Premier League

ကြယ်ပွင့်ကစားသမားကို လူသိရှင်ကြားဝေဖန်မိလို့ နောင်တရနေတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အသင်းကို ပြန်လာခဲ့တဲ့ ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ကိုယ်အလေးချိန်များနေတယ်လို့ ပြောခဲ့တဲ့ စကားအတွက် တောင်းပန်ခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာတုန်းက သတင်းစာရှင်းလင်းပွဲမှာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ကို လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ ဘာကြောင့် ချန်လှပ်ခဲ့လဲဆိုတာကို မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပ်စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဝက်စ်ဟမ်းကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ကမ္ဘာ့ဖလားအပြီး ဂွါဒီယိုလာက ၎င်းကို ကိုယ်အလေးချိန်များနေတယ်လို့ ပြောခဲ့တဲ့အချိန်က အခက်ခဲဆုံးဖြစ်နိုင်ကြောင်းနဲ့ နည်းပြပြောတာ သဘောမတူပေမယ့် ယုံကြည်မှု ကြီးကြီးမားမား ထိခိုက်ခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက ဖိလစ်ပ်စ်ရဲ့ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီး နောင်တရလားလို့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခြင်းခံခဲ့ရချိန်မှာ “နောင်တရမိပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။ ၈ နှစ်အတွင်းမှာ တစ်ကြိမ်ဆိုတော့ မဆိုးပါဘူး။ ဒါပေမယ့် ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ သူ့ကို ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ စိတ်မကောင်းပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး အသင္းကို ျပန္လာခဲ့တဲ့ ကယ္လ္ဗင္ ဖိလစ္ပ္စ္ကို ကိုယ္အေလးခ်ိန္မ်ားေနတယ္လို႔ ေျပာခဲ့တဲ့ စကားအတြက္ ေတာင္းပန္ခဲ့ပါတယ္။

ဂြါဒီယိုလာဟာ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာတုန္းက သတင္းစာရွင္းလင္းပြဲမွာ အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ကို လီဗာပူးလ္နဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲမွာ ဘာေၾကာင့္ ခ်န္လွပ္ခဲ့လဲဆိုတာကို မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ဖိလစ္ပ္စ္ဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ဝက္စ္ဟမ္းကို အငွားနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ကမာၻ႔ဖလားအၿပီး ဂြါဒီယိုလာက ၎ကို ကိုယ္အေလးခ်ိန္မ်ားေနတယ္လို႔ ေျပာခဲ့တဲ့အခ်ိန္က အခက္ခဲဆုံးျဖစ္ႏိုင္ေၾကာင္းနဲ႔ နည္းျပေျပာတာ သေဘာမတူေပမယ့္ ယုံၾကည္မႈ ႀကီးႀကီးမားမား ထိခိုက္ခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက ဖိလစ္ပ္စ္ရဲ႕ ကိုယ္အေလးခ်ိန္နဲ႔ ပတ္သက္ၿပီး လူသိရွင္ၾကား ထုတ္ေဖာ္ေျပာဆိုခဲ့မႈနဲ႔ပတ္သက္ၿပီး ေနာင္တရလားလို႔ တနလၤာေန႔က သတင္းစာရွင္းလင္းပြဲမွာ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ “ေနာင္တရမိပါတယ္။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ၈ ႏွစ္အတြင္းမွာ တစ္ႀကိမ္ဆိုေတာ့ မဆိုးပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ အရမ္းစိတ္မေကာင္းျဖစ္မိပါတယ္။ သူ႔ကို ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ တကယ္ေတာင္းပန္ပါတယ္။ စိတ္မေကာင္းပါဘူး။”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.