Match Report Premier League

ဂွါဒီယိုလာရဲ့အာပေတူးကစားကွက်နဲ့ ဟာလန်းဖြုန်းအားကောင်းမှုတို့ကြောင့် မရှုံးတာကံကောင်းခဲ့တဲ့ စီးတီး

ရိုဒရီရဲ့ နောက်ကျ ချေပဂိုးကြောင့် မန်ချက်စတာစီးတီးဟာ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ၁-၁ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာတော့ အားကောင်းနေမှု လျော့ကျသွားခဲ့ပြီဖြစ်ပါတယ်။

ရာဟင်း စတားလင်းရဲ့ ၄၂ မိနစ်မှာ အသင်းဟောင်းကို သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ပိုချက်တီနိုရဲ့အသင်းဟာ ပထမပိုင်းအပြီးမှာ ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်မံရရှိဖို့လည်း အခွင့်အရေးတွေရခဲ့တာဖြစ်ပါတယ်။

တန်ပြန်တိုက်စစ်ကနေတဆင့် ဂူစတိုက ညာခြမ်းက ဂျက်ဆင်ဆီ ပေးပို့ခဲ့ရာမှာ ချဲလ်ဆီးတိုက်စစ်မှူးက စတားလင်းဆီ ပြန်ခင်းပေးခဲ့ပြီးနောက် စီးတီးကြယ်ပွင့်ဟောင်းက အကန်းဂျိကို မြက်ခင်းပေါ် လဲကျနေခဲ့အောင် အကွက်ပြပြီးနောက် ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာလင်း ဟာလန်းဟာ မန်ချက်စတာစီးတီးက ချေပဂိုးသွင်းယူဖို့ ဖိအားပေး တိုက်စစ်ဆင်နေချိန်အတွင်း အခွင့်အရေးအများအပြားကို ဆက်တိုက်ဆိုသလို ဖြုန်းတီးပစ်ခဲ့တာကြောင့် အိမ်ရှင်တို့ ဂိုးမရနိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းဟာ ရှုံးပွဲနဲ့ ရှောင်လွှဲနိုင်ဖို့အတွက် မဖြစ်မနေ လိုအပ်နေတဲ့ သွင်းဂိုး တစ်ဂိုးကိုတော့ ရိုဒရီရဲ့ ဘယ်ခြေနဲ့ ကန်ချက်က ထရီဗို ချာလိုဘက်နဲ့ ထိပြီး လမ်းကြောင်းပြောင်းပြီး ဂိုးထဲဝင်သွားခဲ့လို့ ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ချေပဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် နောက်ထပ် အနိုင်ဂိုး သွင်းယူနိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားခဲ့ပေမယ့်လည်း စိတ်လှုပ်ရှားစရာအပြည့်ဖြစ်ခဲ့တဲ့ အစ်တီဟတ်က ပွဲစဉ်က သရေနဲ့သာ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုရဲ့အသင်းဟာ မန်ချက်စတာစီးတီးထက် ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပြီး အနိုင်မရခဲ့ပေမယ့်လည်း သရေ ၁ မှတ်ရရှိခဲ့တာကြောင့် ဝုလ်ဗ်စ်နဲ့ ရမှတ်တူ အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးကတော့ ဆုဖလားပြိုင်ပွဲအတွက် ယှဉ်ပြိုင်နေကြတဲ့ လီဗာပူးလ်၊ အာဆင်နယ်တို့ ဂိုးပြတ်နိုင်ပွဲကိုယ်စီ ရရှိခဲ့ချိန်မှာ သရေ ၁ မှတ်ရအောင် မနည်းကန်ခဲ့ရတာကြောင့် အခုဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၄ မှတ်အကွာ၊ အာဆင်နယ်နဲ့ ၂ မှတ်အကွာ တတိယနေရာမှာ တစ်ပွဲလျော့နဲ့ ရပ်တည်ခဲ့ရပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ိုဒရီရဲ႕ ေနာက္က် ေခ်ပဂိုးေၾကာင့္ မန္ခ်က္စတာစီးတီးဟာ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ ၁-၁ သေရရလဒ္နဲ႔ ပြဲၿပီးဆုံးခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာေတာ့ အားေကာင္းေနမႈ ေလ်ာ့က်သြားခဲ့ၿပီျဖစ္ပါတယ္။

ရာဟင္း စတားလင္းရဲ႕ ၄၂ မိနစ္မွာ အသင္းေဟာင္းကို သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ ပိုခ်က္တီႏိုရဲ႕အသင္းဟာ ပထမပိုင္းအၿပီးမွာ ၁-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ ထပ္မံရရွိဖို႔လည္း အခြင့္အေရးေတြရခဲ့တာျဖစ္ပါတယ္။

တန္ျပန္တိုက္စစ္ကေနတဆင့္ ဂူစတိုက ညာျခမ္းက ဂ်က္ဆင္ဆီ ေပးပို႔ခဲ့ရာမွာ ခ်ဲလ္ဆီးတိုက္စစ္မႉးက စတားလင္းဆီ ျပန္ခင္းေပးခဲ့ၿပီးေနာက္ စီးတီးၾကယ္ပြင့္ေဟာင္းက အကန္းဂ်ိကို ျမက္ခင္းေပၚ လဲက်ေနခဲ့ေအာင္ အကြက္ျပၿပီးေနာက္ ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အာလင္း ဟာလန္းဟာ မန္ခ်က္စတာစီးတီးက ေခ်ပဂိုးသြင္းယူဖို႔ ဖိအားေပး တိုက္စစ္ဆင္ေနခ်ိန္အတြင္း အခြင့္အေရးအမ်ားအျပားကို ဆက္တိုက္ဆိုသလို ျဖဳန္းတီးပစ္ခဲ့တာေၾကာင့္ အိမ္ရွင္တို႔ ဂိုးမရႏိုင္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းဟာ ရႈံးပြဲနဲ႔ ေရွာင္လႊဲႏိုင္ဖို႔အတြက္ မျဖစ္မေန လိုအပ္ေနတဲ့ သြင္းဂိုး တစ္ဂိုးကိုေတာ့ ႐ိုဒရီရဲ႕ ဘယ္ေျခနဲ႔ ကန္ခ်က္က ထရီဗို ခ်ာလိုဘက္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဂိုးထဲဝင္သြားခဲ့လို႔ ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေနာက္ထပ္ အႏိုင္ဂိုး သြင္းယူႏိုင္ဖို႔အတြက္ အျပင္းအထန္ ႀကိဳးစားခဲ့ေပမယ့္လည္း စိတ္လႈပ္ရွားစရာအျပည့္ျဖစ္ခဲ့တဲ့ အစ္တီဟတ္က ပြဲစဥ္က သေရနဲ႔သာ ၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

ပိုခ်က္တီႏိုရဲ႕အသင္းဟာ မန္ခ်က္စတာစီးတီးထက္ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့ၿပီး အႏိုင္မရခဲ့ေပမယ့္လည္း သေရ ၁ မွတ္ရရွိခဲ့တာေၾကာင့္ ဝုလ္ဗ္စ္နဲ႔ ရမွတ္တူ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးကေတာ့ ဆုဖလားၿပိဳင္ပြဲအတြက္ ယွဥ္ၿပိဳင္ေနၾကတဲ့ လီဗာပူးလ္၊ အာဆင္နယ္တို႔ ဂိုးျပတ္ႏိုင္ပြဲကိုယ္စီ ရရွိခဲ့ခ်ိန္မွာ သေရ ၁ မွတ္ရေအာင္ မနည္းကန္ခဲ့ရတာေၾကာင့္ အခုဆိုရင္ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၄ မွတ္အကြာ၊ အာဆင္နယ္နဲ႔ ၂ မွတ္အကြာ တတိယေနရာမွာ တစ္ပြဲေလ်ာ့နဲ႔ ရပ္တည္ခဲ့ရၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.