Match Report Premier League

လီဗာပူးလ်ထက် ဂိုးပိုသွင်းပြပြီး ဇယားထိပ်ဆုံးနေရာကို မျက်ခြည်ပြတ်မခံတဲ့ အာဆင်နယ်

စနေနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာ ဧည့်သည် ဂန်းနားတွေက အိမ်ရှင်တွေကို ၅ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

အိမ်ရှင်တွေဟာ ပထမပိုင်းကို ကောင်းမွန်တဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း ၄ မိနစ်မှာပဲ အော်ဒီဂွါဒ်က မာတီနယ်လီ ချိုးပေးလိုက်တဲ့ ဘောလုံးကို ဂိုးအောက်ထောင့်ထဲကို အပြင်းကန်သွင်းပြီး အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

၁၃ မိနစ်မှာ ထရော့ဆာ့ဒ် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ထရက်ဖို့ဒ်က ဘောလုံးကို ပုတ်ထုတ်နိုင်ခဲ့ပြီး ဘန်လေနောက်ခံလူတွေက ဘောလုံးကို ရှင်းထုတ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ နောက်ထပ် ဦးဆောင်ဂိုး မပေးခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ အိမ်ရှင်တွေကို ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ၃၉ မိနစ်မှာ ထရော့ဆာ့ဒ်ကို ဘန်လေနောက်ခံလူ အဆစ်ဂနွန် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပါတယ်။ ပင်နယ်တီကို ဆာကာက ကန်သွင်းဖို့ တာဝန်ယူခဲ့ပြီး ဘန်လေဂိုးသမား ထရက်ဖို့ဒ် ဒိုင်ဗင်ပစ်တာ ဘက်မှန်ခဲ့ပေမယ့်လည်း နည်းနည်လေး နောက်ကျသွားခဲ့တာကြောင့် အာဆင်နယ်တို့ နောက်ထပ် ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ပြီး ၂ မိနစ်အကြာမှာပဲ ဆာကာက မာတင် အော်ဒီဂွါဒ် ခင်းပေးလိုက်တဲ့ ဘောလုံးကို အားနည်းတဲ့ ညာခြေနဲ့ ကန်သွင်းခဲ့ပေမယ့် ထရက်ဖို့ဒ် မကာကွယ်နိုင်ခဲ့ဘဲ အာဆင်နယ်တို့ တတိယမြောက်ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

အိမ်ရှင်ဘန်လေဟာ ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုး မပြုလုပ်နိုင်ခဲ့ဘဲ ၆၆ မိနစ်မှာ ထရော့ဆာ့ဒ်က ခီဗီယော ဖြတ်တင်လိုက်တဲ့ဘောလုံးကို ကိုင် ဟာဗတ်ဇ် အဆုံးမသတ်နိုင်ခဲ့တဲ့နောက် ဂိုးအောက်ထောင့်ထဲကို အပြင်းကန်သွင်းယူပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ အဓိကကစားသမားအချို့ကို အနားပေးခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းကစားဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘန်လေက ပွဲစဉ်အတွင်း ပြန်မလာနိုင်တော့ဘဲ အာဆင်နယ်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိနေခဲ့ပါတယ်။

၇၈ မိနစ်မှာတော့ ဒီပွဲစဉ်ရဲ့ နောက်ဆုံးသွင်းဂိုးအဖြစ် ကိုင် ဟာဗတ်ဇ်က လက်ပစ်ဘောကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို ရယူပြီး ပင်နယ်တီဧရိယာထဲ ဆွဲပြေးခဲ့ပြီးနောက် အိုဒိုဘတ်ရဲ့ ပေါင်ကြားထဲကနေ ထည့်ပြီး အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ဂိုးပေါက်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့အတွက် စနေနေ့ည နှောင်းပိုင်း မန်စီးတီးနဲ့ ချဲလ်ဆီးတို့ပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးနေရာက လီဗာပူးလ်နဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စနေနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘန်လေနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာ ဧည့်သည် ဂန်းနားတွေက အိမ်ရှင်တွေကို ၅ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။






၎ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ အဓိကကစားသမားအချို့ကို အနားပေးခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းကစားဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘန်လေက ပွဲစဉ်အတွင်း ပြန်မလာနိုင်တော့ဘဲ အာဆင်နယ်ရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိနေခဲ့ပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.