Premier League

အာဆင်နယ်မပြောင်းဖို့ သတိပေးခံခဲ့ရတဲ့ ယူနိုက်တက်ကြယ်ပွင့်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒွိုက် ယော့ခ်က မားကပ်စ် ရက်ရှ်ဖို့ဒ်အတွက် အလားအလာရှိသလောက် အောင်မြင်မှုရနိုင်ဖို့ မန်ချက်စတာယူနိုက်ထက် ပိုကောင်းတဲ့နေရာမရှိတော့ဘူးလို့ သတိပေးခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဒီရာသီ နည်းပြ တန်ဟက်လက်အောက်မှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိဖို့ ရုန်းကန်နေရပြီး အချိန်တော်တော်များများမှာ ပြီးခဲ့တဲ့ရာသီတုန်းက ကလပ်နဲ့ နိုင်ငံအတွက် ၃၄ ဂိုးသွင်းယူပေးခဲ့တဲ့ ကစားသမားမှ ဟုတ်ရဲ့လားလို့ ထင်ရတဲ့အထိ စွမ်းဆောင်ရည် ညံ့ဖျင်းနေခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ အာရုံစိုက်မှုဟာ ပြီးခဲ့တဲ့လတွေမှာ မေးခွန်းထုတ်ခံခဲ့ရပြီး ဘဲလ်ဖတ်စ်မှာ ကလပ်တက်ပြီး အသင်းလေ့ကျင့်ရေးနဲ့ အရေးကြီးပွဲစဉ်ကို လွဲချော်ခဲ့မှုက အသင်းအပေါ် လေးစားမှုနဲ့ ကတိကဝတ်ပြုမှုကင်းမဲ့နေတဲ့ ဥပမာအဖြစ်နဲ့ ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ သတင်းတွေ ပုံမှန်ဆိုသလို ထွက်ပေါ်နေခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့် အမ်ဘာပေရဲ့ နေရာမှာ အစားထိုးချင်နေတယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်အစဉ်အလာပြိုင်ဘက်တွေဖြစ်တဲ့ အာဆင်နယ်ကလည်း ရက်ရှ်ဖို့ဒ်ကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ဒွိုက် ယော့ခ်က ကစားသမားဘဝတစ်လျှောက်လုံး ခြေစွမ်းပိုင်းတည်ငြိမ်မှုရဖို့ ရုန်းကန်ခဲ့ရတဲ့ ကစားသမားတစ်ယောက်ကိုတောင် အသားကျနေတဲ့ ပတ်ဝန်းကျင်က နောက်ဆုံးမှာ အကောင်းဆုံးပုံစံ ရရှိစေလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ရက်ရှ်ဖို့ဒ်က အာဆင်နယ်ကို ပြောင်းမယ်ဟုတ်လား။ အဲဒါက ရူးမိုက်တဲ့ အပြောင်းအရွှေ့ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဟုတ်ပါတယ်။ လူတွေက သူ အသင်းကနေ ထွက်ချင်တယ်လို့ ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင်းကြောင့် ထွက်မှာလဲ။ သူက စာချုပ်သစ်ချုပ်ထားတာ မကြာသေးပါဘူး။ သူက မန်ချက်စတာယူနိုက်တက်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦး အလွယ်တကူဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဟုတ်ပါတယ်။ သူ ပြီးခဲ့တဲ့ရာသီမှာ ရောက်ခဲ့တဲ့ အဆင့်အတန်းကြောင့် သူ့အလားအလာရှိသလောက်ကို မရောက်နိုင်ဘူးဖြစ်နေခဲ့တာပါ။ အားကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျား အဆင့်တွေကို ဖြတ်သန်းရမှာဖြစ်ပြီး သူက မှန်ကန်တဲ့နေရာကနေ ထွက်ပေါ်လာနိုင်မယ်လို့ ထင်ပါတယ်။ သူ အပါအဝင် ဘယ်လို အားကစားသမားမျိုးမဆို အလုပ်မှာ မပျော်ရင် ခင်ဗျားမှာ ကောင်းမွန်တဲ့အချိန်တွေ ရမှာမဟုတ်ဘူး။ ရက်ရှ်ဖို့ဒ်က ကျွန်တော်တို့ သူ လုပ်နိုင်စွမ်းရှိတယ်လို့ သိထားတဲ့ ပုံစံအတိုင်း စွမ်းဆောငန်နိုင်ဖို့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ ပျော်ရွှင်ဖို့ လိုအပ်တယ်။ လေ့ကျင့်ရေးမှာရောပေ့ါ။ ကျွန်တော်တို့ အတွင်းကျကျ သတင်းတွေ မသိပါဘူး။ သူ မပျော်ဘူးဆိုတဲ့ ကောလာလဟတွေအများကြီးရှိပါတယ်။ ဒါပေမယ့် သူ ပျော်ရွှင်နေပြီး ခြေစွမ်းပဲ ပြန်မပြနိုင်သေးတာဖြစ်နိုင်ပါတယ်။ အားလုံးရဲ့ ထင်မြင်ချက်ကို ကြားတဲ့အခါမှာ ကျွန်တော်ကတော့ အများကြီး လိုက်မမှတ်နိုင်ပါဘူး။ ဒါပေမယ့် ရက်ရှ်ဖို့ဒ်က မှန်ကန်တဲ့နေရာမှာ ရှိနေတယ်လို့တော့ ကျွန်တော် ထင်တယ် ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဒြိဳက္ ေယာ့ခ္က မားကပ္စ္ ရက္ရွ္ဖို႔ဒ္အတြက္ အလားအလာရွိသေလာက္ ေအာင္ျမင္မႈရႏိုင္ဖို႔ မန္ခ်က္စတာယူႏိုက္ထက္ ပိုေကာင္းတဲ့ေနရာမရွိေတာ့ဘူးလို႔ သတိေပးခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ဒီရာသီ နည္းျပ တန္ဟက္လက္ေအာက္မွာ အေကာင္းဆုံးပုံစံ ျပန္လည္ရရွိဖို႔ ႐ုန္းကန္ေနရၿပီး အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ၿပီးခဲ့တဲ့ရာသီတုန္းက ကလပ္နဲ႔ ႏိုင္ငံအတြက္ ၃၄ ဂိုးသြင္းယူေပးခဲ့တဲ့ ကစားသမားမွ ဟုတ္ရဲ႕လားလို႔ ထင္ရတဲ့အထိ စြမ္းေဆာင္ရည္ ညံ့ဖ်င္းေနခဲ့တာျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ အာ႐ုံစိုက္မႈဟာ ၿပီးခဲ့တဲ့လေတြမွာ ေမးခြန္းထုတ္ခံခဲ့ရၿပီး ဘဲလ္ဖတ္စ္မွာ ကလပ္တက္ၿပီး အသင္းေလ့က်င့္ေရးနဲ႔ အေရးႀကီးပြဲစဥ္ကို လြဲေခ်ာ္ခဲ့မႈက အသင္းအေပၚ ေလးစားမႈနဲ႔ ကတိကဝတ္ျပဳမႈကင္းမဲ့ေနတဲ့ ဥပမာအျဖစ္နဲ႔ ေဝဖန္ခံခဲ့ရတာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔ သတင္းေတြ ပုံမွန္ဆိုသလို ထြက္ေပၚေနခဲ့သူျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းက ဒီေႏြရာသီမွာ အသင္းကေန ထြက္ခြာေတာ့မယ့္ အမ္ဘာေပရဲ႕ ေနရာမွာ အစားထိုးခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္အစဥ္အလာၿပိဳင္ဘက္ေတြျဖစ္တဲ့ အာဆင္နယ္ကလည္း ရက္ရွ္ဖို႔ဒ္ကို ေခၚယူခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း ဒြိဳက္ ေယာ့ခ္က ကစားသမားဘဝတစ္ေလွ်ာက္လုံး ေျခစြမ္းပိုင္းတည္ၿငိမ္မႈရဖို႔ ႐ုန္းကန္ခဲ့ရတဲ့ ကစားသမားတစ္ေယာက္ကိုေတာင္ အသားက်ေနတဲ့ ပတ္ဝန္းက်င္က ေနာက္ဆုံးမွာ အေကာင္းဆုံးပုံစံ ရရွိေစလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ရက္ရွ္ဖို႔ဒ္က အာဆင္နယ္ကို ေျပာင္းမယ္ဟုတ္လား။ အဲဒါက ႐ူးမိုက္တဲ့ အေျပာင္းအေ႐ႊ႕ျဖစ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဟုတ္ပါတယ္။ လူေတြက သူ အသင္းကေန ထြက္ခ်င္တယ္လို႔ ထင္ေကာင္းထင္ေနႏိုင္ပါတယ္။ ဒါေပမယ့္ ဘာအေၾကာင္းေၾကာင္းေၾကာင့္ ထြက္မွာလဲ။ သူက စာခ်ဳပ္သစ္ခ်ဳပ္ထားတာ မၾကာေသးပါဘူး။ သူက မန္ခ်က္စတာယူႏိုက္တက္မွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦး အလြယ္တကူျဖစ္လာႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဟုတ္ပါတယ္။ သူ ၿပီးခဲ့တဲ့ရာသီမွာ ေရာက္ခဲ့တဲ့ အဆင့္အတန္းေၾကာင့္ သူ႔အလားအလာရွိသေလာက္ကို မေရာက္ႏိုင္ဘူးျဖစ္ေနခဲ့တာပါ။ အားကစားသမားတစ္ေယာက္အေနနဲ႔ ခင္ဗ်ား အဆင့္ေတြကို ျဖတ္သန္းရမွာျဖစ္ၿပီး သူက မွန္ကန္တဲ့ေနရာကေန ထြက္ေပၚလာႏိုင္မယ္လို႔ ထင္ပါတယ္။ သူ အပါအဝင္ ဘယ္လို အားကစားသမားမ်ိဳးမဆို အလုပ္မွာ မေပ်ာ္ရင္ ခင္ဗ်ားမွာ ေကာင္းမြန္တဲ့အခ်ိန္ေတြ ရမွာမဟုတ္ဘူး။ ရက္ရွ္ဖို႔ဒ္က ကြၽန္ေတာ္တို႔ သူ လုပ္ႏိုင္စြမ္းရွိတယ္လို႔ သိထားတဲ့ ပုံစံအတိုင္း စြမ္းေဆာငန္ႏိုင္ဖို႔ သူ႔ရဲ႕ ပတ္ဝန္းက်င္မွာ ေပ်ာ္႐ႊင္ဖို႔ လိုအပ္တယ္။ ေလ့က်င့္ေရးမွာေရာေပ့ါ။ ကြၽန္ေတာ္တို႔ အတြင္းက်က် သတင္းေတြ မသိပါဘူး။ သူ မေပ်ာ္ဘူးဆိုတဲ့ ေကာလာလဟေတြအမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ သူ ေပ်ာ္႐ႊင္ေနၿပီး ေျခစြမ္းပဲ ျပန္မျပႏိုင္ေသးတာျဖစ္ႏိုင္ပါတယ္။ အားလုံးရဲ႕ ထင္ျမင္ခ်က္ကို ၾကားတဲ့အခါမွာ ကြၽန္ေတာ္ကေတာ့ အမ်ားႀကီး လိုက္မမွတ္ႏိုင္ပါဘူး။ ဒါေပမယ့္ ရက္ရွ္ဖို႔ဒ္က မွန္ကန္တဲ့ေနရာမွာ ရွိေနတယ္လို႔ေတာ့ ကြၽန္ေတာ္ ထင္တယ္ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.