La Liga Match Report

ဘီလ်ဘာအိုကို ထပ်ရှုံးပြီး ဇယားထိပ်နဲ့ ပိုဝေးကွာလာတဲ့ ဂီရိုနာ

တနင်္လာနေ့ညက ကစားခဲ့တဲ့ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ဂီရိုနာတို့ရဲ့ ပွဲစဉ်မှာ အဲလက်စ် ဘီရန်ဂူယာက ၂ ဂိုးအထိ သွင်းယူခဲ့ပြီး အမြင့်ပျံနေတဲ့ ဂီရိုနာရဲ့ လာလီဂါဖလား ရည်မှန်းချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်စေခဲ့ပါတယ်။

ဘီရန်ဂူယာဟာ အဲလက်စ် ဂါစီယာရဲ့ ပေးပို့မှုကို ကြားဝင် ရယူခဲ့ပြီး အက်သလက်တစ် ဘီလ်ဘာအိုကို ပွဲကစားချိန် ၂ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပေမယ့်လည်း ဆီဂန်ကော့ဗ်က ၄၉ မိနစ်မှာ အနီးကပ်ပိတ်သွင်းချက်နဲ့ ချေပဂိုး ပြန်လည်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘီရန်ဂူယာကပဲ အိမ်ရှင် အက်သလက်တစ် ဘီလ်ဘာအိုအတွက် ၅၆ မိနစ်မှာ နောက်ထပ် သွင်းဂိုးနဲ့ ဦးဆောင်ခွင့် ပြန်လည်ရယူပေးခဲ့ပြီး အီနာကီ ဝီလီယံစ်က နောက်ထပ် ၄ မိနစ်အကြာမှာ ဂီရိုနာတို့ ပြန်မလာနိုင်စေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲရစ် ဂါစီယာက ပွဲကစားချိန် ၇၅ မိနစ်မှာ အဲလက်စ် ဂါစီယာရဲ့ အလွတ်တည်ကန်ဘောကနေ ပေးပို့ခဲ့တဲ့ ဘောလုံးကို အနီးကပ်ကန်သွင်းယူပြီး ချေပဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း သရေ ၁ မှတ် ရယူဖို့အတွက် လုံလောက်တဲ့ နောက်ထပ် ချေပဂိုး မသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂ ပွဲဆက်တိုက် လာလီဂါရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဂီရိုနာဟာ လာလီဂါအမှတ်ပေးဇယားမှာ ရမှတ် ၅၆ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေဆဲဖြစ်ပြီး တတိယနေရာက ဘာစီလိုနာထက် ၂ မှတ်အသာ၊ ဇယားထိပ်က ရီးရဲလ်မက်ဒရစ်နဲ့ ၆ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အဆင့် ၅ နေရာက အက်သလက်တစ် ဘီလ်ဘာအိုကတော့ ၄၉ မှတ် ရရှိခဲ့ပြီဖြစ်ပြီး အဆင့် ၄ နေရာက အက်သလက်တီကို မက်ဒရစ်နဲ့ ၂ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနလၤာေန႔ညက ကစားခဲ့တဲ့ အက္သလက္တစ္ ဘီလ္ဘာအိုနဲ႔ ဂီ႐ိုနာတို႔ရဲ႕ ပြဲစဥ္မွာ အဲလက္စ္ ဘီရန္ဂူယာက ၂ ဂိုးအထိ သြင္းယူခဲ့ၿပီး အျမင့္ပ်ံေနတဲ့ ဂီ႐ိုနာရဲ႕ လာလီဂါဖလား ရည္မွန္းခ်က္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္ေစခဲ့ပါတယ္။

ဘီရန္ဂူယာဟာ အဲလက္စ္ ဂါစီယာရဲ႕ ေပးပို႔မႈကို ၾကားဝင္ ရယူခဲ့ၿပီး အက္သလက္တစ္ ဘီလ္ဘာအိုကို ပြဲကစားခ်ိန္ ၂ မိနစ္မွာ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ေပမယ့္လည္း ဆီဂန္ေကာ့ဗ္က ၄၉ မိနစ္မွာ အနီးကပ္ပိတ္သြင္းခ်က္နဲ႔ ေခ်ပဂိုး ျပန္လည္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘီရန္ဂူယာကပဲ အိမ္ရွင္ အက္သလက္တစ္ ဘီလ္ဘာအိုအတြက္ ၅၆ မိနစ္မွာ ေနာက္ထပ္ သြင္းဂိုးနဲ႔ ဦးေဆာင္ခြင့္ ျပန္လည္ရယူေပးခဲ့ၿပီး အီနာကီ ဝီလီယံစ္က ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ဂီ႐ိုနာတို႔ ျပန္မလာႏိုင္ေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဲရစ္ ဂါစီယာက ပြဲကစားခ်ိန္ ၇၅ မိနစ္မွာ အဲလက္စ္ ဂါစီယာရဲ႕ အလြတ္တည္ကန္ေဘာကေန ေပးပို႔ခဲ့တဲ့ ေဘာလုံးကို အနီးကပ္ကန္သြင္းယူၿပီး ေခ်ပဂိုး သြင္းယူေပးခဲ့ေပမယ့္လည္း သေရ ၁ မွတ္ ရယူဖို႔အတြက္ လုံေလာက္တဲ့ ေနာက္ထပ္ ေခ်ပဂိုး မသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

၂ ပြဲဆက္တိုက္ လာလီဂါရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ဂီ႐ိုနာဟာ လာလီဂါအမွတ္ေပးဇယားမွာ ရမွတ္ ၅၆ မွတ္နဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနဆဲျဖစ္ၿပီး တတိယေနရာက ဘာစီလိုနာထက္ ၂ မွတ္အသာ၊ ဇယားထိပ္က ရီးရဲလ္မက္ဒရစ္နဲ႔ ၆ မွတ္အကြာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

အဆင့္ ၅ ေနရာက အက္သလက္တစ္ ဘီလ္ဘာအိုကေတာ့ ၄၉ မွတ္ ရရွိခဲ့ၿပီျဖစ္ၿပီး အဆင့္ ၄ ေနရာက အက္သလက္တီကို မက္ဒရစ္နဲ႔ ၂ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.