Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၂.၁၀.၂၀၂၀

– အသက္ ၁၉ ႏွစ္အရြယ္သာ ရွိေသးၿပီး ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္အသင္းအတြက္ ေျခစြမ္းျပသေနတဲ့ လူငယ္ကြင္းလယ္လူ ေဒါမနစ္ ဆုိေဘာ့ဆ္လုိင္းမွာ ေပါင္ ၂၂.၅ သန္းတန္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ရွိေနတယ္လို႔ လီယြန္ရဲ႕ ေအာဝါအစား ေခၚယူဖို႔ အာဆင္နယ္ ပရိသတ္ေတြ တုိက္တြန္းေနၾက။

– အာဆင္နယ္အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းက သူဟာ ကြင္းလယ္လူ မုိဟာမက္ အယ္လ္နန္နီကို သေဘာက်ၿပီး သူ႕လိုပဲ ေပ်ာ္ရႊင္တတ္သူတစ္ဦးျဖစ္သလို ကြင္းလယ္မွာ ႀကဳိးစားၿပီး တုိက္စစ္မွဴးေတြဆီ ေဘာလုံးေပးကစားဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ပုံစံကို ခ်ီးက်ဴးသြား။

– မီဆြတ္ အိုေဇးလ္နဲ႔ အသင္းသားေတြဟာ တစ္သားတည္းျဖစ္ေၾကာင္းနဲ႔ သူတုိ႔အေနနဲ႔ ကြင္းလယ္လူရဲ႕ အေနအထားကို ဝိုင္းဝန္းအေျဖရွာ သြားၾကမွာျဖစ္ၿပီး လက္ရွိကစားရမယ့္ ပြဲကို သုံးမွတ္ရဖို႔ လုပ္ေဆာင္ၿပီးရင္ ေလ့က်င့္ေရးကြင္းမွာ ပူးေပါင္းလုပ္ေဆာင္သြားၾကမယ္လုိ႔ မိတ္လန္းႏုိင္းလ္စ္ ေျပာၾကား။

– ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာရဲ႕ အေနအထားဟာ ထိလြယ္ရွလြယ္ျဖစ္ေနၿပီး သူ႕အေနနဲ႔ မိသားစုထဲမွာ ဝမ္းနည္းစရာေတြကို ရင္ဆုိင္ထားရသလို ဒဏ္ရာေတြကေန ျပန္လာဖို႔လည္း ႐ုန္းကန္ထားရတာေၾကာင့္ ယုံၾကည္မွဳရဖို႔ ခက္ခဲေနၿပီး ဒါကို ကူညီတဲ့အေနနဲ႔ ပရီးမီးယားလိဂ္မွာ ယူ-၂၁ ကစားသမားအျဖစ္ ထည့္သြင္းၿပီး ယုံၾကည္မွဳေပးဖို႔ ဂ်ာနယ္လစ္ အြန္းစတိန္းေျပာၾကား။

– မန္စီးတီးနဲ႔ပြဲမွာ အရန္ခုံကေန လူစားဝင္ကစားခဲ့တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးဟာ လက္ရွိမွာေတာ့ အာဆင္နယ္အသင္းရဲ႕ ပထမလူစာရင္းမွာ ပြဲထြက္ႏုိင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ရက္ပစ္ ဝီယင္နဲ႔ ယူ႐ိုပါလိဂ္ပြဲမတုိင္ခင္ နည္းျပ အာတီတာ သုံးသပ္။

– အာဆင္နယ္အသင္းအေနနဲ႔ သူ႕ကို အျပန္အလွန္ သစၥာရွိမွဳကို မျပသဘူးလို႔ ကြင္းလယ္လူ မီဆြတ္ အုိေဇးလ္က အင္စတာဂရမ္မွာ ေပါက္ကြဲသြားခဲ့ၿပီး ဒီေန႔ေခတ္မွာ သူ႕လိုမ်ဳိး သစၥာရွိရွိေနတဲ့ ကစားသမားမ်ဳိးကို ရွာၾကည့္ဦးလုိ႔ ေရးသားခဲ့။

– တျခားကစားသမားေတြ သုံးေလးပြဲဆက္ၿပီး ဂိုးမသြင္းႏုိင္ရင္ စိုးရိမ္စရာျဖစ္ႏုိင္ေပမယ့္ သူကေတာ့ အူဘာမီယန္းကို ယုံၾကည္မွဳရွိေၾကာင္းနဲ႔ သူ႕ရဲ႕ စြမ္းေဆာင္ရည္အရ ဂိုးေတြ မၾကာခင္ ရရွိလာမွာျဖစ္ေၾကာင္း၊ စာခ်ဳပ္သစ္ေနာက္ပုိင္း ဂိုးမသြင္းႏိုင္မွဳကို ကာကြယ္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသက် ၁၉ နှစ်အရွယ်သာ ရှိသေးပြီး ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်အသင်းအတွက် ခြေစွမ်းပြသနေတဲ့ လူငယ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းမှာ ပေါင် ၂၂.၅ သန်းတန် စာချုပ်ဖျက်သိမ်းကြေး ရှိနေတယ်လို့ လီယွန်ရဲ့ အောဝါအစား ခေါ်ယူဖို့ အာဆင်နယ် ပရိသတ်တွေ တိုက်တွန်းနေကြ။

– အာဆင်နယ်အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းက သူဟာ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီကို သဘောကျပြီး သူ့လိုပဲ ပျော်ရွှင်တတ်သူတစ်ဦးဖြစ်သလို ကွင်းလယ်မှာ ကြိုးစားပြီး တိုက်စစ်မှူးတွေဆီ ဘောလုံးပေးကစားဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံကို ချီးကျူးသွား။

– မီဆွတ် အိုဇေးလ်နဲ့ အသင်းသားတွေဟာ တစ်သားတည်းဖြစ်ကြောင်းနဲ့ သူတို့အနေနဲ့ ကွင်းလယ်လူရဲ့ အနေအထားကို ဝိုင်းဝန်းအဖြေရှာ သွားကြမှာဖြစ်ပြီး လက်ရှိကစားရမယ့် ပွဲကို သုံးမှတ်ရဖို့ လုပ်ဆောင်ပြီးရင် လေ့ကျင့်ရေးကွင်းမှာ ပူးပေါင်းလုပ်ဆောင်သွားကြမယ်လို့ မိတ်လန်းနိုင်းလ်စ် ပြောကြား။

– နောက်ခံလူ ဝီလီယမ် ဆာလီဘာရဲ့ အနေအထားဟာ ထိလွယ်ရှလွယ်ဖြစ်နေပြီး သူ့အနေနဲ့ မိသားစုထဲမှာ ဝမ်းနည်းစရာတွေကို ရင်ဆိုင်ထားရသလို ဒဏ်ရာတွေကနေ ပြန်လာဖို့လည်း ရုန်းကန်ထားရတာကြောင့် ယုံကြည်မှုရဖို့ ခက်ခဲနေပြီး ဒါကို ကူညီတဲ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ယူ-၂၁ ကစားသမားအဖြစ် ထည့်သွင်းပြီး ယုံကြည်မှုပေးဖို့ ဂျာနယ်လစ် အွန်းစတိန်းပြောကြား။

– မန်စီးတီးနဲ့ပွဲမှာ အရန်ခုံကနေ လူစားဝင်ကစားခဲ့တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးဟာ လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ ပထမလူစာရင်းမှာ ပွဲထွက်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရက်ပစ် ဝီယင်နဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင် နည်းပြ အာတီတာ သုံးသပ်။

– အာဆင်နယ်အသင်းအနေနဲ့ သူ့ကို အပြန်အလှန် သစ္စာရှိမှုကို မပြသဘူးလို့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်က အင်စတာဂရမ်မှာ ပေါက်ကွဲသွားခဲ့ပြီး ဒီနေ့ခေတ်မှာ သူ့လိုမျိုး သစ္စာရှိရှိနေတဲ့ ကစားသမားမျိုးကို ရှာကြည့်ဦးလို့ ရေးသားခဲ့။

– တခြားကစားသမားတွေ သုံးလေးပွဲဆက်ပြီး ဂိုးမသွင်းနိုင်ရင် စိုးရိမ်စရာဖြစ်နိုင်ပေမယ့် သူကတော့ အူဘာမီယန်းကို ယုံကြည်မှုရှိကြောင်းနဲ့ သူ့ရဲ့ စွမ်းဆောင်ရည်အရ ဂိုးတွေ မကြာခင် ရရှိလာမှာဖြစ်ကြောင်း၊ စာချုပ်သစ်နောက်ပိုင်း ဂိုးမသွင်းနိုင်မှုကို ကာကွယ်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.