Premier League

စီးတီးကို ဂိုးသွင်းပြီးရင် အောင်ပွဲခံကို ခံရမယ်လို့ ကြယ်ပွင့် ၂ ဦးကို သတိပေးခဲ့တဲ့ ပိုချက်တီနို

မူရီဆီယို ပိုချက်တီနိုက ချဲလ်ဆီးကြယ်ပွင့် ၂ ဦးကို မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ရင် အောင်ပွဲမခံမနေရ အောင်ပွဲခံရမယ်လို့ သတိပေးခဲ့ပါတယ်။

ချဲလ်ဆီးဟာ ယနေ့ညနေမှာ အစ်တီဟတ်ကို သွားရောက်ပြီး မန်စီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းက နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ချဲလ်ဆီးကလည်း အမှတ်ပေးဇယား အပေါ်ပိုင်းကို တက်လှမ်းနိုင်ဖို့အတွက် အနိုင် ၃ မှတ် မဖြစ်မနေ လိုအပ်နေတာဖြစ်ပြီး ပိုချက်တီနိုရဲ့အသင်းက လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာနဲ့ ၁၃ မှတ်အကွာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

ပိုချက်တီနိုအနေနဲ့ ရလဒ်ကောင်းတွေ ရဖို့အတွက် ကိုး ပါလ်မာကို နောက်ထပ်တစ်ကြိမ် အားကိုးရမှာဖြစ်ပြီး အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အစ်တီဟတ်ကို စွန့်ခွာပြီးနောက် စတမ်းဖို့ဒ် ဘရစ်ချ်က ပထမဆုံးရာသီမှာ ခြေစွမ်းကောင်းပြသနေတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမားဟာ လက်ရှိအချိန်အထိ ချဲလ်ဆီးအတွက် ၂၈ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ပေးထားပြီး နိုဝင်ဘာလက မိခင်ကလပ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ နာကျင်အချိန်ပို ပင်နယ်တီကနေ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ရာဟင်း စတားလင်းလည်း အသင်းဟောင်းနဲ့ ပြန်လည်တွေ့ဆုံတဲ့ပွဲမှာ အကျိုးသက်ရောက်မှု ပြသနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ ၉ ပွဲအထိ ဂိုးပေါက်ပျောက်ဆုံးနေတာကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

စတားလင်းရော ပါလ်မာပါ ဒီရာသီအစောပိုင်းတုန်းက စီးတီးနဲ့ ၄-၄ သရေကျခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ကြပြီး မန်စီးတီးကြယ်ပွင့်ဟောင်းတွေဟာ အောင်ပွဲခံဖို့ နုတ်ဆိတ်နေခဲ့ကြပေမယ့် ပိုချက်တီနိုက ဒီတစ်ကြိမ်မှာတော့ ချဲလ်ဆီးကြယ်ပွင့် ၂ ဦးအနေနဲ့ အောင်ပွဲခံရမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူတို့တွေ အောင်ပွဲခံမယ်ဆိုရင် ဒါက ဘောလုံးပဲလေ။ သူတို့တွေ အောင်ပွဲမခံဘဲ လေးစားမှု ပြသချင်ရင်လည်း ရပါတယ်။ ဒါပေမယ့် ခင်ဗျား ဂိုးသွင်းနိုင်တဲ့အခါမှာ အောင်ပွဲခံဖို့လိုတယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျားရဲ့ အသင်းဟောင်းဘက်ကို အဆုံးသတ်ပြီးနောက် ခင်ဗျား ဆောရီးပါ ပြောလိုက်ပါ။ ခင်ဗျားက မတူညီတဲ့ရှပ်တွေ၊ တံဆိပ်တွေ၊ အသင်းတွေအတွက် ကစားနေရတဲ့အခါမှာ ခင်ဗျားရဲ့ ခံစားချက်တွေကို ရပ်တန့်ထားလို့မရနိုင်ဘူး။ ခင်ဗျား ဂိုးသွင်းနိုင်တဲ့အခါမှာ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ အလှပဆုံးခံစားချက်ဖြစ်လာမှာပါ။ ခင်ဗျား အဲဒါကို အား မဟုတ်ဘူး။ ငါ အောင်ပွဲမခံချင်ပါဘူးဆိုပြီး လုပ်လို့မရဘူး။ ခင်ဗျား အောင်ပွဲခံဖို့လိုတယ်။ ခင်ဗျားက အခု တခြားအသင်းအတွက် ကစားပေးနေတာပါ။ခင်ဗျား အဲဒီမှာရှိခဲ့တုန်းက လေးစားမှု ပြသခဲ့ပြီး အသင်းကို အရာအားလုံး ပေးခဲ့ပြီးပြီ။ ဒါပေမယ့် အခု ခင်ဗျားက တခြားရှပ်ကို ကာကွယ်ပေးနေရတယ်။ ခင်ဗျား အောင်ပွဲခံဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားက တခြားသမိုင်းတစ်ခုရဲ့အစိတ်အပိုင်းဖြစ်နေလို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မူရီဆီယို ပိုခ်က္တီႏိုက ခ်ဲလ္ဆီးၾကယ္ပြင့္ ၂ ဦးကို မန္ခ်က္စတာစီးတီးနဲ႔ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ရင္ ေအာင္ပြဲမခံမေနရ ေအာင္ပြဲခံရမယ္လို႔ သတိေပးခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ယေန႔ညေနမွာ အစ္တီဟတ္ကို သြားေရာက္ၿပီး မန္စီးတီးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းက ႏိုင္ပြဲနဲ႔အတူ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကလည္း အမွတ္ေပးဇယား အေပၚပိုင္းကို တက္လွမ္းႏိုင္ဖို႔အတြက္ အႏိုင္ ၃ မွတ္ မျဖစ္မေန လိုအပ္ေနတာျဖစ္ၿပီး ပိုခ်က္တီႏိုရဲ႕အသင္းက လက္ရွိမွာ အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာနဲ႔ ၁၃ မွတ္အကြာ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။

ပိုခ်က္တီႏိုအေနနဲ႔ ရလဒ္ေကာင္းေတြ ရဖို႔အတြက္ ကိုး ပါလ္မာကို ေနာက္ထပ္တစ္ႀကိမ္ အားကိုးရမွာျဖစ္ၿပီး အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အစ္တီဟတ္ကို စြန႔္ခြာၿပီးေနာက္ စတမ္းဖို႔ဒ္ ဘရစ္ခ်္က ပထမဆုံးရာသီမွာ ေျခစြမ္းေကာင္းျပသေနတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ လက္ရွိအခ်ိန္အထိ ခ်ဲလ္ဆီးအတြက္ ၂၈ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္ေပးထားၿပီး ႏိုဝင္ဘာလက မိခင္ကလပ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲမွာ နာက်င္အခ်ိန္ပို ပင္နယ္တီကေန ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ရာဟင္း စတားလင္းလည္း အသင္းေဟာင္းနဲ႔ ျပန္လည္ေတြ႕ဆုံတဲ့ပြဲမွာ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ ၉ ပြဲအထိ ဂိုးေပါက္ေပ်ာက္ဆုံးေနတာေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

စတားလင္းေရာ ပါလ္မာပါ ဒီရာသီအေစာပိုင္းတုန္းက စီးတီးနဲ႔ ၄-၄ သေရက်ခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ၾကၿပီး မန္စီးတီးၾကယ္ပြင့္ေဟာင္းေတြဟာ ေအာင္ပြဲခံဖို႔ ႏုတ္ဆိတ္ေနခဲ့ၾကေပမယ့္ ပိုခ်က္တီႏိုက ဒီတစ္ႀကိမ္မွာေတာ့ ခ်ဲလ္ဆီးၾကယ္ပြင့္ ၂ ဦးအေနနဲ႔ ေအာင္ပြဲခံရမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြ ေအာင္ပြဲခံမယ္ဆိုရင္ ဒါက ေဘာလုံးပဲေလ။ သူတို႔ေတြ ေအာင္ပြဲမခံဘဲ ေလးစားမႈ ျပသခ်င္ရင္လည္း ရပါတယ္။ ဒါေပမယ့္ ခင္ဗ်ား ဂိုးသြင္းႏိုင္တဲ့အခါမွာ ေအာင္ပြဲခံဖို႔လိုတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ားရဲ႕ အသင္းေဟာင္းဘက္ကို အဆုံးသတ္ၿပီးေနာက္ ခင္ဗ်ား ေဆာရီးပါ ေျပာလိုက္ပါ။ ခင္ဗ်ားက မတူညီတဲ့ရွပ္ေတြ၊ တံဆိပ္ေတြ၊ အသင္းေတြအတြက္ ကစားေနရတဲ့အခါမွာ ခင္ဗ်ားရဲ႕ ခံစားခ်က္ေတြကို ရပ္တန႔္ထားလို႔မရႏိုင္ဘူး။ ခင္ဗ်ား ဂိုးသြင္းႏိုင္တဲ့အခါမွာ ခင္ဗ်ားရဲ႕ ခႏၶာကိုယ္ထဲမွာ အလွပဆုံးခံစားခ်က္ျဖစ္လာမွာပါ။ ခင္ဗ်ား အဲဒါကို အား မဟုတ္ဘူး။ ငါ ေအာင္ပြဲမခံခ်င္ပါဘူးဆိုၿပီး လုပ္လို႔မရဘူး။ ခင္ဗ်ား ေအာင္ပြဲခံဖို႔လိုတယ္။ ခင္ဗ်ားက အခု တျခားအသင္းအတြက္ ကစားေပးေနတာပါ။ခင္ဗ်ား အဲဒီမွာရွိခဲ့တုန္းက ေလးစားမႈ ျပသခဲ့ၿပီး အသင္းကို အရာအားလုံး ေပးခဲ့ၿပီးၿပီ။ ဒါေပမယ့္ အခု ခင္ဗ်ားက တျခားရွပ္ကို ကာကြယ္ေပးေနရတယ္။ ခင္ဗ်ား ေအာင္ပြဲခံဖို႔လိုတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားက တျခားသမိုင္းတစ္ခုရဲ႕အစိတ္အပိုင္းျဖစ္ေနလို႔ပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.