Premier League

စီးတီးနဲ့ချဲလ်ဆီးပွဲအပါအဝင် ဒီအပတ်ပွဲစဉ်တွေအတွက် ဘာဘာတော့ဗ်ရဲ့ ဟောကိန်းများ

ပရီးမီးယားလိဂ်အသင်းများစုဟာ ရှားရှားပါးပါး ရက်သတ္တပတ်အလယ်မှာ နားရက်ရခဲ့ပြီးနောက် ဒီအပတ်မှာ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေ ပြန်လည်ပြုလုပ်သွားကြမှာဖြစ်ပါတယ်။

ဆုဖလားပြိုင်ပွဲအတွက် အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ၂ ဦးက ဘန်လေ၊ ဘရန့်တ်ဖို့ဒ်တို့နဲ့ပွဲမှာ အနိုင်ကစားပြီး မန်ချက်စတာစီးတီးကို ဖိအားပေးဖို့ ကြိုးစားသွားမှာဖြစ်ပြီး ဘာဘာတော့ဗ်က ဒီအပတ် ပွဲကြီးပွဲကောင်းတွေအတွက် ဟောကိန်းထုတ်ခဲ့ပါတယ်။

ဘရန့်တ်ဖို့ဒ်-လီဗာပူးလ်

ကျွန်တော်ကတော့ ဒီပွဲမှာ အံ့အားသင့်စရာဖြစ်မယ့်ဘက်က ရှိနေချင်တယ်။ ဘရန့်တ်ဖို့ဒ်က အရမ်းကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့တွေ နောက်ဆုံးပွဲမှာ အနိုင်ရခဲ့ပြီး အဲဒီအတိုင်း ဆက်လုပ်သွားချင်နေမှာပါ။ လီဗာပူးလ်က ခံစစ်ပိုင်း နည်းနည်း မငြိမ်မသက်စြဖ်နေ်ပြီး အဲဒါက သူတို့ကို ဒုက္ခရောက်စေပါလိမ့်မယ်။ စောစောကန်ရမှာကလည်း ထူးဆန်းပါတယ်။ ကျွန်တော်ကတော့ ဒီပွဲက သရေပွဲလို့ မှန်းပါတယ်။ ၁-၁ ပါ။

ဘန်လေ-အာဆင်နယ်

ဒီပွဲက အာဆင်နယ်အတွက် အရေးကြီးတဲ့ပွဲပါ။ တစ်ဖက်မှာလည်း ဘန်လေက အာဆင်နယ်ကို အနိုင်ရခဲ့ရင်တောင်မှ တန်းမဆင်းရဘဲ ကျန်နိုင်ခဲ့ဖို့ အခွင့်အရေးက နည်းနည်းပဲ ရှိပါလိမ်မယ်။ ဒါပေမယ့် သူတို့တွေ အနိုင်ရသွားမှာလား။ အာဆင်နယ်က အခုဆိုရင် အတွေ့အကြုံရှိနေပြီး ရင့်ကျက်နေပါပြီ။ အာဆင်နယ်က ဆက်ပြီး အာရုံစူးစိုက်ထားဖို့လိုတယ်။ ဒီလိုပွဲတွေက အာဆင်နယ်အတွက် အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ ရမှတ်တွေလျော့ကျခဲ့ရင် ဆုဖလားအနိုင်ရဖို့အတွက် လုံလောက်တဲ့ ရင့်ကျက်မှုမျိုးမရှိတာမို့လို့ပါပဲ။ ကျွန်တော်ကတော့ အာဆင်နယ်အနိုင်ရမယ်လို့ မှန်းပါတယ်။ ၁-၃ ပါ။

စပါးစ်-ဝုလ်ဗ်စ်

စပါးစ်က ဒီရာသီအစောပိုင်းတုန်းက ဝုလ်ဗ်စ်ကို ရှုံးခဲ့တာကို မှတ်မိနေပါလိမ့်မယ်။ နည်းပြနဲ့ ကစားသမားတွေက လက်စားချေချင်နေမှာပါ။ ဆွန်လည်း ပြန်လာပြီဆိုတော့ စပါးစ်က တိုက်စစ်မှာ ပိုပြီးတောင် အားကောင်းနေပါပြီ။ အဲဒီတော့ သူတို့တွေ တစ်ပွဲလုံး အာရုံစူးစိုက်ထားနိုင်ရင် စပါးစ်နိုင်သွားမယ့်ပွဲလို့ မြင်ပါတယ်။ ၂-၁ ပါ။

မန်စီးတီး-ချဲလ်ဆီး

စီးတီးက သူတို့ ပုံမှန်ခြေရနေတဲ့နေ့မှာ သားရဲတစ်ကောင်ဖြစ်ပြီး ဘာလုပ်ရမလဲဆိုတာကို အတိအကျသိပါတယ်။ အသင်းက ဂိုးအရင်သွင်းရင်တောင် စီးတီးက မပြောင်းလဲပါဘူး။ သူတို့တွေ စိတ်ပိုင်းဆိုင်ရာအားကောင်းပြီး ဂိုးတွေ ဘယ်လိုသွင်းရမလဲဆိုတာကို သိတယ်။ စီးတီးက ချဲလ်ဆီးကို လျှော့တွက်လိမ့်မယ်လို့ မထင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေက ရူးနေတာမဟုတ်လို့ပါ။ သူတို့တွေက ဆုဖလားအတွက် တိုက်ပွဲဝင်နေပြီး လီဗာပူးလ်နောက်ကို အမီလိုက်နေလို့ပါ။ စီးတီးက အိမ်ကွင်းမှာ ကစားရမှာဆိုတော့ သူတို့ပဲ နိုင်ပါလိမ့်မယ်။ ၃-၁ ပါ။

လူတန်-မန်ယူနိုက်တက်

လူတန်ကွင်းက ကစားရခက်တဲ့ကွင်းပါ။ ယူနိုက်တက်က လူငယ်တွေနဲ့ အတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့အတူ ကောင်းမွန်တဲ့ ခြေစွမ်းပြသသွားမှာပါ။ လူငယ်တွေက ဂိုးတွေသွင်းပြီး တိုက်စစ်ဆင်တယ်။ ယူနိုက်တက်က လူတန်နဲ့ပွဲမှာ အနိုင်ကျင့်မခံသရွေ့၊ အထူးသဖြင့် တည်ကန်ဘောတွေမှာ အမှားမလုပ်သရွေ့ သူတို့ကို အနိုင်ယူဖို့ လုံလောက်တဲ့ အရည်အသွေးရှိပါတယ်။ အဲဒီတော့ ကျွန်တော် ယူနိုက်တက်အနိုင်ရမယ့်ဘက်က ရှိနေပါတယ်။ ယူနိုက်တက်က ထိပ်ဆုံး ၄ နေရာနဲ့ ပိုနီးစပ်လာဖို့ နိုင်ပွဲရဖို့လိုတယ်။ ၁-၃ ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္အသင္းမ်ားစုဟာ ရွားရွားပါးပါး ရက္သတၱပတ္အလယ္မွာ နားရက္ရခဲ့ၿပီးေနာက္ ဒီအပတ္မွာ ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈေတြ ျပန္လည္ျပဳလုပ္သြားၾကမွာျဖစ္ပါတယ္။

ဆုဖလားၿပိဳင္ပြဲအတြက္ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ ၂ ဦးက ဘန္ေလ၊ ဘရန႔္တ္ဖို႔ဒ္တို႔နဲ႔ပြဲမွာ အႏိုင္ကစားၿပီး မန္ခ်က္စတာစီးတီးကို ဖိအားေပးဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး ဘာဘာေတာ့ဗ္က ဒီအပတ္ ပြဲႀကီးပြဲေကာင္းေတြအတြက္ ေဟာကိန္းထုတ္ခဲ့ပါတယ္။

ဘရန႔္တ္ဖို႔ဒ္-လီဗာပူးလ္

ကြၽန္ေတာ္ကေတာ့ ဒီပြဲမွာ အံ့အားသင့္စရာျဖစ္မယ့္ဘက္က ရွိေနခ်င္တယ္။ ဘရန႔္တ္ဖို႔ဒ္က အရမ္းေကာင္းေကာင္း မလုပ္ႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ သူတို႔ေတြ ေနာက္ဆုံးပြဲမွာ အႏိုင္ရခဲ့ၿပီး အဲဒီအတိုင္း ဆက္လုပ္သြားခ်င္ေနမွာပါ။ လီဗာပူးလ္က ခံစစ္ပိုင္း နည္းနည္း မၿငိမ္မသက္ျစဖ္ေန္ၿပီး အဲဒါက သူတို႔ကို ဒုကၡေရာက္ေစပါလိမ့္မယ္။ ေစာေစာကန္ရမွာကလည္း ထူးဆန္းပါတယ္။ ကြၽန္ေတာ္ကေတာ့ ဒီပြဲက သေရပြဲလို႔ မွန္းပါတယ္။ ၁-၁ ပါ။

ဘန္ေလ-အာဆင္နယ္

ဒီပြဲက အာဆင္နယ္အတြက္ အေရးႀကီးတဲ့ပြဲပါ။ တစ္ဖက္မွာလည္း ဘန္ေလက အာဆင္နယ္ကို အႏိုင္ရခဲ့ရင္ေတာင္မွ တန္းမဆင္းရဘဲ က်န္ႏိုင္ခဲ့ဖို႔ အခြင့္အေရးက နည္းနည္းပဲ ရွိပါလိမ္မယ္။ ဒါေပမယ့္ သူတို႔ေတြ အႏိုင္ရသြားမွာလား။ အာဆင္နယ္က အခုဆိုရင္ အေတြ႕အႀကဳံရွိေနၿပီး ရင့္က်က္ေနပါၿပီ။ အာဆင္နယ္က ဆက္ၿပီး အာ႐ုံစူးစိုက္ထားဖို႔လိုတယ္။ ဒီလိုပြဲေတြက အာဆင္နယ္အတြက္ အေရးႀကီးတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ရမွတ္ေတြေလ်ာ့က်ခဲ့ရင္ ဆုဖလားအႏိုင္ရဖို႔အတြက္ လုံေလာက္တဲ့ ရင့္က်က္မႈမ်ိဳးမရွိတာမို႔လို႔ပါပဲ။ ကြၽန္ေတာ္ကေတာ့ အာဆင္နယ္အႏိုင္ရမယ္လို႔ မွန္းပါတယ္။ ၁-၃ ပါ။

စပါးစ္-ဝုလ္ဗ္စ္

စပါးစ္က ဒီရာသီအေစာပိုင္းတုန္းက ဝုလ္ဗ္စ္ကို ရႈံးခဲ့တာကို မွတ္မိေနပါလိမ့္မယ္။ နည္းျပနဲ႔ ကစားသမားေတြက လက္စားေခ်ခ်င္ေနမွာပါ။ ဆြန္လည္း ျပန္လာၿပီဆိုေတာ့ စပါးစ္က တိုက္စစ္မွာ ပိုၿပီးေတာင္ အားေကာင္းေနပါၿပီ။ အဲဒီေတာ့ သူတို႔ေတြ တစ္ပြဲလုံး အာ႐ုံစူးစိုက္ထားႏိုင္ရင္ စပါးစ္ႏိုင္သြားမယ့္ပြဲလို႔ ျမင္ပါတယ္။ ၂-၁ ပါ။

မန္စီးတီး-ခ်ဲလ္ဆီး

စီးတီးက သူတို႔ ပုံမွန္ေျခရေနတဲ့ေန႔မွာ သားရဲတစ္ေကာင္ျဖစ္ၿပီး ဘာလုပ္ရမလဲဆိုတာကို အတိအက်သိပါတယ္။ အသင္းက ဂိုးအရင္သြင္းရင္ေတာင္ စီးတီးက မေျပာင္းလဲပါဘူး။ သူတို႔ေတြ စိတ္ပိုင္းဆိုင္ရာအားေကာင္းၿပီး ဂိုးေတြ ဘယ္လိုသြင္းရမလဲဆိုတာကို သိတယ္။ စီးတီးက ခ်ဲလ္ဆီးကို ေလွ်ာ့တြက္လိမ့္မယ္လို႔ မထင္ဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက ႐ူးေနတာမဟုတ္လို႔ပါ။ သူတို႔ေတြက ဆုဖလားအတြက္ တိုက္ပြဲဝင္ေနၿပီး လီဗာပူးလ္ေနာက္ကို အမီလိုက္ေနလို႔ပါ။ စီးတီးက အိမ္ကြင္းမွာ ကစားရမွာဆိုေတာ့ သူတို႔ပဲ ႏိုင္ပါလိမ့္မယ္။ ၃-၁ ပါ။

လူတန္-မန္ယူႏိုက္တက္

လူတန္ကြင္းက ကစားရခက္တဲ့ကြင္းပါ။ ယူႏိုက္တက္က လူငယ္ေတြနဲ႔ အေတြ႕အႀကဳံရွိတဲ့ကစားသမားေတြနဲ႔အတူ ေကာင္းမြန္တဲ့ ေျခစြမ္းျပသသြားမွာပါ။ လူငယ္ေတြက ဂိုးေတြသြင္းၿပီး တိုက္စစ္ဆင္တယ္။ ယူႏိုက္တက္က လူတန္နဲ႔ပြဲမွာ အႏိုင္က်င့္မခံသေ႐ြ႕၊ အထူးသျဖင့္ တည္ကန္ေဘာေတြမွာ အမွားမလုပ္သေ႐ြ႕ သူတို႔ကို အႏိုင္ယူဖို႔ လုံေလာက္တဲ့ အရည္အေသြးရွိပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္ ယူႏိုက္တက္အႏိုင္ရမယ့္ဘက္က ရွိေနပါတယ္။ ယူႏိုက္တက္က ထိပ္ဆုံး ၄ ေနရာနဲ႔ ပိုနီးစပ္လာဖို႔ ႏိုင္ပြဲရဖို႔လိုတယ္။ ၁-၃ ပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.