Premier League

စီးတီးနဲ့ပွဲက တယ်ရီလက်သစ်ကြောင့် ကစားသမားဘဝအဆုံးသတ်တော့မယ့်သူကို ပြောပြခဲ့တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးလူငယ်နောက်ခံကစားသမားတွေက အကောင်းဆုံးပုံစံ ပြသခဲ့ပြီးနောက် ဝါရင့်နောက်ခံလူ သီယေဂို ဆေးလ်ဗားရဲ့ ကစားသမားဘဝဟာ အဆုံးသတ်တော့မှဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆေးလ်ဗားဟာ တနင်္လာနေ့ညက ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီးနောက် မန်စီးတီးနဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပေမယ့်လည်း ကာရာဘောင်းဖလား ဗိုလ်လုပွဲကိုတော့ အချိန်မီ ပြန်လည်ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်အချို့က ဒီဆာဆီနဲ့ ကိုဝီလ်တို့ ခံစစ်အတွဲက အစ်တီဟတ်မှာ အလွန်ကောင်းမွန်တဲ့ ခံစစ်ကစားပုံ ပြသနိုင်ခဲ့ပြီးနောက် လီဗာပူးလ်နဲ့ပွဲကို အသက် ၃၉ နှစ်အရွယ် ကစားသမားအနေနဲ့ ပါဝင်ကစားပေးခွင့်ရနိုင်မှာမဟုတ်တော့ဘူးလို့ ထင်မြင်နေကြတာဖြစ်ပါတယ်။

ဒီဆာဆီနဲ့ ကိုဝီလ်တို့ရဲ့ ကျစ်လစ်တဲ့ ခံစစ်ကြောင့် ချဲလ်ဆီးဟာ အစ်တီဟတ်မှာ ဂွါဒီယိုလာရဲ့အသင်းဆီကနေ သရေ ၁ မှတ်ရရှိခဲ့တာဖြစ်ပြီး စတားလင်း ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို ရိုဒရီက ဒုတိယပိုင်းမှာ ပြန်လည်ချေပသွားခဲ့တာဖြစ်ပါတယ်။

ဒီဆာဆီဟာ စီးတီးနဲ့ပွဲမှာ စွမ်းစွမ်းတမံ ကစားခဲ့တဲ့အတွက် ချီးကျူးမှုတွေ ရရှိခဲ့ပြီး ကာရေဂါက အသက် ၂၅ နှစ်အရွယ်ကစားသမားကို ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခဲ့သလို ချဲလ်ဆီးဂန္တဝင် ဂျွန် တယ်ရီနဲ့လည်း နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။

ဆေးလ်ဗားကလည်း သူ့ခေတ်တုန်းက အကောင်းဆုံး နောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့သူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်လာတဲ့အချိန်ကတည်းက ခြေစွမ်းကောင်းပြသခဲ့ပြီး ပြီးခဲ့တဲ့ရာသီ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ်တောင် မဲပေးရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆေးလ်ဗားဟာ ဒီရာသီမှာ ၁၀၀ ရာခိုင်နှုန်း ကောင်းမွန်နေပုံပေါ်ဘဲ ပိုချက်တီနိုကတော့ ဘရာဇီးလ်နောက်ခံလူအပေါ်မှာ ဆက်လက်အားကိုးနေဆဲဖြစ်ပြီး အသက် ၃၉ နှစ်အရွယ် နောက်ခံလူဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပွဲအားလုံးနီးပါး ပါဝင်ကစားပေးခဲ့တာဖြစပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်ဂန္တဝင်နောက်ခံလူ ကာရေဂါက ဆေးလ်ဗားအတွက် အချိန်တွေ ကုန်ဆုံးသွားပြီလို့ ယုံကြည်နေတာစြဖ်ပြီး “အက်ဖ်အေဖလားပြိုင်ပွဲက အက်စတန် ဗီလာနဲံ့ ကစားခဲ့တဲ့ နောက်ဆုံး ကြီးမားတဲ့အဝေးကွင်းပွဲစဉ်နဲ့ အခု ဒီနေ့ ကစားခဲ့တဲ့ပွဲမှာ သီယေဂို ဆေးလ်ဗား မပါဝင်နိုင်ခဲ့ပါဘူး။ သူက ဒီကို ရောက်လာတဲ့အချိန်ကတည်းက ချဲလ်ဆီးအတွက် အရမ်းကောင်းခဲ့တာပါ။ သူ့အသက်အရွယ်နဲ့ သူ့စာချုပ်ကလည်း ရာသီကုန်ကျရင် ပြည့်ပြီ။ ခင်ဗျား ဒီကစားသမား ၂ ဦး(ဒီဆာဆီနဲ့ ကိုဝီလ်)အတူတူ ကစားတာကို တွေ့ရတဲ့အခါမှာ ဆေးဗားအနေနဲ့ အခုကနေ ရာသီကုန်အထိ အသင်းထဲ ပြန်ပါခွင့်ရဖို့အရမ်းခက်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ တစ်ယောက်ယောက် ဒဏ်ရာမရခဲ့ဘူးဆိုရင်ပေ့ါ။ ချဲလ်ဆီးက ဖလားဗိုလ်လုပွဲကစားသွားရမှာဖြစ်ပေမယ့် သူတို့တွေ အနာဂတ်အတွက် တစ်စုံတရာကို စတင်တည်ဆောက်သွားရမယ်လို့ ကျွန်တော် ကျိန်းသေတွေးမိပါတယ်။ ဖလားဗိုလ်လုပွဲအပြီးမှာ ဘာမှ အများကြီး ကစားစရာမရှိတော့ပါဘူး။ ခံစစ်မှာ သူတို့ ၂ ယောက်အတွဲကို ကြည့်လိုက်တဲ့အခါ၊ လူစာရင်းထဲက အခြား ငယ်ရွယ်တဲ့ ဗဟိုခံစစ်ကစားသမားတွေကို ကြည့်လိုက်တဲ့အခါမှာ သီယေဂို ဆေးလ်ဗားရဲ့ ချဲလ်ဆီးမှာ ကစားရတဲ့နေ့တွေက အဆုံးသတ်တော့မယ်လို့ ကျွန်တော် ထင်တယ်။ ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်မီ ကာေရဂါက မန္ခ်က္စတာစီးတီးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ခ်ဲလ္ဆီးလူငယ္ေနာက္ခံကစားသမားေတြက အေကာင္းဆုံးပုံစံ ျပသခဲ့ၿပီးေနာက္ ဝါရင့္ေနာက္ခံလူ သီေယဂို ေဆးလ္ဗားရဲ႕ ကစားသမားဘဝဟာ အဆုံးသတ္ေတာ့မွျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဆးလ္ဗားဟာ တနလၤာေန႔ညက ပဲေလ့စ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ဒဏ္ရာရခဲ့ၿပီးေနာက္ မန္စီးတီးနဲ႔ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ေပမယ့္လည္း ကာရာေဘာင္းဖလား ဗိုလ္လုပြဲကိုေတာ့ အခ်ိန္မီ ျပန္လည္ပါဝင္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရိသတ္အခ်ိဳ႕က ဒီဆာဆီနဲ႔ ကိုဝီလ္တို႔ ခံစစ္အတြဲက အစ္တီဟတ္မွာ အလြန္ေကာင္းမြန္တဲ့ ခံစစ္ကစားပုံ ျပသႏိုင္ခဲ့ၿပီးေနာက္ လီဗာပူးလ္နဲ႔ပြဲကို အသက္ ၃၉ ႏွစ္အ႐ြယ္ ကစားသမားအေနနဲ႔ ပါဝင္ကစားေပးခြင့္ရႏိုင္မွာမဟုတ္ေတာ့ဘူးလို႔ ထင္ျမင္ေနၾကတာျဖစ္ပါတယ္။

ဒီဆာဆီနဲ႔ ကိုဝီလ္တို႔ရဲ႕ က်စ္လစ္တဲ့ ခံစစ္ေၾကာင့္ ခ်ဲလ္ဆီးဟာ အစ္တီဟတ္မွာ ဂြါဒီယိုလာရဲ႕အသင္းဆီကေန သေရ ၁ မွတ္ရရွိခဲ့တာျဖစ္ၿပီး စတားလင္း ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးကို ႐ိုဒရီက ဒုတိယပိုင္းမွာ ျပန္လည္ေခ်ပသြားခဲ့တာျဖစ္ပါတယ္။

ဒီဆာဆီဟာ စီးတီးနဲ႔ပြဲမွာ စြမ္းစြမ္းတမံ ကစားခဲ့တဲ့အတြက္ ခ်ီးက်ဴးမႈေတြ ရရွိခဲ့ၿပီး ကာေရဂါက အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားကို ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားလို႔ သတ္မွတ္ခဲ့သလို ခ်ဲလ္ဆီးဂႏၲဝင္ ဂြၽန္ တယ္ရီနဲ႔လည္း ႏႈိင္းယွဥ္ခဲ့တာျဖစ္ပါတယ္။

ေဆးလ္ဗားကလည္း သူ႔ေခတ္တုန္းက အေကာင္းဆုံး ေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့သူျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္လာတဲ့အခ်ိန္ကတည္းက ေျခစြမ္းေကာင္းျပသခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားအျဖစ္ေတာင္ မဲေပးေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဆးလ္ဗားဟာ ဒီရာသီမွာ ၁၀၀ ရာခိုင္ႏႈန္း ေကာင္းမြန္ေနပုံေပၚဘဲ ပိုခ်က္တီႏိုကေတာ့ ဘရာဇီးလ္ေနာက္ခံလူအေပၚမွာ ဆက္လက္အားကိုးေနဆဲျဖစ္ၿပီး အသက္ ၃၉ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ပြဲအားလုံးနီးပါး ပါဝင္ကစားေပးခဲ့တာျဖစပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္ဂႏၲဝင္ေနာက္ခံလူ ကာေရဂါက ေဆးလ္ဗားအတြက္ အခ်ိန္ေတြ ကုန္ဆုံးသြားၿပီလို႔ ယုံၾကည္ေနတာျစဖ္ၿပီး “အက္ဖ္ေအဖလားၿပိဳင္ပြဲက အက္စတန္ ဗီလာနဲံ့ ကစားခဲ့တဲ့ ေနာက္ဆုံး ႀကီးမားတဲ့အေဝးကြင္းပြဲစဥ္နဲ႔ အခု ဒီေန႔ ကစားခဲ့တဲ့ပြဲမွာ သီေယဂို ေဆးလ္ဗား မပါဝင္ႏိုင္ခဲ့ပါဘူး။ သူက ဒီကို ေရာက္လာတဲ့အခ်ိန္ကတည္းက ခ်ဲလ္ဆီးအတြက္ အရမ္းေကာင္းခဲ့တာပါ။ သူ႔အသက္အ႐ြယ္နဲ႔ သူ႔စာခ်ဳပ္ကလည္း ရာသီကုန္က်ရင္ ျပည့္ၿပီ။ ခင္ဗ်ား ဒီကစားသမား ၂ ဦး(ဒီဆာဆီနဲ႔ ကိုဝီလ္)အတူတူ ကစားတာကို ေတြ႕ရတဲ့အခါမွာ ေဆးဗားအေနနဲ႔ အခုကေန ရာသီကုန္အထိ အသင္းထဲ ျပန္ပါခြင့္ရဖို႔အရမ္းခက္လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ တစ္ေယာက္ေယာက္ ဒဏ္ရာမရခဲ့ဘူးဆိုရင္ေပ့ါ။ ခ်ဲလ္ဆီးက ဖလားဗိုလ္လုပြဲကစားသြားရမွာျဖစ္ေပမယ့္ သူတို႔ေတြ အနာဂတ္အတြက္ တစ္စုံတရာကို စတင္တည္ေဆာက္သြားရမယ္လို႔ ကြၽန္ေတာ္ က်ိန္းေသေတြးမိပါတယ္။ ဖလားဗိုလ္လုပြဲအၿပီးမွာ ဘာမွ အမ်ားႀကီး ကစားစရာမရွိေတာ့ပါဘူး။ ခံစစ္မွာ သူတို႔ ၂ ေယာက္အတြဲကို ၾကည့္လိုက္တဲ့အခါ၊ လူစာရင္းထဲက အျခား ငယ္႐ြယ္တဲ့ ဗဟိုခံစစ္ကစားသမားေတြကို ၾကည့္လိုက္တဲ့အခါမွာ သီေယဂို ေဆးလ္ဗားရဲ႕ ခ်ဲလ္ဆီးမွာ ကစားရတဲ့ေန႔ေတြက အဆုံးသတ္ေတာ့မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.