Premier League

ပရီးမီးယားလိဂ်အသင်းတစ်သင်းရဲ့ပွဲတိုင်းကို ကြည့်ရှုခဲ့တဲ့ အမ်ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေဟာ ပရီးမီးယားလိဂ်အသင်း တစ်သင်းရဲ့ပွဲစဉ်အားလုံးကို စောင့်ကြည့်နေကျဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း အမ်ဘာပေရဲ့ ပီအက်စ်ဂျီအသင်းနဲ့ အနာဂတ်ဟာ သတင်းခေါင်းစည်းတိုင်းမှာ နေရာယူခဲ့ပြီး ပြီးခဲ့တဲ့အပတ်မှာ ပြင်သစ်တိုက်စစ်မှူးက ရာသီကုန်လို့ စာချုပ်သက်တမ်းကုန်တာနဲ့ အသင်းကို စွန့်ခွာမှာဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ဒီနွေရာသီမှာ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ်လို့ မျှော်မှန်းခြင်းခံထားရသလို လီဗာပူးလ်နဲ့ အာဆင်နယ်တို့လို ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေနဲ့လည်း သတင်းထွက်နေခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေရဲ့ အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ အီဒရစ်ဆာ ဂါနာ ဂေးယီက ပြင်သစ်တိုက်စစ်မှူးဟာ အဲဗာတန်ရဲ့ ပွဲစဉ်တွေကို စောင့်ကြည့်နေကျဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ်က ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်ပြီး အားပေးထောက်ခံခဲ့တယ်။ ကျွန်တော်တို့ ရှုံးတိုင်း ဒရက်စ်လာက မင်း အသင်သးကို မြင်တယ်မလား။ သူတို့တွေက မကောင်းဘူးလို့ ပြောတာကို မှတ်မိတယ်။ ကျွန်တော်က ငါတို့တွေ ရှင်သန်နိုင်မှာလို့ ပြန်ပြောခဲ့တယ်။ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ ကျွန်တော်တို့ ရှင်ကျန်နိုင်ခဲ့တော့ သူက မင်း ကံကောင်းသွားတာပါလို့ ပြောခဲ့ပြီး ကျွန်တော်က ငါ မင်းကို ပြောခဲ့သားပဲလို့ ပြောခဲ့တယ်။ သူ့ကို အဲဗာတန်လာခဲ့လို့ ကျွန်တော် ပြောပေမယ့် သူ နားမထောင်ခဲ့ဘူး။ အမ်ဘာပေက ဟုတ်ပါတယ်။ သူ ကျွန်တော်တို့ပွဲကို ကြည့်နေပါလိမ့်မယ်။ သူက ပွဲတိုင်းကို ကြည့်ရတာ နှစ်သက်ပါတယ်။ မက်ဆီကတော့ မကြည့်ဘူး။ ကျွန်တော့်အတွက် ခက်ခဲခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲတွေအများကြီးရှုံးခဲ့ပြီး သူက ဘို မင်းအသင်း ရှုံးနေတာကို လာကြည့်စမ်းပါ။ ဒီလိုမျိုးကြီး ကစားနေကြတာလားလို့ ပြောလိမ့်မယ်။ ဒါပေမယ့် အဲဒါက ရယ်ရပါတယ်”

“ကျွန်တော် ဆီးမတ်စ် ကိုးမန်း၊ ကိုးလ်ဂိတ်၊ ပစ်ဖို့ဒ်တို့ကို ‘ဘရို ကျေးဇူးပြုပြီး လုပ်ကြစမ်းပါ’လို့ မက်ဆေ့ပို့နေကျပါ။ ကျွန်တော့်အတွက်တော့ သူတို့အတွက် ကျွန်တော် ရှိနေပြီး အားပေးထောက်ခံနေတယ်ဆိုတာကို ပြသဖို့ အရေးကြီးခဲ့ပါတယ်။ အသင်းကို ပြန်လာခဲ့တာက သူတို့ ကျွန်တော့်ကို ခေါ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို လိုအပ်ခဲ့လို့ပါ။ ကျွန်တော်လည်း ကျွန်တော် ပြန်လာပြီး ကူညီပါ့မယ်လို့ ပြောခဲ့တယ်။ အမှတ်ပေးဇယား ထိပ် ဒါမှမဟုတ် အလယ်လောက်မှာ ရှိနေရင်တောင် အဲဒါက လွယ်ကူပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားက အသင်းကို ချစ်ရင် ဆိုးရွားတဲ့အခိုက်အတန့်တွေမှာလည်း ပြန်လာရမှာပဲ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္ ခီလီယန္ အမ္ဘာေပဟာ ပရီးမီးယားလိဂ္အသင္း တစ္သင္းရဲ႕ပြဲစဥ္အားလုံးကို ေစာင့္ၾကည့္ေနက်ျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္း အမ္ဘာေပရဲ႕ ပီအက္စ္ဂ်ီအသင္းနဲ႔ အနာဂတ္ဟာ သတင္းေခါင္းစည္းတိုင္းမွာ ေနရာယူခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္မွာ ျပင္သစ္တိုက္စစ္မႉးက ရာသီကုန္လို႔ စာခ်ဳပ္သက္တမ္းကုန္တာနဲ႔ အသင္းကို စြန႔္ခြာမွာျဖစ္တယ္လို႔ အတည္ျပဳခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ဒီေႏြရာသီမွာ လာလီဂါထိပ္သီးအသင္းႀကီးျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရသလို လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔လို ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးေတြနဲ႔လည္း သတင္းထြက္ေနခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ အသင္းေဖာ္ေဟာင္းတစ္ဦးျဖစ္တဲ့ အီဒရစ္ဆာ ဂါနာ ေဂးယီက ျပင္သစ္တိုက္စစ္မႉးဟာ အဲဗာတန္ရဲ႕ ပြဲစဥ္ေတြကို ေစာင့္ၾကည့္ေနက်ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ႏွစ္က ခက္ခဲခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဆက္ၿပီး အားေပးေထာက္ခံခဲ့တယ္။ ကြၽန္ေတာ္တို႔ ရႈံးတိုင္း ဒရက္စ္လာက မင္း အသင္သးကို ျမင္တယ္မလား။ သူတို႔ေတြက မေကာင္းဘူးလို႔ ေျပာတာကို မွတ္မိတယ္။ ကြၽန္ေတာ္က ငါတို႔ေတြ ရွင္သန္ႏိုင္မွာလို႔ ျပန္ေျပာခဲ့တယ္။ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲမွာ ကြၽန္ေတာ္တို႔ ရွင္က်န္ႏိုင္ခဲ့ေတာ့ သူက မင္း ကံေကာင္းသြားတာပါလို႔ ေျပာခဲ့ၿပီး ကြၽန္ေတာ္က ငါ မင္းကို ေျပာခဲ့သားပဲလို႔ ေျပာခဲ့တယ္။ သူ႔ကို အဲဗာတန္လာခဲ့လို႔ ကြၽန္ေတာ္ ေျပာေပမယ့္ သူ နားမေထာင္ခဲ့ဘူး။ အမ္ဘာေပက ဟုတ္ပါတယ္။ သူ ကြၽန္ေတာ္တို႔ပြဲကို ၾကည့္ေနပါလိမ့္မယ္။ သူက ပြဲတိုင္းကို ၾကည့္ရတာ ႏွစ္သက္ပါတယ္။ မက္ဆီကေတာ့ မၾကည့္ဘူး။ ကြၽန္ေတာ့္အတြက္ ခက္ခဲခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ပြဲေတြအမ်ားႀကီးရႈံးခဲ့ၿပီး သူက ဘို မင္းအသင္း ရႈံးေနတာကို လာၾကည့္စမ္းပါ။ ဒီလိုမ်ိဳးႀကီး ကစားေနၾကတာလားလို႔ ေျပာလိမ့္မယ္။ ဒါေပမယ့္ အဲဒါက ရယ္ရပါတယ္”

“ကြၽန္ေတာ္ ဆီးမတ္စ္ ကိုးမန္း၊ ကိုးလ္ဂိတ္၊ ပစ္ဖို႔ဒ္တို႔ကို ‘ဘ႐ို ေက်းဇူးျပဳၿပီး လုပ္ၾကစမ္းပါ’လို႔ မက္ေဆ့ပို႔ေနက်ပါ။ ကြၽန္ေတာ့္အတြက္ေတာ့ သူတို႔အတြက္ ကြၽန္ေတာ္ ရွိေနၿပီး အားေပးေထာက္ခံေနတယ္ဆိုတာကို ျပသဖို႔ အေရးႀကီးခဲ့ပါတယ္။ အသင္းကို ျပန္လာခဲ့တာက သူတို႔ ကြၽန္ေတာ့္ကို ေခၚခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ကို လိုအပ္ခဲ့လို႔ပါ။ ကြၽန္ေတာ္လည္း ကြၽန္ေတာ္ ျပန္လာၿပီး ကူညီပါ့မယ္လို႔ ေျပာခဲ့တယ္။ အမွတ္ေပးဇယား ထိပ္ ဒါမွမဟုတ္ အလယ္ေလာက္မွာ ရွိေနရင္ေတာင္ အဲဒါက လြယ္ကူပါလိမ့္မယ္။ ဒါေပမယ့္ ခင္ဗ်ားက အသင္းကို ခ်စ္ရင္ ဆိုး႐ြားတဲ့အခိုက္အတန႔္ေတြမွာလည္း ျပန္လာရမွာပဲ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.