ကြတာကြောင့် အနိုင်ဂိုးကို ရှာမတွေ့ခဲ့ကြဘဲ မတ်လ ၁၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမယ့် ဒုတိယအကျော့မတိုင်ခင် သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဒါ့မြန္ဟာ အဂၤါေန႔ညက ပီအက္စ္ဗြီ အိမ္ကြင္းမွာ အျငင္းပြားဖြယ္ ပင္နယ္တီေၾကာင့္ ႏိုင္ပြဲ ျငင္းပယ္ခံခဲ့ရၿပီး တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

ေဒါ့မြန္ဟာ ဒြန္ရဲလ္ မာလန္က အသင္းေဟာင္း ပီအက္စ္ဗြီကို ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း အိမ္ရွင္ေတြဟာ ဒုတိယပိုင္းျပန္စၿပီး ၁၀ မိနစ္အၾကာမွာ အျငင္းပြားဖြယ္ ပင္နယ္တီ ေပးအပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မတ္ ဟန္းမဲလ္စ္ဟာ မာလစ္ ေတးလ္မန္းကို ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့အတြက္ ဆားဘီးယားကြင္းလယ္ဒိုင္ ဂ်ိဳဗာႏိုဗစ္ရဲ႕ အျပစ္ေပးျခင္းခံခဲ့ရၿပီး ေဒါ့မြန္ေနာက္ခံလူရဲ႕ ဖ်က္ထုတ္မႈဟာ ေဘာလုံးကို အနည္းငယ္ထိခဲ့ေပမယ့္ ပီအက္စ္ဗြီကြင္းလယ္လူကို ထိတာပိုမ်ားခဲ့တာျဖစ္ပါတယ္။

ေဒါ့မြန္ေနာက္ခံလူက လုခ္ ဒီယုံးက ပင္နယ္တီကို ကန္သြင္းယူသြားခဲ့ၿပီးေနာက္မွာေတာင္မွ ဒိုင္လူႀကီးကို ျဖစ္စဥ္ကို ျပန္လည္ သ႐ုပ္ျပေနဆဲျဖစ္ၿပီး ပီအက္စ္ဗြီတိုက္စစ္မႉးဟာ ဒီရာသီ ၂၈ ဂိုးေျမာက္ သြင္းဂိုးကို သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ႏွစ္သင္းစလုံးဟာ ႀကိးမားတဲ့ အခြင့္အေရး အမ်ားအျပားကို လြဲေခ်ာ္ခဲ့ၾကတာေၾကာင့္ အႏိုင္ဂိုးကို ရွာမေတြ႕ခဲ့ၾကဘဲ မတ္လ ၁၃ ရက္ေန႔မွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ ဒုတိယအေက်ာ့မတိုင္ခင္ သေရရလဒ္နဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.