Premier League

ကာလရှည်ပစ်မှတ်ကို ခေါ်ယူခွင့်ရရှိနေပြီဖြစ်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ကာလရှည် ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တဲ့ ဝုလ်ဗ်စ်တောင်ပံကြယ်ပွင့် ပက်ဒရို နီတိုကို လာမယ့် နွေရာသီမှာ ခေါ်ယူနိုင်ဖို့ ရွှေရောင်အခွင့်အရေး ရရှိခဲ့တယ်လို့ သိရပါတယ်။

ပေါ်တူဂီတောင်ပံကစားသမားဟာ ဒီရာသီမှာလည်း ဝုလ်ဗ်စ်အတွက် လက်မလွှတ်ချင်လောက်အောင် ကောင်းမွန်တဲ့ ကစားသမားဖြစ်နေပေမယ့်လည်း ဝံပုလွေတွေဟာ FFP ရဲ့ အရေးယူမှုကနေ ရှောင်လွှဲနိုင်အောင် ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ဝုလ်ဗ်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်ရပ်တည်နိုင်ရေးစည်းမျဉ်းတွေနဲ့ အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ အရေးယူခြင်းခံခဲ့ရပြီးနောက် အရေးယူခံရမှာကို စိုးရိမ်နေမှုက အသက် ၂၃ နှစ်အရွယ် ကစားသမားကို ရောင်းထုတ်ဖို့ ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ လာမယ့် နွေရာသီမှာ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်နိုင်ဖို့အတွက်ဆိုရင် ပက်ဒရို နီတိုကို ရောင်းထုတ်မှ ဖြစ်နိုင်မှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲအထိ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ထားတာဖြစ်ပါတယ်။

The Sun ရဲ့သတင်းအရ ဝုလ်ဗ်စ်ဟာ လာမယ့် ၂၀၂၄-၂၀၂၅ ရာသီမတိုင်ခင် နီတိုကို ရောင်းထုတ်သွားဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ စာချုပ်ဟာ ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမှာကို စိုးရိမ်ရတာကြောင့် အလျင်စလို ရောင်းချရတာမျိုး လုပ်စရာမလိုဘဲ စျေးကောင်းကောင်း တောင်းနိုင်မှာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပေါ်တူဂီတောင်ပံကြယ်ပွင့်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ကြာခဲ့ပြီဖြစ်ပြီး နီတိုကို အာဆင်နယ်အားကစားဒါရိုက်တာ အီဒူးနဲ့ နည်းပြ အာတီတာတို့က အသိအမှတ်ပြု ချီးကျူးခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အနေနဲ့ နီတိုအတွက် ပြောင်းရွှေ့ကြေး ဘယ်လောက်အထိ ပေးချေလိုတဲ့ဆန္ဒရှိမလဲဆိုတာက အသင်းက ကစားသမားတွေ ရောင်းထုတ်နိုင်မလားဆိုတဲ့အပေါ်မှာ မူတည်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကစားသမားအများအပြားနဲ့သတင်းထွက်ခဲ့ပေမယ့် နွေရာသီတုန်းက ပေါင်သန်း ၂၀၀ ကျော်အထိ သုံးစွဲခဲ့တာကြောင့် ကစားသမားသစ်တစ်ဦးမှ မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီကိုလည်း ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လာမယ့်နွေရာသီမှာ ထပ်မံခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ ကာလရွည္ ေခၚယူဖို႔ ႀကိဳးပမ္းေနခဲ့တဲ့ ဝုလ္ဗ္စ္ေတာင္ပံၾကယ္ပြင့္ ပက္ဒ႐ို နီတိုကို လာမယ့္ ေႏြရာသီမွာ ေခၚယူႏိုင္ဖို႔ ေ႐ႊေရာင္အခြင့္အေရး ရရွိခဲ့တယ္လို႔ သိရပါတယ္။

ေပၚတူဂီေတာင္ပံကစားသမားဟာ ဒီရာသီမွာလည္း ဝုလ္ဗ္စ္အတြက္ လက္မလႊတ္ခ်င္ေလာက္ေအာင္ ေကာင္းမြန္တဲ့ ကစားသမားျဖစ္ေနေပမယ့္လည္း ဝံပုေလြေတြဟာ FFP ရဲ႕ အေရးယူမႈကေန ေရွာင္လႊဲႏိုင္ေအာင္ ၾကယ္ပြင့္ကစားသမားကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

ဝုလ္ဗ္စ္ဟာ ပရီးမီးယားလိဂ္ရဲ႕ အျမတ္အစြန္းနဲ႔ ေရရွည္ရပ္တည္ႏိုင္ေရးစည္းမ်ဥ္းေတြနဲ႔ အဲဗာတန္နဲ႔ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ အေရးယူျခင္းခံခဲ့ရၿပီးေနာက္ အေရးယူခံရမွာကို စိုးရိမ္ေနမႈက အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားကို ေရာင္းထုတ္ဖို႔ ျဖစ္လာေစခဲ့တာျဖစ္ပါတယ္။

ဝုလ္ဗ္စ္အသင္းဟာ လာမယ့္ ေႏြရာသီမွာ ကစားသမားေခၚယူမႈေတြ ျပဳလုပ္ႏိုင္ဖို႔အတြက္ဆိုရင္ ပက္ဒ႐ို နီတိုကို ေရာင္းထုတ္မွ ျဖစ္ႏိုင္မွာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၅ ပြဲအထိ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္အထိ ျပဳလုပ္ထားတာျဖစ္ပါတယ္။

The Sun ရဲ႕သတင္းအရ ဝုလ္ဗ္စ္ဟာ လာမယ့္ ၂၀၂၄-၂၀၂၅ ရာသီမတိုင္ခင္ နီတိုကို ေရာင္းထုတ္သြားဖို႔ စီစဥ္ထားၿပီးျဖစ္တယ္လို႔ သိရၿပီး ေပၚတူဂီၾကယ္ပြင့္ရဲ႕ စာခ်ဳပ္ဟာ ၂၀၂၇ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္ အလြတ္နဲ႔ ထြက္ခြာခြင့္ေပးရမွာကို စိုးရိမ္ရတာေၾကာင့္ အလ်င္စလို ေရာင္းခ်ရတာမ်ိဳး လုပ္စရာမလိုဘဲ ေစ်းေကာင္းေကာင္း ေတာင္းႏိုင္မွာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ေပၚတူဂီေတာင္ပံၾကယ္ပြင့္ကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာ ၾကာခဲ့ၿပီျဖစ္ၿပီး နီတိုကို အာဆင္နယ္အားကစားဒါ႐ိုက္တာ အီဒူးနဲ႔ နည္းျပ အာတီတာတို႔က အသိအမွတ္ျပဳ ခ်ီးက်ဴးခဲ့ၾကတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အေနနဲ႔ နီတိုအတြက္ ေျပာင္းေ႐ႊ႕ေၾကး ဘယ္ေလာက္အထိ ေပးေခ်လိုတဲ့ဆႏၵရွိမလဲဆိုတာက အသင္းက ကစားသမားေတြ ေရာင္းထုတ္ႏိုင္မလားဆိုတဲ့အေပၚမွာ မူတည္ေနၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ကစားသမားအမ်ားအျပားနဲ႔သတင္းထြက္ခဲ့ေပမယ့္ ေႏြရာသီတုန္းက ေပါင္သန္း ၂၀၀ ေက်ာ္အထိ သုံးစြဲခဲ့တာေၾကာင့္ ကစားသမားသစ္တစ္ဦးမွ မေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉး အိုင္ဗန္ တိုနီကိုလည္း ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာေၾကာင့္ လာမယ့္ေႏြရာသီမွာ ထပ္မံေခၚယူဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.