Bundesliga

ဆာနေးကို ပါးရိုက်ခဲ့လို့ အနီကတ်နဲ့ထုတ်ခံခဲ့ရတဲ့ ယူနီယံ ဘာလင် နည်းပြ

ယူနီယံ ဘာလင်နည်းပြ နီနက်ဒ် ဘီရယ်လီချာဟာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် လီရွိုင်း ဆာနေးကို လက်ပါခဲ့ပြီးနောက် ကြီးမားတဲ့ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာ သေချာပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ရာဖေး ဂွါရဲရိုးရဲ့ သွင်းဂိုးနဲ့ ပထမပိုင်းအပြီးမှာ ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ဒုတိယပိုင်းမှာ ဆာနေးနဲ့ ယူနီယံဘာလင်နည်းပြတို့ကြား အံ့အားသင့်စရာအဖြစ်အပျက်ကြောင့် ကြီးကြီးမားမား အငြင်းပွားစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ထူးထူးဆန်းဆန်းပဲ ယူနီယံ ဘာလင်က နောက်ကနေ ချေပဂိုး လိုက်သွင်းဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ ဘီရယ်လီချာက ဘောလုံးကို ကိုင်ထားပြီး မန်ချက်စတာစီးတောင်ပံကစားသမားဟောင်းဆီကို ပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဆာနေးက ဘီရယ်လီချာရဲ့ လက်ကို ရိုက်ချဖို့ ကြိုးပမ်းခဲ့ပြီး ယူနီယံ ဘာလင်နည်းပြက ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ရဲ့ မျက်နှာကို လက်နဲ့ ၂ ကြိမ်အထိ တွန်းထုတ်ခဲ့ပြီး ပါးပိတ်ရိုက်ခဲ့ပုံ ပိုပေါ်ပါတယ်။

ဒီကိစ္စကြောင့် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ အဲရစ် ဒိုင်ယာအပါအဝင် နှစ်ဖက်အသင်း ကစားသမားတွေပါ ရန်ပွဲထဲမှာ ပါဝင်ခဲ့ကြပြီး အဆုံးမှာတော့ ယူနီယံ ဘာလင် နည်းပြဟာ ကွင်းလယ်ဒိုင်ရဲ့ အနီကတ်ပြ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူနီယံ ဘာလင်နည်းပြဟာ ကွင်းဘေးစည်းကနေ ကောင်းကောင်းမွန်မွန် ထွက်သွားခဲ့တာမျိုးမဟုတ်ခဲ့ဘဲ အထူးခုံတန်းကို သွားတဲ့လမ်းမှာ ဘိုင်ယန်မြူးနစ်ပရိသတ်တွေကိုပါ ရန်စတဲ့ပုံစံနဲ့ ဆက်လက် အော်ဟစ်နေခဲ့တာဖြစ်ပါတယ်။

နည်းပြအဖွဲ့ဝင်တွေဟာ ဘီရယ်လီချာကို စိတ်လျှော့ဖို့ ဝိုင်းထိန်းခဲ့ပြီးနောက် ပွဲနောက်ဆုံးမိနစ်တွေကို ယူနီယံဘာလင်နည်းပြက ပွဲကြည့်စင်ကနေသာ ကြည့်ရှုခဲ့ရတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဟာ ဒီပွဲမှာ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားဦးဆောင်သူ လေဗာကူဆင်နဲ့ ၄ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူနီယံ ဘာလင္နည္းျပ နီနက္ဒ္ ဘီရယ္လီခ်ာဟာ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ လီ႐ြိဳင္း ဆာေနးကို လက္ပါခဲ့ၿပီးေနာက္ ႀကီးမားတဲ့ ပြဲပယ္ျပစ္ဒဏ္က်ခံရေတာ့မွာ ေသခ်ာပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ဗုဒၶဟူးေန႔ညက ကစားခဲ့တဲ့ ဘြန္ဒက္စ္လီဂါပြဲစဥ္မွာ ရာေဖး ဂြါရဲ႐ိုးရဲ႕ သြင္းဂိုးနဲ႔ ပထမပိုင္းအၿပီးမွာ ၁-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ဒုတိယပိုင္းမွာ ဆာေနးနဲ႔ ယူနီယံဘာလင္နည္းျပတို႔ၾကား အံ့အားသင့္စရာအျဖစ္အပ်က္ေၾကာင့္ ႀကီးႀကီးမားမား အျငင္းပြားစရာျဖစ္ခဲ့တာျဖစ္ပါတယ္။

ထူးထူးဆန္းဆန္းပဲ ယူနီယံ ဘာလင္က ေနာက္ကေန ေခ်ပဂိုး လိုက္သြင္းဖို႔ ႀကိဳးပမ္းေနတဲ့အခ်ိန္မွာ ဘီရယ္လီခ်ာက ေဘာလုံးကို ကိုင္ထားၿပီး မန္ခ်က္စတာစီးေတာင္ပံကစားသမားေဟာင္းဆီကို ေပးဖို႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ ဆာေနးက ဘီရယ္လီခ်ာရဲ႕ လက္ကို ႐ိုက္ခ်ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ယူနီယံ ဘာလင္နည္းျပက ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ရဲ႕ မ်က္ႏွာကို လက္နဲ႔ ၂ ႀကိမ္အထိ တြန္းထုတ္ခဲ့ၿပီး ပါးပိတ္႐ိုက္ခဲ့ပုံ ပိုေပၚပါတယ္။

ဒီကိစၥေၾကာင့္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တဲ့ အဲရစ္ ဒိုင္ယာအပါအဝင္ ႏွစ္ဖက္အသင္း ကစားသမားေတြပါ ရန္ပြဲထဲမွာ ပါဝင္ခဲ့ၾကၿပီး အဆုံးမွာေတာ့ ယူနီယံ ဘာလင္ နည္းျပဟာ ကြင္းလယ္ဒိုင္ရဲ႕ အနီကတ္ျပ ထုတ္ပယ္ျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယူနီယံ ဘာလင္နည္းျပဟာ ကြင္းေဘးစည္းကေန ေကာင္းေကာင္းမြန္မြန္ ထြက္သြားခဲ့တာမ်ိဳးမဟုတ္ခဲ့ဘဲ အထူးခုံတန္းကို သြားတဲ့လမ္းမွာ ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြကိုပါ ရန္စတဲ့ပုံစံနဲ႔ ဆက္လက္ ေအာ္ဟစ္ေနခဲ့တာျဖစ္ပါတယ္။

နည္းျပအဖြဲ႕ဝင္ေတြဟာ ဘီရယ္လီခ်ာကို စိတ္ေလွ်ာ့ဖို႔ ဝိုင္းထိန္းခဲ့ၿပီးေနာက္ ပြဲေနာက္ဆုံးမိနစ္ေတြကို ယူနီယံဘာလင္နည္းျပက ပြဲၾကည့္စင္ကေနသာ ၾကည့္ရႈခဲ့ရတာ ျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ဟာ ဒီပြဲမွာ အႏိုင္ရခဲ့တာေၾကာင့္ အမွတ္ေပးဇယားဦးေဆာင္သူ ေလဗာကူဆင္နဲ႔ ၄ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.