Match Report Premier League

ပျားဖွပ်ပြီး ဇယားထိပ်မှာ ကြိုးကြာနီတွေပဲ မင်းမူနိုင်တယ်လို့ ကြုံးဝါးလိုက်တဲ့ လီဗာပူးလ်

စနေနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရန့်တ်ဖို့ဒ်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ ဧည့်သည်တွေက ၄-၁ နဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်းပွဲကစားချိန်အစမှာ အိမ်ရှင် ဘရန့်တ်ဖို့ဒ်တို့က ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ တိုက်စစ်ဆင်ကစားနိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်း လိုအပ်ချက်တွေရှိနေခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ကလည်း တန်ပြန်တိုက်စစ်ကနေတဆင့် ဘရန့်တ်ဖို့ဒ် ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့ပေမယ့်လည်း ဖလက်ကန်လက်စွမ်းပြသနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းပြီးဆုံးခါနီး ၁၀ မိနစ်မှာ ဒါဝင် နူးညက်ဇ်က ဂျိုတာရဲ့ ခေါင်းတိုက်ချပေးလိုက်တဲ့ဘောလုံးကို ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူပြီး လီဗာပူးလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်က ကစားကွက်အသာစီးရယူကစားနိုင်ခဲ့ပြီး ၅၅ မိနစ်မှာ မိုဟာမက် ဆာလားရဲ့ ပေးပို့မှုကနေတဆင့် မက္ကယ်လစ္စတာက ကောလင်းစ်ရဲ့ ပေါင်ကြားထဲကနေ ဘောလုံးထုတ်ပြီးနောက် ဖလက်ကန် ဘယ်လိုမှ မကာကွယ်နိုင်အောင် အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်က လီဗာပူးလ်ကို ချေပဂိုး ပြန်လည်သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း လီဗာပူးလ်နောက်ခံလူတွေရဲ့ ကြံ့ကြံ့ခံကာကွယ်မှုကြောင့် ထင်တိုင်းမပေါက်ခဲ့ဘဲ ၆၈ မိနစ်မှာ ဂက်ခ်ပိုရဲ့ ခေါင်းတိုက်ချက်ကနေ ပြန်ကျလာတဲ့ ဘောလုံးကို ကောလင်းစ်နဲ့ ဘန်မီးတို့ ရှင်းထုတ်ဖို့ တွန့်ဆုတ်နေချိန်မှာ ဆာလားက ပိတ်သွင်းပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၇၁ မိနစ်မှာ တိုနီကို ရောဘတ်ဆန် နမော်နမဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီဧရိယာထဲမှာ လဲကျသွားခဲ့ပြီးနောက် ဘရန့်တ်ဖို့ဒ် ပရိသတ်တွေက ပင်နယ်တီတောင်းဆိုခဲ့ပြီး အန်ဒိုကို အွန်ယီကာက ၅၀-၅၀ အခြေအနေမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပါတယ်။

၇၅ မိနစ်မှာ ရက်ဂီလွန်ရဲ့ ကန်ချက်ကို ကယ်လေဟာ ကာကွယ်နိုင်ခဲ့ပေမယ့်လည်း တိုနီက ပြန်လျှံထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူပြီး ချေပဂိုးကို သွင်းယူပေးသွားခဲ့ပြီး ၈၂ မိနစ်မှာ ဒီယက်ဇ်ကို ကောလင်းစ် ဒိုင်ဗင်ထိုး ဖျက်ထုတ်ခဲ့ပေမယ့်လည်း လုံလောက်တဲ့ ထိတွေ့မှုမရှိခဲ့တာကြောင့် အိုလီဗာက ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

နောက်ထပ် ၄ မိနစ်အကြာမှာ ဂက်ခ်ပိုက ညာတောင်ပံက ဖြတ်တင်လိုက်တဲ့ဘောလုံးကို ကောလင်းစ် မရှင်းထုတ်နိုင်ခဲ့ဘဲ ဂိုဒေါ့စ်ရဲ့ နောက်ထပ် အမှားကနေ အခွင့်ကောင်း ယူနိုင်ခဲ့တာဖြစ်ပြီး ဒီယက်ဇ်ရဲ့ ပေးပို့မှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဂျီတက်ချ် ကွန်မြူနတီကွင်းမှာ အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပြီး အာဆင်နယ်နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားမယ့် စနေနေ့ညပွဲစဉ်မတိုင်ခင် ၅ မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေနေန႔ည ၇ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ လီဗာပူးလ္တို႔ရဲ႕ ပြဲစဥ္မွာ ဧည့္သည္ေတြက ၄-၁ နဲ႔ အႏိုင္ရရွိၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပထမပိုင္းပြဲကစားခ်ိန္အစမွာ အိမ္ရွင္ ဘရန႔္တ္ဖို႔ဒ္တို႔က ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ တိုက္စစ္ဆင္ကစားႏိုင္ခဲ့ေပမယ့္လည္း အဆုံးသတ္ပိုင္း လိုအပ္ခ်က္ေတြရွိေနခဲ့တာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ကလည္း တန္ျပန္တိုက္စစ္ကေနတဆင့္ ဘရန႔္တ္ဖို႔ဒ္ ဂိုးေပါက္ကို ၿခိမ္းေျခာက္ခဲ့ေပမယ့္လည္း ဖလက္ကန္လက္စြမ္းျပသႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္တို႔ ဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္းၿပီးဆုံးခါနီး ၁၀ မိနစ္မွာ ဒါဝင္ ႏူးညက္ဇ္က ဂ်ိဳတာရဲ႕ ေခါင္းတိုက္ခ်ေပးလိုက္တဲ့ေဘာလုံးကို ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူၿပီး လီဗာပူးလ္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္က ကစားကြက္အသာစီးရယူကစားႏိုင္ခဲ့ၿပီး ၅၅ မိနစ္မွာ မိုဟာမက္ ဆာလားရဲ႕ ေပးပို႔မႈကေနတဆင့္ မကၠယ္လစၥတာက ေကာလင္းစ္ရဲ႕ ေပါင္ၾကားထဲကေန ေဘာလုံးထုတ္ၿပီးေနာက္ ဖလက္ကန္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္က လီဗာပူးလ္ကို ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း လီဗာပူးလ္ေနာက္ခံလူေတြရဲ႕ ႀကံ့ႀကံ့ခံကာကြယ္မႈေၾကာင့္ ထင္တိုင္းမေပါက္ခဲ့ဘဲ ၆၈ မိနစ္မွာ ဂက္ခ္ပိုရဲ႕ ေခါင္းတိုက္ခ်က္ကေန ျပန္က်လာတဲ့ ေဘာလုံးကို ေကာလင္းစ္နဲ႔ ဘန္မီးတို႔ ရွင္းထုတ္ဖို႔ တြန႔္ဆုတ္ေနခ်ိန္မွာ ဆာလားက ပိတ္သြင္းၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၇၁ မိနစ္မွာ တိုနီကို ေရာဘတ္ဆန္ နေမာ္နမဲ့ ဖ်က္ထုတ္မႈေၾကာင့္ ပင္နယ္တီဧရိယာထဲမွာ လဲက်သြားခဲ့ၿပီးေနာက္ ဘရန႔္တ္ဖို႔ဒ္ ပရိသတ္ေတြက ပင္နယ္တီေတာင္းဆိုခဲ့ၿပီး အန္ဒိုကို အြန္ယီကာက ၅၀-၅၀ အေျခအေနမွာ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ အဝါကတ္ျပသခံခဲ့ရပါတယ္။

၇၅ မိနစ္မွာ ရက္ဂီလြန္ရဲ႕ ကန္ခ်က္ကို ကယ္ေလဟာ ကာကြယ္ႏိုင္ခဲ့ေပမယ့္လည္း တိုနီက ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို ပိတ္သြင္းယူၿပီး ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ၈၂ မိနစ္မွာ ဒီယက္ဇ္ကို ေကာလင္းစ္ ဒိုင္ဗင္ထိုး ဖ်က္ထုတ္ခဲ့ေပမယ့္လည္း လုံေလာက္တဲ့ ထိေတြ႕မႈမရွိခဲ့တာေၾကာင့္ အိုလီဗာက ပင္နယ္တီေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။

ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ဂက္ခ္ပိုက ညာေတာင္ပံက ျဖတ္တင္လိုက္တဲ့ေဘာလုံးကို ေကာလင္းစ္ မရွင္းထုတ္ႏိုင္ခဲ့ဘဲ ဂိုေဒါ့စ္ရဲ႕ ေနာက္ထပ္ အမွားကေန အခြင့္ေကာင္း ယူႏိုင္ခဲ့တာျဖစ္ၿပီး ဒီယက္ဇ္ရဲ႕ ေပးပို႔မႈကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ဂ်ီတက္ခ်္ ကြန္ျမဴနတီကြင္းမွာ အႏိုင္ ၃ မွတ္ရယူႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္နဲ႔ မန္စီးတီးတို႔ ယွဥ္ၿပိဳင္ကစားမယ့္ စေနေန႔ညပြဲစဥ္မတိုင္ခင္ ၅ မွတ္ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.