Premier League

လူတန်နဲ့ပွဲမှာ ဟာလန်း မရခဲ့တဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့တဲ့ ဟွိုင်လန်း

ရာ့စ်မွတ် ဟွိုင်လန်းရဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းခြေစွမ်းဟာ လူတန်တောင်းနဲ့ပွဲမှာ ဆက်လက် မြင်တွေ့ခဲ့ရပြီး သွင်းဂိုး အနည်းငယ်သာ သွင်းယူထားနိုင်သေးပေမယ့်လည်း ပရီးမီးယားလိဂ်သမိုင်းမှာ အထင်ကြီးဖွယ်စံချိန်တစ်ခုကို ရရှိခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်အတွက် ကန်နေးလ်ဝေါ့သ်ရုဒ်မှာ အဖွင့်ဂိုး သွင်းယူပေးဖို့ ၁ မိနစ်တောင် အချိန်မယူခဲ့ရဘဲ လူတန်နောက်ခံလူရဲ့ ဆိုးရွားတဲ့ နောက်ပြန်ပေးပို့မှုကနေ အခွင့်ကောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်တိုက်စစ်မှူးဟာ ဒီသွင်းဂိုးကြောင့် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ ၂၁ နှစ်၊ ၁၄ ရက်အရွယ်နဲ့ ဒီလိုမျိုး ၆ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ဒီစံချိန်ကို အရင်တုန်းက နယူးကာဆယ်ကြယ်ပွင့် ဂျိုး ဝီလော့ခ်က ၂၀၂၁ ခုနှစ် ဧပြီလကနေ မေလအတွင်းမှာ ရရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်က အသက် ၂၁ နှစ်၊ ၂၇၂ ရက်အရွယ်နဲ့ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

အာလင်း ဟာလန်းကလည်း ၂၀၂၂ ခုနှစ် ဩဂုတ်ကနေ အောက်တိုဘာလအတွင်းမှာ ၆ ပွဲဆက်တိုက် ဂိုးသွင်းယူခဲ့ပေမယ့် အသက် ၂၂ နှစ် ၇၃ ရက်အရွယ်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရာ့စ္မြတ္ ဟြိဳင္လန္းရဲ႕ အလြန္ေကာင္းမြန္တဲ့ ဂိုးသြင္းေျခစြမ္းဟာ လူတန္ေတာင္းနဲ႔ပြဲမွာ ဆက္လက္ ျမင္ေတြ႕ခဲ့ရၿပီး သြင္းဂိုး အနည္းငယ္သာ သြင္းယူထားႏိုင္ေသးေပမယ့္လည္း ပရီးမီးယားလိဂ္သမိုင္းမွာ အထင္ႀကီးဖြယ္စံခ်ိန္တစ္ခုကို ရရွိခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ကန္ေနးလ္ေဝါ့သ္႐ုဒ္မွာ အဖြင့္ဂိုး သြင္းယူေပးဖို႔ ၁ မိနစ္ေတာင္ အခ်ိန္မယူခဲ့ရဘဲ လူတန္ေနာက္ခံလူရဲ႕ ဆိုး႐ြားတဲ့ ေနာက္ျပန္ေပးပို႔မႈကေန အခြင့္ေကာင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒိန္းမတ္တိုက္စစ္မႉးဟာ ဒီသြင္းဂိုးေၾကာင့္ ပရီးမီးယားလိဂ္ ၆ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္သမိုင္းမွာ ၂၁ ႏွစ္၊ ၁၄ ရက္အ႐ြယ္နဲ႔ ဒီလိုမ်ိဳး ၆ ပြဲဆက္ ဂိုးသြင္းႏိုင္တဲ့ အသက္အငယ္ဆုံးကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ဒီစံခ်ိန္ကို အရင္တုန္းက နယူးကာဆယ္ၾကယ္ပြင့္ ဂ်ိဳး ဝီေလာ့ခ္က ၂၀၂၁ ခုႏွစ္ ဧၿပီလကေန ေမလအတြင္းမွာ ရရွိခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္က အသက္ ၂၁ ႏွစ္၊ ၂၇၂ ရက္အ႐ြယ္နဲ႔ စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။

အာလင္း ဟာလန္းကလည္း ၂၀၂၂ ခုႏွစ္ ဩဂုတ္ကေန ေအာက္တိုဘာလအတြင္းမွာ ၆ ပြဲဆက္တိုက္ ဂိုးသြင္းယူခဲ့ေပမယ့္ အသက္ ၂၂ ႏွစ္ ၇၃ ရက္အ႐ြယ္ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.