Match Report Premier League

သရဲနီအိုနာနာနဲ့ အဖေမတူ အမေကွဲ အမာဒူ အိုနာနာကယ်လို့ ပဲလေ့စ်ကို အိမ်ကွင်းမှာ သရေကျတဲ့ အဲဗာတန်

တနင်္လာနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ပွဲစဉ်မှာ အိမ်ရှင်တွေက အမာဒူ အိုနာနာရဲ့ နောက်ကျ ချေပဂိုးကြောင့် ၁-၁ နဲ့ သရေကျခဲ့ပါတယ်။

ပထမပိုင်းမှာ အိမ်ရှင်တွေက ပွဲကစားချိန် အလယ်လောက်အထိ ခရစ္စတယ် ပဲလေ့စ်ကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပေမယ့်လည်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်က ပွဲကစားချိန် မိနစ် ၃၀ လောက်ကနေ ပထမပိုင်း ပြီးဆုံးတဲ့အထိ အိမ်ရှင်တွေကို ပြန်လည်ဖိအားပေး တိုက်စစ်ဆင်လာခဲ့ပြီး ဂိုးကန်သွင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်း ညံ့ဖျင်းခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင် အဲဗာတန်က ပထမပိုင်းကထက် ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ၆၃ မိနစ်မှာ ထောင့်ကန်ဘောကနေ ဂါနာကန်တင်ပေးလိုက်တဲ့ဘောလုံးကို တာကောစကီး ခေါင်းတိုက်သွင်းယူခဲ့တာကို ဂျွန်စတုန်းက အံ့အားသင့်ဖွယ် ရပ်တန့်နိုင်ခဲ့ပါတယ်။

ပြန်ကျလာတဲ့ ဘောလုံးကို ပင်နယ်တီဧရိယာအစွန်က ဂေးယီက ကန်သွင်းခဲ့ရာမှာ ဒူကူရေးနဲ့ ထိပြီး လမ်းကြောင်း ပြောင်းသွားခဲ့ပေမယ့် ဂေါ့ဖရေးက ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခဲ့တာကြောင့် အဲဗာတန်တို့ ဦးဆောင်ဂိုး မရခဲ့တာဖြစ်ပါတယ်။

၆၆ မိနစ်မှာတော့ မာတီတာက ဘရန့်သ်ဝိတ်နဲ့ ဘောလုံးယှဉ်လုရာမှာ အနိုင်ရခဲ့ပြီး အိုနာနာက ဖျက်ထုတ်ခဲ့ပေမယ့် ဘောလုံးက ဂျော်ဒန် အယူးဆီ ရောက်သွားခဲ့ပြီးနောက် ပဲလေ့စ်တိုက်စစ်မှူးက ညာခြေနဲ့ ဂိုးဘယ်ဖက်အပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ဟာ ဂိုးပေးခဲ့ရပြီးနောက် ချေပဂိုး ပြန်လည်သွင်းယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမယ့်လည်း ဂျွန်စတုန်းက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ၈၄ မိနစ်မှာတော့ လူစားဝင်လာတဲ့ အမာဒူ အိုနာနာက အိမ်ရှင်တွေအတွက်အရေးကြီးတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အမာဒူ အိုနာနာဟာ ထောင့်ကန်ဘောကနေ မက်နေးလ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာထဲမှာ ရှိတဲ့ လူအားလုံးထက် ပိုမြင့်အောင် ခုန်ပြီး ဂိုးပေါက်ထဲကို အားပါပြင်းထန်တဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တည်ကန်ဘောတွေကနေ သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး အာဆင်နယ်တစ်သင်းတည်းကသာ တည်ကန်ဘောကနေ သွင်းဂိုး(၁၁ ဂိုး) ပိုမို သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနလၤာေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဲဗာတန္နဲ႔ ခရစၥတယ္ ပဲေလ့စ္တို႔ပြဲစဥ္မွာ အိမ္ရွင္ေတြက အမာဒူ အိုနာနာရဲ႕ ေနာက္က် ေခ်ပဂိုးေၾကာင့္ ၁-၁ နဲ႔ သေရက်ခဲ့ပါတယ္။

ပထမပိုင္းမွာ အိမ္ရွင္ေတြက ပြဲကစားခ်ိန္ အလယ္ေလာက္အထိ ခရစၥတယ္ ပဲေလ့စ္ကို ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ ဖိအားေပးတိုက္စစ္ဆင္ႏိုင္ခဲ့ေပမယ့္လည္း အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။ ခရစၥတယ္ပဲေလ့စ္က ပြဲကစားခ်ိန္ မိနစ္ ၃၀ ေလာက္ကေန ပထမပိုင္း ၿပီးဆုံးတဲ့အထိ အိမ္ရွင္ေတြကို ျပန္လည္ဖိအားေပး တိုက္စစ္ဆင္လာခဲ့ၿပီး ဂိုးကန္သြင္းမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း အဆုံးသတ္ပိုင္း ညံ့ဖ်င္းခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ အိမ္ရွင္ အဲဗာတန္က ပထမပိုင္းကထက္ ကစားပုံ ပိုမိုေကာင္းမြန္လာခဲ့ၿပီး ၆၃ မိနစ္မွာ ေထာင့္ကန္ေဘာကေန ဂါနာကန္တင္ေပးလိုက္တဲ့ေဘာလုံးကို တာေကာစကီး ေခါင္းတိုက္သြင္းယူခဲ့တာကို ဂြၽန္စတုန္းက အံ့အားသင့္ဖြယ္ ရပ္တန႔္ႏိုင္ခဲ့ပါတယ္။

ျပန္က်လာတဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာအစြန္က ေဂးယီက ကန္သြင္းခဲ့ရာမွာ ဒူကူေရးနဲ႔ ထိၿပီး လမ္းေၾကာင္း ေျပာင္းသြားခဲ့ေပမယ့္ ေဂါ့ဖေရးက ဂိုးစည္းေပၚကေန ရွင္းထုတ္ခဲ့တာေၾကာင့္ အဲဗာတန္တို႔ ဦးေဆာင္ဂိုး မရခဲ့တာျဖစ္ပါတယ္။

၆၆ မိနစ္မွာေတာ့ မာတီတာက ဘရန႔္သ္ဝိတ္နဲ႔ ေဘာလုံးယွဥ္လုရာမွာ အႏိုင္ရခဲ့ၿပီး အိုနာနာက ဖ်က္ထုတ္ခဲ့ေပမယ့္ ေဘာလုံးက ေဂ်ာ္ဒန္ အယူးဆီ ေရာက္သြားခဲ့ၿပီးေနာက္ ပဲေလ့စ္တိုက္စစ္မႉးက ညာေျခနဲ႔ ဂိုးဘယ္ဖက္အေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဲဗာတန္ဟာ ဂိုးေပးခဲ့ရၿပီးေနာက္ ေခ်ပဂိုး ျပန္လည္သြင္းယူဖို႔ အျပင္းအထန္ ႀကိဳးစားခဲ့ေပမယ့္လည္း ဂြၽန္စတုန္းက လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့တာျဖစ္ၿပီး ၈၄ မိနစ္မွာေတာ့ လူစားဝင္လာတဲ့ အမာဒူ အိုနာနာက အိမ္ရွင္ေတြအတြက္အေရးႀကီးတဲ့ ေခ်ပဂိုးကို သြင္းယူေပးခဲ့ပါတယ္။

အမာဒူ အိုနာနာဟာ ေထာင့္ကန္ေဘာကေန မက္ေနးလ္ ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာထဲမွာ ရွိတဲ့ လူအားလုံးထက္ ပိုျမင့္ေအာင္ ခုန္ၿပီး ဂိုးေပါက္ထဲကို အားပါျပင္းထန္တဲ့ ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဲဗာတန္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ တည္ကန္ေဘာေတြကေန သြင္းဂိုး ၁၀ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္တစ္သင္းတည္းကသာ တည္ကန္ေဘာကေန သြင္းဂိုး(၁၁ ဂိုး) ပိုမို သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.