Premier League

အာဆင်နယ်အတွက် သတင်းဆိုးဖြစ်လာတဲ့ မန်စီးတီးရဲ့ခြေလှမ်း

မန်စီးတီးဟာ ခီလီယန် အမ်ဘာပေကို ခေါ်ယူမယ့် ပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ အေးဂျင့်တွေနဲ့ စကားပြောဆိုခဲ့တယ်လို့ စပိန်ကသတင်းတွေက ဖော်ပြခဲ့ပါတယ်။

အမ်ဘာပေဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ အလွတ်နဲ့ ထွက်ခွာတော့မှာဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတွေကို အသိပေးထားပြီးဖြစ်ပြီး ဥရောပထိပ်တန်းအသင်းကြီးတွေအတွက် သတိအနေအထားဖြစ်လာခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းသွားလိမ့်မယ်လို့ အရင်ကတည်းက ယူဆမှုတွေရှိခဲ့ပေမယ့်လည်း မကြာသေးမီက သတင်းတွေအရ လာလီဂါထိပ်သီးအသင်းကြီးဟာ ပြင်သစ်တိုက်စစ်မှူးနဲ့ လစာညှိမရဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အခြားအသင်းတွေအတွက် လမ်းပွင့်လာခဲ့ပြီး အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ၂ သင်းစလုံးကလည်း ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ရှာဖွေနေကြတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေဆဲဖြစ်ပေမယ့်လည်း အသက် ၂၅ နှစ်အရွယ် ကစားသမားက သီယာရီ အွန်နရီရဲ့ ခြေရာကို လိုက်နင်းဖို့ အာဆင်နယ်ကို ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိနေတယ်လို့ ယုံကြည်ရပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ကတော့ အသင်းရဲ့ လစာပေးချေမှု ပုံစံကို ချိုးဖောက်ပြီး အမ်ဘာပေကို ခေါ်ယူဖို့ ဆန္ဒရှိမှာမဟုတ်သလို လီဗာပူးလ်လည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်။ အခုဆိုရင်တော့ အမ်ဘာပေကို ခေါ်ယူချင်တဲ့ တတိယမြောက် ပရီးမီးယားလိဂ်ကလပ်အသင်း ပေါ်လာပြီဖြစ်ပြီး ဂွါဒီယိုလာရဲ့ မန်စီးတီးက ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူသွားတော့မှာဖြစ်တယ်လို့ စပိန်ရေဒီယိုဌာန Cadena SER က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ တနင်္လာနေ့မှာ အမ်ဘာပေကို အစ်တီဟတ်ကို ခေါ်ယူဖို့ကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ယုံကြည်ရပြီး ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ကမ်းလှမ်းမှု ပြုလုပ်သွားနိုင်မလား ဒါမှမဟုတ် ကစားသမားကိုယ်တိုင်က ငွေကြေးထက် စိတ်ဆန္ဒကြောင့် လီဗာပူးလ် သို့မဟုတ် အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ဖို့ တောင်းဆိုမှုတွေကို လျှော့ပေးသွားမလား စောင့်ကြည့်ဖို့သာ ကျန်ပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္စီးတီးဟာ ခီလီယန္ အမ္ဘာေပကို ေခၚယူမယ့္ ၿပိဳင္ပြဲထဲကို ဝင္ေရာက္လာခဲ့ၿပီျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးရဲ႕ ေအးဂ်င့္ေတြနဲ႔ စကားေျပာဆိုခဲ့တယ္လို႔ စပိန္ကသတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အမ္ဘာေပဟာ လာမယ့္ေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးတာနဲ႔ အလြတ္နဲ႔ ထြက္ခြာေတာ့မွာျဖစ္တယ္လို႔ အသင္းတာဝန္ရွိသူေတြကို အသိေပးထားၿပီးျဖစ္ၿပီး ဥေရာပထိပ္တန္းအသင္းႀကီးေတြအတြက္ သတိအေနအထားျဖစ္လာခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းသြားလိမ့္မယ္လို႔ အရင္ကတည္းက ယူဆမႈေတြရွိခဲ့ေပမယ့္လည္း မၾကာေသးမီက သတင္းေတြအရ လာလီဂါထိပ္သီးအသင္းႀကီးဟာ ျပင္သစ္တိုက္စစ္မႉးနဲ႔ လစာညႇိမရျဖစ္ေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အမ္ဘာေပကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အျခားအသင္းေတြအတြက္ လမ္းပြင့္လာခဲ့ၿပီး အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ ၂ သင္းစလုံးကလည္း ျပင္သစ္တိုက္စစ္မႉးကို ေခၚယူႏိုင္ဖို႔အတြက္ ျဖစ္ႏိုင္ေျခေတြကို ရွာေဖြေနၾကတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္က အမ္ဘာေပကို ေခၚယူႏိုင္ဖို႔ ထိပ္ဆုံးက ဦးေဆာင္ေနဆဲျဖစ္ေပမယ့္လည္း အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားက သီယာရီ အြန္နရီရဲ႕ ေျခရာကို လိုက္နင္းဖို႔ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လိုတဲ့ဆႏၵရွိေနတယ္လို႔ ယုံၾကည္ရပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ကေတာ့ အသင္းရဲ႕ လစာေပးေခ်မႈ ပုံစံကို ခ်ိဳးေဖာက္ၿပီး အမ္ဘာေပကို ေခၚယူဖို႔ ဆႏၵရွိမွာမဟုတ္သလို လီဗာပူးလ္လည္း ထိုနည္းလည္းေကာင္းျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ အမ္ဘာေပကို ေခၚယူခ်င္တဲ့ တတိယေျမာက္ ပရီးမီးယားလိဂ္ကလပ္အသင္း ေပၚလာၿပီျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ မန္စီးတီးက ျပင္သစ္တိုက္စစ္မႉးကို ေခၚယူသြားေတာ့မွာျဖစ္တယ္လို႔ စပိန္ေရဒီယိုဌာန Cadena SER က ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ တနလၤာေန႔မွာ အမ္ဘာေပကို အစ္တီဟတ္ကို ေခၚယူဖို႔ကိစၥနဲ႔ပတ္သက္ၿပီး ျပင္သစ္တိုက္စစ္မႉးရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ ယုံၾကည္ရၿပီး ဂြါဒီယိုလာရဲ႕အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ အၿပိဳင္ ကမ္းလွမ္းမႈ ျပဳလုပ္သြားႏိုင္မလား ဒါမွမဟုတ္ ကစားသမားကိုယ္တိုင္က ေငြေၾကးထက္ စိတ္ဆႏၵေၾကာင့္ လီဗာပူးလ္ သို႔မဟုတ္ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ေတာင္းဆိုမႈေတြကို ေလွ်ာ့ေပးသြားမလား ေစာင့္ၾကည့္ဖို႔သာ က်န္ပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.