Premier League

ချဲလ်ဆီးကို မနိုင်လို့ ဘူနေတဲ့ရုပ်ကို အနီးကပ်လာရိုက်လို့ တွန်းထုတ်ခံခဲ့ရတဲ့ ကင်မရာမန်း

မန်ချက်စတာစီးတီးက အိမ်ကွင်းအစ်တီဟတ်မှာ ချဲလ်ဆီးနဲ့ သရေကျပြီး ရမှတ်လျော့ကျခဲ့တဲ့ပွဲအပြီးမှာ စိတ်ပျက်ဒေါသထွက်နေပုံပေါ်တဲ့ အာလင်း ဟာလန်းက ကင်မရာမန်းကို တွန်းထုတ်ခဲ့ပါတယ်။

ပိုချက်တီနိုရဲ့ချဲလ်ဆီးဟာ ရာဟင်း စတားလင်းရဲ့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် အစ်တီဟတ်မှာ အံ့အားသင့်ဖွယ်နိုင်ပွဲ ရယူနိုင်တော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း ရိုဒရီရဲ့ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဟာလန်းဟာ ဂိုးပေါက်ရှေ့မှာ အခွင့်အရေး အများအပြားကို ဖြုန်းတီးခဲ့ပြီး စနေနေ့အစောပိုင်းမှာ စီးတီးရဲ့ ဖလားပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်တို့က နိုင်ပွဲကိုယ်စီရရှိခဲ့ကြတာကြောင့် မန်စီးတီးက အဆင့် ၃ နေရာကို ကျဆင်းခဲ့ရတာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးရဲ့ အဆိုးရွားဆုံး လွဲချော်မှုဟာ ၇၈ မိနစ်မှာ ကိုဝီလ်ရဲ့ လူကပ်ခံရမှုကနေ လွတ်ထွက်ပြီးနောက် ခေါင်းတိုက်သွင်းယူခဲ့တဲ့ ဂိုးသွင်းယူမှုက ဂိုးပေါက်နဲ့ အနီးကပ်ဖြစ်နေတာတောင်မှ ဘေးကို ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဒီရာသီ တစ်ရာသီအတွင်း တသက်တာ ပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ ဟာလန်းဟာ ချဲလ်ဆီးနဲ့ပွဲမှာ ဂိုးမသွင်းယူနိုင်ခဲ့မှုကြောင့် စိတ်ပျက်ဒေါသထွက်နေခဲ့ပုံပေါ်ပြီး အထူအပါးနားမလည်တဲ့ ကင်မရာမန်းက နော်ဝေတိုက်စစ်မှူးရဲ့ ဒေါသတွေ ပုံချခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီး ကွင်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ရပ်နေတဲ့ အာလင်း ဟာလန်းကို ကင်မရာမန်းက တစ်ပတ်ပတ်ပြီး ဗီဒီယို ရိုက်ကူးဖို့ ကြိုးစားခဲ့ချိန်မှာ မန်စီးတီးကြယ်ပွင့်ရဲ့ တွန်းထုတ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးက အိမ္ကြင္းအစ္တီဟတ္မွာ ခ်ဲလ္ဆီးနဲ႔ သေရက်ၿပီး ရမွတ္ေလ်ာ့က်ခဲ့တဲ့ပြဲအၿပီးမွာ စိတ္ပ်က္ေဒါသထြက္ေနပုံေပၚတဲ့ အာလင္း ဟာလန္းက ကင္မရာမန္းကို တြန္းထုတ္ခဲ့ပါတယ္။

ပိုခ်က္တီႏိုရဲ႕ခ်ဲလ္ဆီးဟာ ရာဟင္း စတားလင္းရဲ႕ ပထမပိုင္းမွာ သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ အစ္တီဟတ္မွာ အံ့အားသင့္ဖြယ္ႏိုင္ပြဲ ရယူႏိုင္ေတာ့မယ့္ပုံေပၚခဲ့ေပမယ့္လည္း ႐ိုဒရီရဲ႕ ဒုတိယပိုင္းမွာ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ သေရ ၁ မွတ္နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

ဟာလန္းဟာ ဂိုးေပါက္ေရွ႕မွာ အခြင့္အေရး အမ်ားအျပားကို ျဖဳန္းတီးခဲ့ၿပီး စေနေန႔အေစာပိုင္းမွာ စီးတီးရဲ႕ ဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔က ႏိုင္ပြဲကိုယ္စီရရွိခဲ့ၾကတာေၾကာင့္ မန္စီးတီးက အဆင့္ ၃ ေနရာကို က်ဆင္းခဲ့ရတာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးရဲ႕ အဆိုး႐ြားဆုံး လြဲေခ်ာ္မႈဟာ ၇၈ မိနစ္မွာ ကိုဝီလ္ရဲ႕ လူကပ္ခံရမႈကေန လြတ္ထြက္ၿပီးေနာက္ ေခါင္းတိုက္သြင္းယူခဲ့တဲ့ ဂိုးသြင္းယူမႈက ဂိုးေပါက္နဲ႔ အနီးကပ္ျဖစ္ေနတာေတာင္မွ ေဘးကို ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

ဒီရာသီ တစ္ရာသီအတြင္း တသက္တာ ပရီးမီးယားလိဂ္ဂိုးသြင္းစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ ဟာလန္းဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဂိုးမသြင္းယူႏိုင္ခဲ့မႈေၾကာင့္ စိတ္ပ်က္ေဒါသထြက္ေနခဲ့ပုံေပၚၿပီး အထူအပါးနားမလည္တဲ့ ကင္မရာမန္းက ေနာ္ေဝတိုက္စစ္မႉးရဲ႕ ေဒါသေတြ ပုံခ်ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီး ကြင္းထဲမွာ စိတ္ပ်က္လက္ပ်က္နဲ႔ ရပ္ေနတဲ့ အာလင္း ဟာလန္းကို ကင္မရာမန္းက တစ္ပတ္ပတ္ၿပီး ဗီဒီယို ႐ိုက္ကူးဖို႔ ႀကိဳးစားခဲ့ခ်ိန္မွာ မန္စီးတီးၾကယ္ပြင့္ရဲ႕ တြန္းထုတ္ျခင္းကို ခံလိုက္ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.