Premier League

စီးတီးပြီးရင် ချဲလ်ဆီးတို့ လီဗာပူးလ်ကို ဝုန်းဦးမယ်ဆိုတဲ့ သရဲနီဂန္တဝင်

လီဗာပူးလ်ရဲ့ ကစားဟန်ဟာ ချဲလ်ဆီးနဲ့ သင့်တော်ပြီး ပိုချက်တီနိုတို့ရဲ့အသင်းအနေနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ ကြိုးကြာနီတွေကို အနိုင်ယူနိုင်ဖို့ စစ်မှန်တဲ့ အခွင့်အရေးရှိနေတယ်လို့ မန်ယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက ယုံကြည်နေပါတယ်။

ဂယ်ရီ နဗီးက စနေနေ့က မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ပွဲက ချဲလ်ဆီးရဲ့ စွမ်းဆောင်ရည်ဟာ ဝင်ဘလေမှာ ကစားရမယ့် ပွဲစဉ်ရဲ့ ချိန်ခွင်လျှာကို အပြောင်းအလဲဖြစ်စေခဲ့တယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့အသင်းဟာ အစ်တီဟတ်မှာ အနိုင်ရသင့်ခဲ့ပေမယ့်လည်း အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တာကြောင့် သရေ ၁ မှတ်သာ ရယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် တနင်္လာနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဘရန့်တ်ဖို့ဒ်ကို စနေနေ့အစောပိုင်းမှာ ၄-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပေမယ့်လည်း ဂျိုတာ၊ ဒါဝင် နူးညက်ဇ်နဲ့ ကာတစ် ဂျုံးစ်တို့ကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

အယ်လစ်ဆန်နဲ့ အာနိုးတို့လည်း ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိချိန်မှာ နောက်ထပ် အဓိကကစားသမားတွေကို ဆုံးရှုံးခဲ့ရတာကြောင့် ဒီအပတ် ဝင်ဘလေမှာ ကစားရမယ့် ကာရာဘောင်းဗိုလ်လုပွဲက ချဲလ်ဆီးတို့ အနိုင်ရဖို့ စစ်မှန်တဲ့အခွင့်အရေးဖြစ်လာပြီလို့ နဗီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီပွဲက ကြည့်ကောင်းမယ်လို့ ကျွန်တော်ထင်တယ်။ လီဗာပူးလ်ပရိသတ်တွေ၊ လီဗာပူးလ်ကစားသမားတွေ၊ လီဗာပူးလ်နည်းပြတွေက စနေနေ့က ချဲလ်ဆီးပွဲကြည့်ခဲ့ကြမှာပါ။ ဒါပေမယ့် သူတို့တွေမှာ မပါဝင်နိုင်တဲ့ ကစားသမားတွေနေရာမှာ ဝင်ကစားပြီး စွမ်းဆောင်ပေးနိုင်တဲ့ ကစားသမားတွေရှိတယ်လို့ တွေးနေမှာပါ။ ချဲလ်ဆီးအတွက် ပွဲကြီးပွဲကောင်းဖြစ်သလို လီဗာပူးလ်အတွက်လည်း ပွဲကြီးပွဲကောင်းပါ။ နူးညက်ဇ်က စနေနေ့မှာ ပထမပိုင်းမှာပဲ လူစားလဲခံခဲ့ရတယ်။ ဂျိုတာရော ဂျုံးစ်ရော လူစားလဲခံခဲ့ရတယ်။ နူးညက်ဇ်ထွက်သွားတဲ့အချိန်၊ ဂျိုတာ ထွက်သွားတဲ့အချိန်၊ အာနိုးကလည်း မကစားပေးနိုင်ဘူး။ သူတို့တွေ ဖြစ်ချင်တဲ့ပုံစံထက် ပိုပြီး နည်းနည်း အားနည်းသွားပါပြီ။ ယာဂန် ကလော့ပ်က ငါတို့ ဒဏ်ရာတွေ ဘယ်လောက်တောင် ရနေတာလဲလို့ တွေးနေမှာပါ”

“ရှင်းရှင်းပြောရရင် လီဗာပူးလ်က လာမယ့်အပတ်ပွဲမှာ အနိုင်ရဖို့ ရေပန်းအစားဆုံးပါ။ ဒါပေမယ့် ချဲလ်ဆီးမှာလည်း အခွင့်အရေးရှိပါတယ်။ သူတို့တွေ စနေနေ့က ပြသခဲ့တာက ကွင်းတစ်ဖက်ခြမ်းထိ တက်နေတဲ့အချိန်မှာ လီဗာပူးလ်လုပ်သလိုပဲ တန်ပြန်တိုက်စစ်ဆင်နိုင်တယ်။ တကယ်ကို အန္တရာယ်ရှိတဲ့အသင်းဆိုတာပါ။ အဲဒီကစားပုံက ချဲလ်ဆီးနဲ့ သင့်တော်တယ်လို့ ထင်တယ်။ ဂျက်ဆင်က ပြေးဝင်ဖို့ နေရာလွတ်လိုတယ်။ စတားလင်းလည်း နေရာလွတ်လိုတယ်။ ပါလ်မာက နေရာလွတ်တွေထဲကို ပေးပို့မှုတွေ ပြုလုပ်ချင်တယ်။ ချဲလ်ဆီးက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲတုန်းက လုပ်ခဲ့တဲ့အတိုင်း ခက်ခဲလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် တခြားညမှာတာ့ ပင်နယ်တီဧရိယာအစွန်မှာ ပေးပို့မှုတွေ ၁၀ ကြိမ်လုပ်နိုင်ခဲ့တယ်။ ဒီပွဲကတော့ ကြည့်ကောင်းပြီလို့ ထင်တယ်။ ကျွန်တော် ဒီပွဲကို တကယ်စောင့်မျှော်နေပါတယ်။ လီဗာပူးလ်က ဒီပွဲအတွက် သူတို့တွေ အဆင်သင့်ဖြစ်နေပြီဆိုတာကို သိနေမှာပါ။ ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ရဲ႕ ကစားဟန္ဟာ ခ်ဲလ္ဆီးနဲ႔ သင့္ေတာ္ၿပီး ပိုခ်က္တီႏိုတို႔ရဲ႕အသင္းအေနနဲ႔ ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ ႀကိဳးၾကာနီေတြကို အႏိုင္ယူႏိုင္ဖို႔ စစ္မွန္တဲ့ အခြင့္အေရးရွိေနတယ္လို႔ မန္ယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက ယုံၾကည္ေနပါတယ္။

ဂယ္ရီ နဗီးက စေနေန႔က မန္ခ်က္စတာစီးတီးနဲ႔ ကစားခဲ့တဲ့ပြဲက ခ်ဲလ္ဆီးရဲ႕ စြမ္းေဆာင္ရည္ဟာ ဝင္ဘေလမွာ ကစားရမယ့္ ပြဲစဥ္ရဲ႕ ခ်ိန္ခြင္လွ်ာကို အေျပာင္းအလဲျဖစ္ေစခဲ့တယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။ ပိုခ်က္တီႏိုရဲ႕အသင္းဟာ အစ္တီဟတ္မွာ အႏိုင္ရသင့္ခဲ့ေပမယ့္လည္း အခြင့္အေရးေတြ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ သေရ ၁ မွတ္သာ ရယူႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီပြဲမတိုင္ခင္ တနလၤာေန႔ညက ခရစၥတယ္ပဲေလ့စ္ကို ၃-၁ နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ဘရန႔္တ္ဖို႔ဒ္ကို စေနေန႔အေစာပိုင္းမွာ ၄-၁ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ဆက္လက္ရပ္တည္ေနဆဲျဖစ္ေပမယ့္လည္း ဂ်ိဳတာ၊ ဒါဝင္ ႏူးညက္ဇ္နဲ႔ ကာတစ္ ဂ်ဳံးစ္တို႔ကို ဒဏ္ရာေၾကာင့္ ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။

အယ္လစ္ဆန္နဲ႔ အာႏိုးတို႔လည္း ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခ်ိန္မွာ ေနာက္ထပ္ အဓိကကစားသမားေတြကို ဆုံးရႈံးခဲ့ရတာေၾကာင့္ ဒီအပတ္ ဝင္ဘေလမွာ ကစားရမယ့္ ကာရာေဘာင္းဗိုလ္လုပြဲက ခ်ဲလ္ဆီးတို႔ အႏိုင္ရဖို႔ စစ္မွန္တဲ့အခြင့္အေရးျဖစ္လာၿပီလို႔ နဗီးက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဒီပြဲက ၾကည့္ေကာင္းမယ္လို႔ ကြၽန္ေတာ္ထင္တယ္။ လီဗာပူးလ္ပရိသတ္ေတြ၊ လီဗာပူးလ္ကစားသမားေတြ၊ လီဗာပူးလ္နည္းျပေတြက စေနေန႔က ခ်ဲလ္ဆီးပြဲၾကည့္ခဲ့ၾကမွာပါ။ ဒါေပမယ့္ သူတို႔ေတြမွာ မပါဝင္ႏိုင္တဲ့ ကစားသမားေတြေနရာမွာ ဝင္ကစားၿပီး စြမ္းေဆာင္ေပးႏိုင္တဲ့ ကစားသမားေတြရွိတယ္လို႔ ေတြးေနမွာပါ။ ခ်ဲလ္ဆီးအတြက္ ပြဲႀကီးပြဲေကာင္းျဖစ္သလို လီဗာပူးလ္အတြက္လည္း ပြဲႀကီးပြဲေကာင္းပါ။ ႏူးညက္ဇ္က စေနေန႔မွာ ပထမပိုင္းမွာပဲ လူစားလဲခံခဲ့ရတယ္။ ဂ်ိဳတာေရာ ဂ်ဳံးစ္ေရာ လူစားလဲခံခဲ့ရတယ္။ ႏူးညက္ဇ္ထြက္သြားတဲ့အခ်ိန္၊ ဂ်ိဳတာ ထြက္သြားတဲ့အခ်ိန္၊ အာႏိုးကလည္း မကစားေပးႏိုင္ဘူး။ သူတို႔ေတြ ျဖစ္ခ်င္တဲ့ပုံစံထက္ ပိုၿပီး နည္းနည္း အားနည္းသြားပါၿပီ။ ယာဂန္ ကေလာ့ပ္က ငါတို႔ ဒဏ္ရာေတြ ဘယ္ေလာက္ေတာင္ ရေနတာလဲလို႔ ေတြးေနမွာပါ”

“ရွင္းရွင္းေျပာရရင္ လီဗာပူးလ္က လာမယ့္အပတ္ပြဲမွာ အႏိုင္ရဖို႔ ေရပန္းအစားဆုံးပါ။ ဒါေပမယ့္ ခ်ဲလ္ဆီးမွာလည္း အခြင့္အေရးရွိပါတယ္။ သူတို႔ေတြ စေနေန႔က ျပသခဲ့တာက ကြင္းတစ္ဖက္ျခမ္းထိ တက္ေနတဲ့အခ်ိန္မွာ လီဗာပူးလ္လုပ္သလိုပဲ တန္ျပန္တိုက္စစ္ဆင္ႏိုင္တယ္။ တကယ္ကို အႏၲရာယ္ရွိတဲ့အသင္းဆိုတာပါ။ အဲဒီကစားပုံက ခ်ဲလ္ဆီးနဲ႔ သင့္ေတာ္တယ္လို႔ ထင္တယ္။ ဂ်က္ဆင္က ေျပးဝင္ဖို႔ ေနရာလြတ္လိုတယ္။ စတားလင္းလည္း ေနရာလြတ္လိုတယ္။ ပါလ္မာက ေနရာလြတ္ေတြထဲကို ေပးပို႔မႈေတြ ျပဳလုပ္ခ်င္တယ္။ ခ်ဲလ္ဆီးက ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲတုန္းက လုပ္ခဲ့တဲ့အတိုင္း ခက္ခဲလိမ့္မယ္လို႔ ထင္ခဲ့ေပမယ့္ တျခားညမွာတာ့ ပင္နယ္တီဧရိယာအစြန္မွာ ေပးပို႔မႈေတြ ၁၀ ႀကိမ္လုပ္ႏိုင္ခဲ့တယ္။ ဒီပြဲကေတာ့ ၾကည့္ေကာင္းၿပီလို႔ ထင္တယ္။ ကြၽန္ေတာ္ ဒီပြဲကို တကယ္ေစာင့္ေမွ်ာ္ေနပါတယ္။ လီဗာပူးလ္က ဒီပြဲအတြက္ သူတို႔ေတြ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို သိေနမွာပါ။ ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.