Premier League

တွဲကစားဖူးသမျှထဲက အကောင်းဆုံး အသင်းဖော် ၅ ဦးကို သတ်မှတ်ခဲ့တဲ့ ဟာဇက်

အီဒင် ဟာဇက်က ကစားသမားဘဝအတွင်း အသင်းဖော်တွေဖြစ်ခဲ့တဲ့ ကစားသမားတွေထဲက အကောင်းဆုံးကစားသမား ၅ ဦးကို သတ်မှတ်ခဲ့ပြီး ချဲလ်ဆီးအသင်းဖော်ဟောင်း ၃ ဦးအထိ ပါဝင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်တွေက အကြာကြီး မခံခဲ့ပေမယ့်လည်း တသက်တာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ပရိသတ်တွေရင်ထဲမှာ အမှတ်ရနေမယ့်ကစားသမားဖြစ်ပါတယ်။ ဟာဇက်ဟာ သူ့မျိုးဆက်မှာတော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ အဆုံးသတ်အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ချဲလ်ဆီးမှာ ကစားခဲ့တဲ့ ၇ နှစ်အတွင်း အဲဒါကို သက်သေပြသခဲ့တာဖြစ်ပါတယ်။

ဟာဇက်ဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ၂ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီးနောက် ကစားသမားဘဝ နိဂုံးကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဟာဇက်ဟာ ဘာနေဗျူးမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့်လည်း လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလား ရရှိခဲ့သေးတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ မနှစ်က ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်တောင်ပံကြယ်ပွင့်ဟောင်းဟာ ဆုဖလားအောင်မြင်မှုတွေ အများအပြား ရရှိခဲ့ပေမယ့်လည်း ကမ္ဘာ့အဆင့် အသင်းဖော်တွေရဲ့ အကူအညီမပါရင်တော့ အဲဒီဆုဖလားတွေကို ရနိုင်ခဲ့မှာမဟုတ်ပါဘူး။ ဟာဇက်က အသင်းဖော်ဟောင်း ဂျွန်အိုဘီ မီခေးလ် ပင်တိုင်တင်ဆက်တဲ့ Obi One Podcast မှာ စကားပြောဆိုချိန်အတွင်း အတူ တွဲကစားခဲ့ဖူးတဲ့ အကောင်းဆုံးကစားသမား ၅ ဦးကို သတ်မှတ်ပေးဖို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“ရီးရဲလ်မက်ဒရစ်မှာ ကျွန်တော် ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေနဲ့အတူ ကစားခဲ့ရပါတယ်။ ကျွန်တော့်အတွက်ကတော့ မိုဒရစ်၊ ဘန်ဇီးမားတို့က ဒီစာရင်းထဲမှာ ထိပ်ဆုံးက ရှိနေတဲ့သူတွေပါ။ ကီဗင် ဒီဘရိုင်းနားကလည်း ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဖရန့်ခ် လမ်းပတ်ကလည်း ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဟွမ် မာတာကလည်း ကျွန်တော့်အတွက် ဒီစာရင်းထဲမှာ ထိပ်ဆုံးက ရှိနေပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီဒင္ ဟာဇက္က ကစားသမားဘဝအတြင္း အသင္းေဖာ္ေတြျဖစ္ခဲ့တဲ့ ကစားသမားေတြထဲက အေကာင္းဆုံးကစားသမား ၅ ဦးကို သတ္မွတ္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္း ၃ ဦးအထိ ပါဝင္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ေတြက အၾကာႀကီး မခံခဲ့ေပမယ့္လည္း တသက္တာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ ပရိသတ္ေတြရင္ထဲမွာ အမွတ္ရေနမယ့္ကစားသမားျဖစ္ပါတယ္။ ဟာဇက္ဟာ သူ႔မ်ိဳးဆက္မွာေတာ့ စိတ္လႈပ္ရွားစရာ အေကာင္းဆုံးနဲ႔ အဆုံးသတ္အေကာင္းဆုံး တိုက္စစ္ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးမွာ ကစားခဲ့တဲ့ ၇ ႏွစ္အတြင္း အဲဒါကို သက္ေသျပသခဲ့တာျဖစ္ပါတယ္။

ဟာဇက္ဟာ ခ်ဲလ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ၂ ႀကိမ္အထိ ဆြတ္ခူးႏိုင္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီးေနာက္ ကစားသမားဘဝ နိဂုံးကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ဟာဇက္ဟာ ဘာေနဗ်ဴးမွာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရေပမယ့္လည္း လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလား ရရွိခဲ့ေသးတာျဖစ္ၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ကစားသမားဟာ မႏွစ္က ကစားသမားဘဝကေန အနားယူခဲ့တာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ေတာင္ပံၾကယ္ပြင့္ေဟာင္းဟာ ဆုဖလားေအာင္ျမင္မႈေတြ အမ်ားအျပား ရရွိခဲ့ေပမယ့္လည္း ကမာၻ႔အဆင့္ အသင္းေဖာ္ေတြရဲ႕ အကူအညီမပါရင္ေတာ့ အဲဒီဆုဖလားေတြကို ရႏိုင္ခဲ့မွာမဟုတ္ပါဘူး။ ဟာဇက္က အသင္းေဖာ္ေဟာင္း ဂြၽန္အိုဘီ မီေခးလ္ ပင္တိုင္တင္ဆက္တဲ့ Obi One Podcast မွာ စကားေျပာဆိုခ်ိန္အတြင္း အတူ တြဲကစားခဲ့ဖူးတဲ့ အေကာင္းဆုံးကစားသမား ၅ ဦးကို သတ္မွတ္ေပးဖို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

“ရီးရဲလ္မက္ဒရစ္မွာ ကြၽန္ေတာ္ ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြနဲ႔အတူ ကစားခဲ့ရပါတယ္။ ကြၽန္ေတာ့္အတြက္ကေတာ့ မိုဒရစ္၊ ဘန္ဇီးမားတို႔က ဒီစာရင္းထဲမွာ ထိပ္ဆုံးက ရွိေနတဲ့သူေတြပါ။ ကီဗင္ ဒီဘ႐ိုင္းနားကလည္း ထိပ္ဆုံးမွာ ရွိေနပါတယ္။ ဖရန႔္ခ္ လမ္းပတ္ကလည္း ထိပ္ဆုံးမွာ ရွိေနပါတယ္။ ဟြမ္ မာတာကလည္း ကြၽန္ေတာ့္အတြက္ ဒီစာရင္းထဲမွာ ထိပ္ဆုံးက ရွိေနပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.