Premier League

ဘာဆာကြယ်ပွင့်အတွက် ယူနိုက်တက်တို့ အလိုက်ပေးကမ်းလှမ်းမယ့် ကစားသမား ၄ ဦး

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာက ဖရန်ကီ ဒီ ယုံးကို ခေါ်ယူနိုင်ဖို့အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပေးချေဖို့ လိုအပ်လိမ့်မယ်လို့ သိရပါတယ်။

ဘာစီလိုနာဟာ ဒတ်ချ်ကွင်းလယ်ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၉၀ သတ်မှတ်ခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က အနည်းဆုံး ကစားသမား ၁ ဦး သို့မဟုတ် ၂ ဦးအထိ အလိုက်ပေးပြီး ပြောင်းရွှေ့ကြေးကို ပိုမိုနည်းပါးသွားအောင် ကြိုးပမ်းသွားမယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

ဒီယုံးရဲ့ အပြောင်းအရွှေ့မှာ အလိုက်အဖြစ် ထည့်သွင်း ကမ်းလှမ်းခြင်းခံရနိုင်တဲ့ ကစားသမားတွေထဲမှာ ဂီတာဖေးကို အငှားနဲ့ ထွက်ကစားနေတဲ့ မေဆန် ဂရင်းဝုဒ်ပါဝင်နေပြီး ဇာဗီရဲ့အသင်းက အင်္ဂလန်တိုက်စစ်မှူးကို စိတ်ဝင်စားကြောင်း ပြသထားတာဖြစ်ပါတယ်။

နောက်ထပ်တစ်ဦးအနေနဲ့ ဒေါ့မွန်ကို အငှားနဲ့ ပြန်သွားကစားနေတဲ့ ဂျေဒန် ဆန်ချိုလည်း ပါဝင်နေပြီး နည်းပြ တန်ဟက်နဲ့ ဆက်ဆံရေး ပြိုကွဲခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှာ အနာဂတ်မရှိတော့တဲ့ ကစားသမားဖြစ်ပါတယ်။

တတိယမြောက်ကစားသမားကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ စျေးကြီးပေးပြီး အသုံးမဝင်တဲ့ ကစားသမားဖြစ်နေခဲ့တဲ့ အန်တိုနီဖြစ်ပြီး ဘရာဇီးလ်တောင်ပံကစားသမားဟာ အသင်းမှာ ရှိနေခဲ့တဲ့ ၂ နှစ်အတွင်းမှာ အထင်ကြီးစရာခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးကစားသမားကတော့ မန်ချက်စတာယူနိုက်တက်ကို ယခုရာသီမှာ အနိုင် ၃ မှတ်ရအောင် နောက်ကျသွင်းဂိုးတွေနဲ့ ကယ်တင်ပေးနေတဲ့ စကော့ မက်တော်မီနေးဖြစ်ပြီး ဘာစီလိုနာအသင်းက ဒီ ယုံးရဲ့နေရာမှာ အစားထိုးဖို့ ပြန်လည်ရှာဖွေရမှာဖြစ်တာကြောင့် ဖြစ်နိုင်ဖွယ်ရှိတဲ့ ကမ်းလှမ်းမှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ လာမယ့္ေႏြရာသီမွာ ဘာစီလိုနာက ဖရန္ကီ ဒီ ယုံးကို ေခၚယူႏိုင္ဖို႔အတြက္ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပးေခ်ဖို႔ လိုအပ္လိမ့္မယ္လို႔ သိရပါတယ္။

ဘာစီလိုနာဟာ ဒတ္ခ်္ကြင္းလယ္ၾကယ္ပြင့္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၉၀ သတ္မွတ္ခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္က အနည္းဆုံး ကစားသမား ၁ ဦး သို႔မဟုတ္ ၂ ဦးအထိ အလိုက္ေပးၿပီး ေျပာင္းေ႐ႊ႕ေၾကးကို ပိုမိုနည္းပါးသြားေအာင္ ႀကိဳးပမ္းသြားမယ္လို႔ Mundo Deportivo က ေဖာ္ျပခဲ့ပါတယ္။

ဒီယုံးရဲ႕ အေျပာင္းအေ႐ႊ႕မွာ အလိုက္အျဖစ္ ထည့္သြင္း ကမ္းလွမ္းျခင္းခံရႏိုင္တဲ့ ကစားသမားေတြထဲမွာ ဂီတာေဖးကို အငွားနဲ႔ ထြက္ကစားေနတဲ့ ေမဆန္ ဂရင္းဝုဒ္ပါဝင္ေနၿပီး ဇာဗီရဲ႕အသင္းက အဂၤလန္တိုက္စစ္မႉးကို စိတ္ဝင္စားေၾကာင္း ျပသထားတာျဖစ္ပါတယ္။

ေနာက္ထပ္တစ္ဦးအေနနဲ႔ ေဒါ့မြန္ကို အငွားနဲ႔ ျပန္သြားကစားေနတဲ့ ေဂ်ဒန္ ဆန္ခ်ိဳလည္း ပါဝင္ေနၿပီး နည္းျပ တန္ဟက္နဲ႔ ဆက္ဆံေရး ၿပိဳကြဲခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္မွာ အနာဂတ္မရွိေတာ့တဲ့ ကစားသမားျဖစ္ပါတယ္။

တတိယေျမာက္ကစားသမားကေတာ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေစ်းႀကီးေပးၿပီး အသုံးမဝင္တဲ့ ကစားသမားျဖစ္ေနခဲ့တဲ့ အန္တိုနီျဖစ္ၿပီး ဘရာဇီးလ္ေတာင္ပံကစားသမားဟာ အသင္းမွာ ရွိေနခဲ့တဲ့ ၂ ႏွစ္အတြင္းမွာ အထင္ႀကီးစရာေျခစြမ္းျပသႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးကစားသမားကေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို ယခုရာသီမွာ အႏိုင္ ၃ မွတ္ရေအာင္ ေနာက္က်သြင္းဂိုးေတြနဲ႔ ကယ္တင္ေပးေနတဲ့ စေကာ့ မက္ေတာ္မီေနးျဖစ္ၿပီး ဘာစီလိုနာအသင္းက ဒီ ယုံးရဲ႕ေနရာမွာ အစားထိုးဖို႔ ျပန္လည္ရွာေဖြရမွာျဖစ္တာေၾကာင့္ ျဖစ္ႏိုင္ဖြယ္ရွိတဲ့ ကမ္းလွမ္းမႈတစ္ခုျဖစ္လာမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.