Premier League

အမ်ဘာပေကို ခေါ်ယူမယ့်ပြိုင်ပွဲထဲမှာ ပါဝင်သွားမယ်လို့ ပြောခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ခီလီယန် အမ်ဘာပေကို ခေါ်ယူမယ့် ပြိုင်ပွဲထဲမှာ ပါဝင်ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အမ်ဘာ​ပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးတော့မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တဲ့အချိန်မှာ ဥရောပထိပ်တန်းကလပ်အသင်းတွေကြား အချက်ပေးသံဖြစ်လာခဲ့ပြီး ယခုရာသီကုန်မှာ ပဲရစ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြင်သစ်လီဂူးဝမ်းအသင်းအတွက် ၂၉၀ ပွဲမှာ ၂၄၃ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပြီး ယခုရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတာစြဖ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ်က သတင်းတွေအရ အာဆင်နယ်ကလည်း ကမ္ဘာ့ဖလားချန်ပီယံကို ခေါ်ယူဖို့ ကြိုးပမ်းနိုင်တဲ့အသင်းဖြစ်လာနိုင်တယ်လို့ သိရပြီး ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ကလေးဘဝ သူရဲကောင်းဖြစ်တဲ့ သီယာရီ အွန်နရီ ကစားခဲ့တဲ့အသင်းကို ပြောင်းရွှေ့ပြီး ခြေရာတစ်ထပ်တည်းလိုက်နင်းချင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

အာတီတာက အမ်ဘာပေကို လာမယ့်နွေရာသီမှာ ခေါ်ယူနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ဖို့ ငြင်းဆန်ခဲ့ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

“အရည်အသွေးရှိတဲ့ကစားသမားတစ်ယောက်ဖြစ်နေတဲ့အခါမှာ ကျွန်တော်တို့ စကားဝိုင်းထဲမှာ အမြဲတမ်းရှိနေမှာပါ။ ဒါပေမယ့် ခင်ဗျား ပြောခဲ့တဲ့အတိုင်းဆို ကွဲပြားခြားနားတဲ့ပုံ ပေါ်ပါတယ်(ရီးရဲလ်မက်ဒရစ်ကိုပဲ နောက်ဆုံးမှာ ပြောင်းရွှေ့သွားလိမ့်မယ်)။”

အာဆင်နယ်အနေနဲ့ အမ်ဘာပေကို ခေါ်ယူဖို့ ပြိုင်ပွဲထဲမှာ ပါဝင်မှာလားလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “ကျိန်းသေပါဝင်ရမှာပေါ့။ ဘာကြောင့် မပါရမှာလဲ။ ကျွန်တော်တို့က အကောင်းဆုံးအသင်းဖြစ်ချင်တယ်ဆိုရင် အကောင်းဆုံးအရည်အချင်းရှိတဲ့ အကောင်းဆုံးကစားသမားတွေကို လိုအပ်မှာပါ။ ဒါက သေချာပါတယ်။ ကျွန်တော်တို့မှာရှိနေတဲ့အသင်းက ပြဿနာရှိတယ်လို့ မထင်ပါဘူး။ အားလုံးက အာဆင်နယ်အတွက် ကစားပေးချင်ကြတယ်။ အနည်းဆုံး ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ကစားသမားတွေက ခင်ဗျား တံခါးဖွင့်ပေးပြီး ဆွေးနွေးမှုတွေ စတင်ခဲ့ချိန်မှာ အမြဲတမ်း သူတို့မျက်နှာက ပြုံးရွှင်နေခဲ့ကြတာပါ။ ဒါက ကျွန်တော်တို့အသင်းသမိုင်းနဲ့ ကျွန်တော်တို့ အရင်တုန်းက လုပ်ခဲ့တဲ့အရာအားလုံးကြောင့်ပါ။”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနတဲ့ ခီလီယန္ အမ္ဘာေပကို ေခၚယူမယ့္ ၿပိဳင္ပြဲထဲမွာ ပါဝင္ခ်င္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အမ္ဘာ​ေပဟာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းတိုးေတာ့မွာမဟုတ္ဘူးလို႔ အတည္ျပဳခဲ့တဲ့အခ်ိန္မွာ ဥေရာပထိပ္တန္းကလပ္အသင္းေတြၾကား အခ်က္ေပးသံျဖစ္လာခဲ့ၿပီး ယခုရာသီကုန္မွာ ပဲရစ္ကေန ထြက္ခြာေတာ့မွာ ျဖစ္ပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ျပင္သစ္လီဂူးဝမ္းအသင္းအတြက္ ၂၉၀ ပြဲမွာ ၂၄၃ ဂိုးအထိ သြင္းယူေပးခဲ့သူျဖစ္ၿပီး ယခုရာသီကုန္မွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျစဖ္ပါတယ္။

ဒါေပမယ့္လည္း ၿပီးခဲ့တဲ့အပတ္က သတင္းေတြအရ အာဆင္နယ္ကလည္း ကမာၻ႔ဖလားခ်န္ပီယံကို ေခၚယူဖို႔ ႀကိဳးပမ္းႏိုင္တဲ့အသင္းျဖစ္လာႏိုင္တယ္လို႔ သိရၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ရဲ႕ ကေလးဘဝ သူရဲေကာင္းျဖစ္တဲ့ သီယာရီ အြန္နရီ ကစားခဲ့တဲ့အသင္းကို ေျပာင္းေ႐ႊ႕ၿပီး ေျခရာတစ္ထပ္တည္းလိုက္နင္းခ်င္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အာတီတာက အမ္ဘာေပကို လာမယ့္ေႏြရာသီမွာ ေခၚယူႏိုင္ေျခရွိတယ္ဆိုတဲ့သတင္းေတြကို ျငင္းပယ္ဖို႔ ျငင္းဆန္ခဲ့ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးကို ရီးရဲလ္မက္ဒရစ္က ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

“အရည္အေသြးရွိတဲ့ကစားသမားတစ္ေယာက္ျဖစ္ေနတဲ့အခါမွာ ကြၽန္ေတာ္တို႔ စကားဝိုင္းထဲမွာ အၿမဲတမ္းရွိေနမွာပါ။ ဒါေပမယ့္ ခင္ဗ်ား ေျပာခဲ့တဲ့အတိုင္းဆို ကြဲျပားျခားနားတဲ့ပုံ ေပၚပါတယ္(ရီးရဲလ္မက္ဒရစ္ကိုပဲ ေနာက္ဆုံးမွာ ေျပာင္းေ႐ႊ႕သြားလိမ့္မယ္)။”

အာဆင္နယ္အေနနဲ႔ အမ္ဘာေပကို ေခၚယူဖို႔ ၿပိဳင္ပြဲထဲမွာ ပါဝင္မွာလားလို႔ ေမးျမန္းခဲ့ရာမွာ အာတီတာက “က်ိန္းေသပါဝင္ရမွာေပါ့။ ဘာေၾကာင့္ မပါရမွာလဲ။ ကြၽန္ေတာ္တို႔က အေကာင္းဆုံးအသင္းျဖစ္ခ်င္တယ္ဆိုရင္ အေကာင္းဆုံးအရည္အခ်င္းရွိတဲ့ အေကာင္းဆုံးကစားသမားေတြကို လိုအပ္မွာပါ။ ဒါက ေသခ်ာပါတယ္။ ကြၽန္ေတာ္တို႔မွာရွိေနတဲ့အသင္းက ျပႆနာရွိတယ္လို႔ မထင္ပါဘူး။ အားလုံးက အာဆင္နယ္အတြက္ ကစားေပးခ်င္ၾကတယ္။ အနည္းဆုံး ကြၽန္ေတာ္တို႔ ေဆြးေႏြးခဲ့တဲ့ ကစားသမားေတြက ခင္ဗ်ား တံခါးဖြင့္ေပးၿပီး ေဆြးေႏြးမႈေတြ စတင္ခဲ့ခ်ိန္မွာ အၿမဲတမ္း သူတို႔မ်က္ႏွာက ၿပဳံး႐ႊင္ေနခဲ့ၾကတာပါ။ ဒါက ကြၽန္ေတာ္တို႔အသင္းသမိုင္းနဲ႔ ကြၽန္ေတာ္တို႔ အရင္တုန္းက လုပ္ခဲ့တဲ့အရာအားလုံးေၾကာင့္ပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.