Premier League

အော်ဒီဂွါဒ်ရဲ့ အောင်ပွဲခံမှုနဲ့ပတ်သက်ပြီး သတိပေးစကား ပြောလိုက်တဲ့ အာတီတာ

မီခေးလ် အာတီတာက မာတင် အော်ဒွီဂါဒ်ကို နောက်ဆက်တွဲတွေကို ဖြေရှင်းနိုင်သရွေ့ ကြိုက်သလို အောင်ပွဲခံနိုင်တယ်လို့ ပြောဆိုခဲ့ပြီး ဂန်းနားအသင်းခေါင်းဆောင်က ဘန်လေကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ နားနှစ်ဖက်ကို လက်နဲ့အုပ်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ ပထမပိုင်း ၄ မိနစ်မှာပဲ အလွန်အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ဂိုးအောက်ထောင့်ထဲကို ကန်သွင်းပြီး အာဆင်နယ်အတွက် တာ့ဖ်မိုးမှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ဆာကာက ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာပါ ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လီအန်ဒရို ထရော့ဆာ့ဒ်နဲ့ ဟာဗတ်ဇ်တို့က ဧည့်သည်တွေအတွက် ဒုတိယပိုင်းမှာ နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပြီး ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် အဝေးကွင်းမှာ ၅ ဂိုးနဲ့ အထက် ပထမဆုံးအကြိမ် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်ဟာ ဘန်လေနဲ့ပွဲမတိုင်ခင် ဝက်စ်ဟမ်းအိမ်ကွင်းမှာ ၆-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အော်ဒီဂွါဒ်ဟာ ယခုလအစောပိုင်းတုန်းက လီဗာပူးလ်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲက အောင်ပွဲခံဟန်ကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပြီး ဂျေမီ ကာရေဂါက နော်ဝေကြယ်ပွင့်က အလွန်အကျွံအောင်ပွဲခံနေပြီး ဥမင်ထဲဆင်းသွားဖို့ ပြောဆိုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အော်ဒီဂွါဒ်ဟာ ဒီအပတ်မှာလည်း အဲဒီဝေဖန်မှုတွေကို ဂရုမစိုက်ကြောင်း ပြသတဲ့အနေနဲ့ ဘန်လေကို ဂိုးသွင်းယူပြီးနောက် နားနှစ်ဖက်ကို အုပ်ပြီး ဝေဖန်သံတွေကို နားမထောင်ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ အောင်ပွဲခံပြခဲ့တာ ဖြစ်ပါတယ်။

အော်ဒီဂွါဒ်ရဲ့ အောင်ပွဲခံဟန်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ အာတီတာက “ကျွန်တော် မသိဘူး။ ကျွန်တော် သူ့ အပြုအမူကို သတိမပြုမိခဲ့ပါဘူး။ ဒါပေမယ့် သူက ဒီနေ့မှာ နောက်ထပ်တစ်ကြိမ် သူ ကစားခဲ့တဲ့ပုံစံကြောင့် အဝတ်လဲခန်းထဲမှာ တကယ်ပျော်ရွှင်နေခဲ့ပါတယ်။ သူက ဘယ်လိုသတင်းစကားမျိုးမှ ပေးပို့စရာမလိုဘူးလို့ ကျွန်တော် မထင်ပါဘူး။ သူက သူဖြစ်နေဖို့နဲ့ သူခံစားရတာကို လုပ်ဖို့လိုပါတယ်။ သူ တစ်ခုခုလုပ်ဖို့ ခံစားနေရတယ်ဆိုရင် လုပ်ပါ။ နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်ပါ။ ဘာလို့လဲဆိုတော့ လူအချို့က အဲဒါကို နှစ်သက်ကြပေမယ့် အချို့ကတော့ မနှစ်သက်ကြလို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မီေခးလ္ အာတီတာက မာတင္ ေအာ္ဒြီဂါဒ္ကို ေနာက္ဆက္တြဲေတြကို ေျဖရွင္းႏိုင္သေ႐ြ႕ ႀကိဳက္သလို ေအာင္ပြဲခံႏိုင္တယ္လို႔ ေျပာဆိုခဲ့ၿပီး ဂန္းနားအသင္းေခါင္းေဆာင္က ဘန္ေလကို ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ နားႏွစ္ဖက္ကို လက္နဲ႔အုပ္ၿပီး ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ဟာ ပထမပိုင္း ၄ မိနစ္မွာပဲ အလြန္အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းၿပီး အာဆင္နယ္အတြက္ တာ့ဖ္မိုးမွာ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး ဆာကာက ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာပါ ဂိုးေတြ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

လီအန္ဒ႐ို ထေရာ့ဆာ့ဒ္နဲ႔ ဟာဗတ္ဇ္တို႔က ဧည့္သည္ေတြအတြက္ ဒုတိယပိုင္းမွာ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူေပးခဲ့ၿပီး ဒီႏိုင္ပြဲေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၂ မွတ္အကြာ ဒုတိယေနရာကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ၂ ပြဲဆက္တိုက္ အေဝးကြင္းမွာ ၅ ဂိုးနဲ႔ အထက္ ပထမဆုံးအႀကိမ္ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္ဟာ ဘန္ေလနဲ႔ပြဲမတိုင္ခင္ ဝက္စ္ဟမ္းအိမ္ကြင္းမွာ ၆-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ဟာ ယခုလအေစာပိုင္းတုန္းက လီဗာပူးလ္ကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ့ပြဲက ေအာင္ပြဲခံဟန္ေၾကာင့္ ေဝဖန္မႈေတြ ခံခဲ့ရၿပီး ေဂ်မီ ကာေရဂါက ေနာ္ေဝၾကယ္ပြင့္က အလြန္အကြၽံေအာင္ပြဲခံေနၿပီး ဥမင္ထဲဆင္းသြားဖို႔ ေျပာဆိုျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေအာ္ဒီဂြါဒ္ဟာ ဒီအပတ္မွာလည္း အဲဒီေဝဖန္မႈေတြကို ဂ႐ုမစိုက္ေၾကာင္း ျပသတဲ့အေနနဲ႔ ဘန္ေလကို ဂိုးသြင္းယူၿပီးေနာက္ နားႏွစ္ဖက္ကို အုပ္ၿပီး ေဝဖန္သံေတြကို နားမေထာင္ဘူးဆိုတဲ့ အဓိပၸာယ္နဲ႔ ေအာင္ပြဲခံျပခဲ့တာ ျဖစ္ပါတယ္။

ေအာ္ဒီဂြါဒ္ရဲ႕ ေအာင္ပြဲခံဟန္နဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အာတီတာက “ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္ သူ႔ အျပဳအမူကို သတိမျပဳမိခဲ့ပါဘူး။ ဒါေပမယ့္ သူက ဒီေန႔မွာ ေနာက္ထပ္တစ္ႀကိမ္ သူ ကစားခဲ့တဲ့ပုံစံေၾကာင့္ အဝတ္လဲခန္းထဲမွာ တကယ္ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။ သူက ဘယ္လိုသတင္းစကားမ်ိဳးမွ ေပးပို႔စရာမလိုဘူးလို႔ ကြၽန္ေတာ္ မထင္ပါဘူး။ သူက သူျဖစ္ေနဖို႔နဲ႔ သူခံစားရတာကို လုပ္ဖို႔လိုပါတယ္။ သူ တစ္ခုခုလုပ္ဖို႔ ခံစားေနရတယ္ဆိုရင္ လုပ္ပါ။ ေနာက္ဆက္တြဲအက်ိဳးဆက္ေတြကို ရင္ဆိုင္ပါ။ ဘာလို႔လဲဆိုေတာ့ လူအခ်ိဳ႕က အဲဒါကို ႏွစ္သက္ၾကေပမယ့္ အခ်ိဳ႕ကေတာ့ မႏွစ္သက္ၾကလို႔ပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.