Premier League

ပါတေးနဲ့ဗီယာရာတို့ ပြန်လာခဲ့ပေမယ့် ပျောက်ဆုံးနေခဲ့တဲ့ အဓိကကစားသမား ၃ ဦး

အာဆင်နယ်ဟာ ဗုဒ္ဒဟူးနေ့ည ပေါ်တိုနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ အဓိကကစားသမား ၃ ဦး မပါဝင်ဘဲ ကစားသွားရမှာ ဖြစ်ပြီး ပါတေးနဲ့ ဗီယာရာတို့ လေ့ကျင့်ရေး ပြန်ဆင်းခဲ့ပေမယ့် ကြယ်ပွင့်ကစားသမား ၃ ဦးကတော့ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ကာလရှည် ဒဏ်ရာကြောင့် လွဲချော်နေခဲ့တဲ့ သောမတ်စ် ပါတေးနဲ့ ဖေဘီယို ဗီယာရာတို့ အင်္ဂါနေ့နံနက်မှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့တာကြောင့် အာဆင်နယ်အတွက် အားတက်စရာ ဖြစ်ခဲ့ပေမယ့်လည်း ဂါဘရီယဲလ် ဂျေးဇု၊ ဇင်ချန်ကိုနဲ့ တိုမိယဆုတို့ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဒီကစားသမား ၃ ဦးစလုံးဟာ ပေါ်တိုနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖို့ များသွားပြီဖြစ်တယ်လို့ Evening Standard က ဖော်ပြခဲ့ပြီး အာတီတာအနေနဲ့ ဗုဒ္ဓဟူးနေ့ညမှာ ကြယ်ပွင့်ကစားသမား ၃ ဦး မပါတဲ့ လူစာရင်းကို ရွေးချယ်သွားရတော့မှာ ဖြစ်ပါတယ်။

ဂျေးဇုက ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေသလို ဇင်ချန်ကိုကလည်း လီဗာပူးလ်နဲ့ပွဲမှာ ရခဲ့တဲ့ ခြေသလုံးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၂ ပွဲအထိ လွဲချော်ခဲ့တာဖြစ်ပြီး တိုမိယဆုကလည်း မကြာသေးမီကမှ အာရှဖလားပြိုင်ပွဲကနေ ပြန်လာခဲ့ပေမယ့် ၂၀၂၄ ခုနှစ် နှစ်စကတည်းက ခြေသလုံးဒဏ်ရာကြောင့် အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ခံစစ်ပိုင်း ရွေးချယ်စရာ များများစားစား မရှိတဲ့အသင်းဖြစ်ပြီး တိုမိယဆုနဲ့ ဇင်ချန်ကိုတို့လို အဓိကကစားသမားတွေ မပါဝင်နိုင်မှုကြောင့် ပေါ်တိုနဲ့ပွဲစဉ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဂျေးဇုမပါဝင်နိုင်မှုကို အာတီတာအနေနဲ့ ထရော့ဆာ့ဒ်နဲ့ အစားထိုးနိုင်မှာဖြစ်ပြီး အာဆင်နယ်သာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ရာသီကုန်အထိ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲလည်း ယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် လူစာရင်းအင်အားတောင့်တင်းနေဖို့ မဖြစ်မနေ လိုအပ်လာတော့မှာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ လာမယ့်လပိုင်းအတွင်း တစ်ပတ်ကို အနည်းဆုံး ၂ ပွဲကစားသွားရမယ့် ဖိအားတွေကို ရင်ဆိုင်ဖြေရှင်းသွားရမှာဖြစ်ပြီး ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်ပြီး မကြာမီအချိန်အတွင်း ဒဏ်ရာပြဿနာတွေလည်း ပြန်လည်ကောင်းမွန်လာမယ်ဆိုရင် ပြည်တွင်းမှာရော ဥရောပမှာပါ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေး ရှိလာမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ ဗုဒၵဟူးေန႔ည ေပၚတိုနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္မွာ အဓိကကစားသမား ၃ ဦး မပါဝင္ဘဲ ကစားသြားရမွာ ျဖစ္ၿပီး ပါေတးနဲ႔ ဗီယာရာတို႔ ေလ့က်င့္ေရး ျပန္ဆင္းခဲ့ေပမယ့္ ၾကယ္ပြင့္ကစားသမား ၃ ဦးကေတာ့ ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

ကာလရွည္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနခဲ့တဲ့ ေသာမတ္စ္ ပါေတးနဲ႔ ေဖဘီယို ဗီယာရာတို႔ အဂၤါေန႔နံနက္မွာ ေလ့က်င့္ေရး ျပန္ဆင္းႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္အတြက္ အားတက္စရာ ျဖစ္ခဲ့ေပမယ့္လည္း ဂါဘရီယဲလ္ ေဂ်းဇု၊ ဇင္ခ်န္ကိုနဲ႔ တိုမိယဆုတို႔ ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

ဒီကစားသမား ၃ ဦးစလုံးဟာ ေပၚတိုနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ မ်ားသြားၿပီျဖစ္တယ္လို႔ Evening Standard က ေဖာ္ျပခဲ့ၿပီး အာတီတာအေနနဲ႔ ဗုဒၶဟူးေန႔ညမွာ ၾကယ္ပြင့္ကစားသမား ၃ ဦး မပါတဲ့ လူစာရင္းကို ေ႐ြးခ်ယ္သြားရေတာ့မွာ ျဖစ္ပါတယ္။

ေဂ်းဇုက ဒူးဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနသလို ဇင္ခ်န္ကိုကလည္း လီဗာပူးလ္နဲ႔ပြဲမွာ ရခဲ့တဲ့ ေျခသလုံးဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ ၂ ပြဲအထိ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး တိုမိယဆုကလည္း မၾကာေသးမီကမွ အာရွဖလားၿပိဳင္ပြဲကေန ျပန္လာခဲ့ေပမယ့္ ၂၀၂၄ ခုႏွစ္ ႏွစ္စကတည္းက ေျခသလုံးဒဏ္ရာေၾကာင့္ အသင္းအတြက္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိေသးသူျဖစ္ပါတယ္။

အာဆင္နယ္ဟာ လက္ရွိအခ်ိန္မွာ ခံစစ္ပိုင္း ေ႐ြးခ်ယ္စရာ မ်ားမ်ားစားစား မရွိတဲ့အသင္းျဖစ္ၿပီး တိုမိယဆုနဲ႔ ဇင္ခ်န္ကိုတို႔လို အဓိကကစားသမားေတြ မပါဝင္ႏိုင္မႈေၾကာင့္ ေပၚတိုနဲ႔ပြဲစဥ္အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ေဂ်းဇုမပါဝင္ႏိုင္မႈကို အာတီတာအေနနဲ႔ ထေရာ့ဆာ့ဒ္နဲ႔ အစားထိုးႏိုင္မွာျဖစ္ၿပီး အာဆင္နယ္သာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့မယ္ဆိုရင္ ရာသီကုန္အထိ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲလည္း ယွဥ္ၿပိဳင္သြားရမွာျဖစ္တာေၾကာင့္ လူစာရင္းအင္အားေတာင့္တင္းေနဖို႔ မျဖစ္မေန လိုအပ္လာေတာ့မွာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ လာမယ့္လပိုင္းအတြင္း တစ္ပတ္ကို အနည္းဆုံး ၂ ပြဲကစားသြားရမယ့္ ဖိအားေတြကို ရင္ဆိုင္ေျဖရွင္းသြားရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို ေက်ာ္ျဖတ္ႏိုင္ၿပီး မၾကာမီအခ်ိန္အတြင္း ဒဏ္ရာျပႆနာေတြလည္း ျပန္လည္ေကာင္းမြန္လာမယ္ဆိုရင္ ျပည္တြင္းမွာေရာ ဥေရာပမွာပါ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ ပိုမိုေကာင္းမြန္တဲ့ အခြင့္အေရး ရွိလာမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.