Match Report UCL&UEL

မာပါတယ်ဆိုတဲ့ အက်သလက်တီကို ခံစစ်ကို အာနာတိုဗစ် ချိုးဖျက်ပြီး အနိုင်ရခဲ့တဲ့ အင်တာ

လူစားဝင်ကစားသမား အာနာတိုဗစ်ဟာ အင်္ဂါနေ့ညက အင်တာမီလန်က အက်သလက်တီကို မက်ဒရစ်ကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့မှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

စိတ်ပျက်စရာကောင်းတဲ့ ပထမပိုင်းနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် အင်တာမီလန်ဟာ ဒုတိယပိုင်းမှာ ပိုမို တိုးတက်လာခဲ့ပြီး အာနာတိုဗစ်က ပထမပိုင်းအပြီး လူစားဝင်ကစားပေးခဲ့ပြီးနောက်ပိုင်း မကြာမီအချိန်အတွင်း အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ၂ ကြိမ် ရခဲ့ပေမယ့် ၂ ကြိမ်စလုံး အနီးကပ်ကန်ချက်က ဂိုးဘားတန်းကျော်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဩစတြီးယန်းတိုက်စစ်မှူးအတွက် တတိယအကြိမ်မှာတော့ ကံကောင်းခဲ့ပြီး ၇၉ မိနစ်မှာ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မိုရာတာက အက်သလက်တီကိုအတွက် ဒုတိယပိုင်းမှာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် ဝင်ကစားပေးခဲ့ပေမယ့် အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တဖြစ်ပါတယ်။

ဂရစ်ဇ်မန်းကလည်း ဒဏ်ရာပြဿနာကြောင့် ထွက်ခွာသွားခဲ့ရတာက အက်သလက်တီကို မက်ဒရစ်အတွက် စိုးရိမ်စရာဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ဒုတိယရခဲ့တဲ့ အင်တာမီလန်ဟာ ပထမအကျော့ အိမ်ကွင်းမှာ အနိုင်ရခဲ့ပေမယ့်လည်း ကျဉ်းမြောင်းတဲ့ရလဒ်ဖြစ်တာကြောင့် ဒုတိယအကျော့ မက်ထရိုပိုလီတာနိုကွင်းမှာ အန္တရာယ်များတဲ့ပွဲစဉ်ကို ကစားသွားရတော့မှာ​​ ဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်နည်းပြ ဒီယေဂို ဆီမြွန်နီဟာ ပထမပိုင်းမှာ လာဇီယိုအသင်းဖော်ဟောင်းဖြစ်တဲ့ အင်တာမီလန်နည်းပြ ဆီမြွန်နီ အင်ဇာဂီကို နည်းဗျူဟာတိုက်ပွဲမှာ အသာစီးရယူနိုင်ခဲ့ပြီး အိမ်ရှင်တွေကို အခွင့်အရေးအနည်းငယ်သာ ရရှိအောင် ကန့်သတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းအပြီး အင်ဇာဂီက ဒဏ်ရာရခဲ့တဲ့ မားကပ်စ် သူရမ်ရဲ့ နေရာမှာ အာနာတိုဗစ်ကို ထည့်သွင်းခဲ့တာက အလှည့်အပြောင်း ဖြစ်စေခဲ့ပြီး ဩစတြီးယန်းကြယ်ပွင့်ရဲ့ ရွေ့လျားနိုင်စွမ်းက အင်တာမီလန် ပျောက်ဆုံးနေခဲ့တဲ့ ဖန်တီးနိုင်စွမ်းကို မြင့်တက်လာစေခဲ့ပါတယ်။

ဆီမြွန်နီက အင်တာမီလန်ရဲ့ အပြောင်းအလဲကို တုံ့ပြန်ခဲ့ပေမယ့်လည်း အင်ဇာဂီက အသင်းရဲ့ ကစားကွက်ကို နောက်ထပ်တစ်ကြိမ် ပြောင်းလဲခဲ့ပြီး နောက်ခံတောင်ပံကစားသမားအသစ်တွေ ထပ်ထည့်ပြီး ဧည့်သည်တွေရဲ့ ခံစစ်ကို နောက်ဆုံးမှာ အမှားလုပ်လာအောင် နောက်ထပ် ဖိအားတွေ ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမအကျော့တိုက်ပွဲမှာတော့ အင်ဇာဂီက အနိုင်ရခဲ့ပေမယ့်လည်း ၂ ကျော့ကစားရမယ့် ပွဲဖြစ်တာကြောင့် နောက်ဆုံးတိုက်ပွဲမှာတော့ ဘယ်သူက အနိုင်ရသွားမလဲဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူစားဝင္ကစားသမား အာနာတိုဗစ္ဟာ အဂၤါေန႔ညက အင္တာမီလန္က အက္သလက္တီကို မက္ဒရစ္ကို ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့မွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

စိတ္ပ်က္စရာေကာင္းတဲ့ ပထမပိုင္းနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ အင္တာမီလန္ဟာ ဒုတိယပိုင္းမွာ ပိုမို တိုးတက္လာခဲ့ၿပီး အာနာတိုဗစ္က ပထမပိုင္းအၿပီး လူစားဝင္ကစားေပးခဲ့ၿပီးေနာက္ပိုင္း မၾကာမီအခ်ိန္အတြင္း အလြန္ေကာင္းမြန္တဲ့ အခြင့္အေရး ၂ ႀကိမ္ ရခဲ့ေပမယ့္ ၂ ႀကိမ္စလုံး အနီးကပ္ကန္ခ်က္က ဂိုးဘားတန္းေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဩစႀတီးယန္းတိုက္စစ္မႉးအတြက္ တတိယအႀကိမ္မွာေတာ့ ကံေကာင္းခဲ့ၿပီး ၇၉ မိနစ္မွာ ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ပိတ္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး မိုရာတာက အက္သလက္တီကိုအတြက္ ဒုတိယပိုင္းမွာ ဒူးဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့ၿပီးေနာက္ ဝင္ကစားေပးခဲ့ေပမယ့္ အေကာင္းဆုံးပုံစံမွာ ရွိမေနခဲ့တျဖစ္ပါတယ္။

ဂရစ္ဇ္မန္းကလည္း ဒဏ္ရာျပႆနာေၾကာင့္ ထြက္ခြာသြားခဲ့ရတာက အက္သလက္တီကို မက္ဒရစ္အတြက္ စိုးရိမ္စရာျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ ဒုတိယရခဲ့တဲ့ အင္တာမီလန္ဟာ ပထမအေက်ာ့ အိမ္ကြင္းမွာ အႏိုင္ရခဲ့ေပမယ့္လည္း က်ဥ္းေျမာင္းတဲ့ရလဒ္ျဖစ္တာေၾကာင့္ ဒုတိယအေက်ာ့ မက္ထ႐ိုပိုလီတာႏိုကြင္းမွာ အႏၲရာယ္မ်ားတဲ့ပြဲစဥ္ကို ကစားသြားရေတာ့မွာ​​ ျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္နည္းျပ ဒီေယဂို ဆီႁမြန္နီဟာ ပထမပိုင္းမွာ လာဇီယိုအသင္းေဖာ္ေဟာင္းျဖစ္တဲ့ အင္တာမီလန္နည္းျပ ဆီႁမြန္နီ အင္ဇာဂီကို နည္းဗ်ဴဟာတိုက္ပြဲမွာ အသာစီးရယူႏိုင္ခဲ့ၿပီး အိမ္ရွင္ေတြကို အခြင့္အေရးအနည္းငယ္သာ ရရွိေအာင္ ကန႔္သတ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္းအၿပီး အင္ဇာဂီက ဒဏ္ရာရခဲ့တဲ့ မားကပ္စ္ သူရမ္ရဲ႕ ေနရာမွာ အာနာတိုဗစ္ကို ထည့္သြင္းခဲ့တာက အလွည့္အေျပာင္း ျဖစ္ေစခဲ့ၿပီး ဩစႀတီးယန္းၾကယ္ပြင့္ရဲ႕ ေ႐ြ႕လ်ားႏိုင္စြမ္းက အင္တာမီလန္ ေပ်ာက္ဆုံးေနခဲ့တဲ့ ဖန္တီးႏိုင္စြမ္းကို ျမင့္တက္လာေစခဲ့ပါတယ္။

ဆီႁမြန္နီက အင္တာမီလန္ရဲ႕ အေျပာင္းအလဲကို တုံ႔ျပန္ခဲ့ေပမယ့္လည္း အင္ဇာဂီက အသင္းရဲ႕ ကစားကြက္ကို ေနာက္ထပ္တစ္ႀကိမ္ ေျပာင္းလဲခဲ့ၿပီး ေနာက္ခံေတာင္ပံကစားသမားအသစ္ေတြ ထပ္ထည့္ၿပီး ဧည့္သည္ေတြရဲ႕ ခံစစ္ကို ေနာက္ဆုံးမွာ အမွားလုပ္လာေအာင္ ေနာက္ထပ္ ဖိအားေတြ ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမအေက်ာ့တိုက္ပြဲမွာေတာ့ အင္ဇာဂီက အႏိုင္ရခဲ့ေပမယ့္လည္း ၂ ေက်ာ့ကစားရမယ့္ ပြဲျဖစ္တာေၾကာင့္ ေနာက္ဆုံးတိုက္ပြဲမွာေတာ့ ဘယ္သူက အႏိုင္ရသြားမလဲဆိုတာကို ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.