Match Report Premier League

၆ ပွဲဆက်ဂိုးသွင်းပြီး ရပ်တန့်မရတဲ့ ဟွိုင်လန်းရဲ့ဂိုးတွေကြောင့် ထိပ်ဆုံး ၄ နေရာနဲ့ပိုနီးလာတဲ့ ယူနိုက်တက်

ရာ့စ်မွတ် ဟွိုင်လန်းဟာ ကန်နေးလ်ဝေါ့သ်ရုဒ်မှာ လူတန်တောင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၆ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်ကတ်ရဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးဟာ ပထမပိုင်း စစချင်း ၇ မိနစ်အတွင်းမှာပဲ ၂ ဂိုးအထိ သွင်းယူပြီး အဲရစ် တန်ဟက်ရဲ့အသင်းအတွက် ၄ ပွဲဆက်တိုက်လိဂ်နိုင်ပွဲရယူပေးခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ပထမပိုင်း ၃၇ စက္ကန့်မှာပဲ အမာရီ ဘဲလ်ရဲ့အမှားကြောင့် ဂိုးသမား ကာမင်းစကီးကို လှည့်ထွက်ပြီး ဂိုးသွင်းယူနိုင်ခဲ့ပြီး ၇ မိနစ်မှာ ဂါနာချိုရဲ့ ကန်ချက်ကို ရင်ဘတ်နဲ့ လမ်းကြောင်းပြောင်းပြီး နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လူတန်တောင်းဟာ စောစောစီးစီး ဂိုးတွေပေးလိုက်ရလို့ ဦးကျိုးမသွားဘဲ ပြန်လည်တုံ့ပြန်ဖို့ ကြိုးပမ်းခဲ့ပြီး ကာလ်တန် မောရစ်က အိမ်ရှင်တွေအတွက် ခေါင်းတိုက်ဂိုးသွင်းယူပေးပြီး မျှော်လင့်ချက်အသက်သွင်းပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းမပြီးဆုံးခင်မှာ လုခ်ရှောကို ဒဏ်ရာကြောင့် ဆုံးရှုံးလိုက်ရပြီး ဟာရီ မက်ဂွိုင်းယားနဲ့ ကက်စီမီရိုတို့လည်း ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်က ဂိုးသွင်းခွင့်တွေ ပိုမိုဖန်တီးနိုင်ခဲ့ပြီး ကာမင်းစကီးက ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းရဲ့ ဟက်ထရစ်ပြည့်မြောက်မယ့် ဂိုးကန်သွင်းမှုတွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ နောက်ထပ်ဂိုးတွေ မပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဧည့်သည်တွေအတွက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အခိုက်အတန့်က နာကျင်အချိန်ပိုမှာ ဖြစ်ခဲ့တာဖြစ်ပြီး ရော့စ် ဘာကလေရဲ့ ခေါင်းတိုက်ချက်က ဂိုးဘားတန်းအပေါ်ကို ကျော်သွားခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ချက်စတာယူနိုက်တက်ဟာ အဆင့် ၄ နေရာက အက်စတန် ဗီလာနဲ့ ၅ မှတ်အကွာ အဆင့် ၆ နေရာအထိတက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံး ၄ နေရာထဲ ဝင်ရောက်နိုင်ဖို့ တနေ့တခြား ပိုမိုနီးကပ်လာပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရာ့စ္မြတ္ ဟြိဳင္လန္းဟာ ကန္ေနးလ္ေဝါ့သ္႐ုဒ္မွာ လူတန္ေတာင္းကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ပရီးမီးယားလိဂ္ ၆ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္ကတ္ရဲ႕ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၇၂ သန္းနဲ႔ ေခၚယူခဲ့တဲ့ တိုက္စစ္မႉးဟာ ပထမပိုင္း စစခ်င္း ၇ မိနစ္အတြင္းမွာပဲ ၂ ဂိုးအထိ သြင္းယူၿပီး အဲရစ္ တန္ဟက္ရဲ႕အသင္းအတြက္ ၄ ပြဲဆက္တိုက္လိဂ္ႏိုင္ပြဲရယူေပးခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားဟာ ပထမပိုင္း ၃၇ စကၠန႔္မွာပဲ အမာရီ ဘဲလ္ရဲ႕အမွားေၾကာင့္ ဂိုးသမား ကာမင္းစကီးကို လွည့္ထြက္ၿပီး ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ၇ မိနစ္မွာ ဂါနာခ်ိဳရဲ႕ ကန္ခ်က္ကို ရင္ဘတ္နဲ႔ လမ္းေၾကာင္းေျပာင္းၿပီး ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

လူတန္ေတာင္းဟာ ေစာေစာစီးစီး ဂိုးေတြေပးလိုက္ရလို႔ ဦးက်ိဳးမသြားဘဲ ျပန္လည္တုံ႔ျပန္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ကာလ္တန္ ေမာရစ္က အိမ္ရွင္ေတြအတြက္ ေခါင္းတိုက္ဂိုးသြင္းယူေပးၿပီး ေမွ်ာ္လင့္ခ်က္အသက္သြင္းေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပထမပိုင္းမၿပီးဆုံးခင္မွာ လုခ္ေရွာကို ဒဏ္ရာေၾကာင့္ ဆုံးရႈံးလိုက္ရၿပီး ဟာရီ မက္ဂြိဳင္းယားနဲ႔ ကက္စီမီ႐ိုတို႔လည္း ပထမပိုင္းအၿပီးမွာ လူစားလဲခံခဲ့ရပါတယ္။

ဒါေပမယ့္လည္း ဒုတိယပိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္က ဂိုးသြင္းခြင့္ေတြ ပိုမိုဖန္တီးႏိုင္ခဲ့ၿပီး ကာမင္းစကီးက ဂါနာခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လန္းရဲ႕ ဟက္ထရစ္ျပည့္ေျမာက္မယ့္ ဂိုးကန္သြင္းမႈေတြကို လက္စြမ္းျပကာကြယ္ႏိုင္ခဲ့လို႔သာ ေနာက္ထပ္ဂိုးေတြ မေပးခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဧည့္သည္ေတြအတြက္ ပိုၿပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့အခိုက္အတန႔္က နာက်င္အခ်ိန္ပိုမွာ ျဖစ္ခဲ့တာျဖစ္ၿပီး ေရာ့စ္ ဘာကေလရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးဘားတန္းအေပၚကို ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ အဆင့္ ၄ ေနရာက အက္စတန္ ဗီလာနဲ႔ ၅ မွတ္အကြာ အဆင့္ ၆ ေနရာအထိတက္လွမ္းႏိုင္ခဲ့ၿပီး ထိပ္ဆုံး ၄ ေနရာထဲ ဝင္ေရာက္ႏိုင္ဖို႔ တေန႔တျခား ပိုမိုနီးကပ္လာၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.