Match Report Premier League UCL&UEL

ဖာဘင္ညဳိ ခ်ီးက်ဴးခံခဲ့ရၿပီး ေပးဂိုးမရွိတဲ့ အေဝးကြင္းႏုိင္ပြဲကို လီဗာပူးလ္တုိ႔ ရယူ

လီဗာပူးလ္အသင္းအေနနဲ႔ ခံစစ္သမားေတြျဖစ္ၾကတဲ့ ဗန္ဒိုက္နဲ႔ မာတစ္ပ္တုိ႔ မပါဝင္ႏုိင္ခ်ိန္မွာ ကြင္းလယ္အဖ်က္က ဆူပါမန္း ဖာဘင္ညဳိရဲ႕ ခံစစ္ကို ဆင္းကစားၿပီး ဂ်ဳိးဂိုမက္ဇ္နဲ႔အတူ ေျခစြမ္းျပႏုိင္ခဲ့လို႔ အုိင္းယက္စ္အသင္းကို အေဝးကြင္းမွာ ေပးဂိုးမရွိဘဲ တစ္ဂိုးသြင္း႐ုံနဲ႔ သုံးမွတ္ရယူဖို႔ လုံေလာက္ခဲ့ပါတယ္။

အိမ္ရွင္ အုိင္းယက္စ္တို႔ အိမ္ကြင္းအားနဲ႔ ဖိကစားသလို လီဗာပူးလ္ေနာက္တန္းရဲ႕ အထိုင္မက်ေသးတဲ့ ပုံစံကို အခြင့္ေကာင္းယူထိုးေဖာက္ေနခဲ့ၾကၿပီး ဂိုးသမားကို ေသြးတုိးစမ္းခဲ့ၾကသလို လူကၽြံေဘာဆန္ဆန္တစ္လုံးကို ဒိုင္လူႀကီး မ်က္ကြယ္ျပဳခဲ့ေပမယ့္ အက္ဒရီယန္ ကာကြယ္သြားႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ဘယ္ေတာင္ပံကေန လက္ပစ္ေဘာ ေျမႇာက္ေပးတာကို ဆာဒီယို မာေနးက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ပင္နယ္တီ ဧရိယာထဲ ဆြဲဝင္ၿပီး ကန္သြင္းခဲ့ရာမွာ ကန္ခ်က္မေကာင္းခဲ့ေပမယ့္ ေနာက္ခံလူ တာဂလီယာဖီကို ရွင္းထုတ္ရာမွာ ပုံစံမမွန္ဘဲ ဂိုးထဲဝင္သြားခဲ့လို႔ လီဗာပူးလ္တုိ႔ အေဝးကြင္းမွာ အဖြင့္ဂိုးကို ရယူႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ဆာလားကေတာ့ အနည္းငယ္ ေလးပင္ေနခဲ့ၿပီး အခြင့္အေရးေကာင္းတစ္ခုကို ေဘာလုံးထိန္းၿပီး ေႏွာင့္ေႏွးေနလို႔ ခံစစ္က ကာကြယ္ သြားႏုိင္ခဲ့သလုိ ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ေဒးဗစ္ နီရက္စ္ရဲ႕ ဂိုးသမားကို ေက်ာ္ခ်တဲ့ ေဘာလုံးကုိ ဂိုးစည္းေပၚ မေရာက္ခင္ ရွင္းထုတ္သြားႏုိင္တဲ့ ဖာဘင္ညဳိကေတာ့ အသင္းရဲ႕ သူရဲေကာင္းျဖစ္ခဲ့တာပါ။

ဒုတိယပုိင္းမွာလည္း ႏွစ္သင္းလုံး အျပန္အလွန္ထိုးေဖာက္တုိက္စစ္ဆင္ခဲ့ၾကၿပီး အျပန္အလွန္ ဂိုးေပါက္ၿခိမ္းေျခာက္မွဳေတြ မ်ားခဲ့သလို လီဗာပူးလ္ကေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ထည့္ၿပီး ပြဲကို ထိန္းခ်ဳပ္လာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဆာလား၊ မာေနး၊ ဖာမီႏိုတုိ႔အစား ရွာက်ီရီ၊ ဂ်ဳိတာ၊ မီနာမီႏိုတုိ႔ကို လူစားလဲကစားခဲ့ၿပီး ေတာက္ေလွ်ာက္ ထိုးေဖာက္တုိက္စစ္ဆင္ေနတဲ့ အုိင္းယက္စ္ရဲ႕ ကြင္းလယ္ကို တန္ျပန္တုိက္စစ္နဲ႔ ျပန္လည္ထိုးႏွက္ႏုိင္ဖို႔ နည္းျပအေနနဲ႔ ရည္ရြယ္ခဲ့ပုံလည္း ေပၚပါတယ္။

ခံစစ္ကို လုံေအာင္ကစားၿပီး တန္ျပန္တုိက္စစ္ကို ကစားခဲ့တဲ့ လီဗာပူးလ္တုိ႔ လက္က်န္ပြဲခ်ိန္ေတြမွာ အခြင့္အေရးတခ်ဳိ႕ ထပ္ရခဲ့ေသးေပမယ့္ ဂ်ဳိတာ၊ မီနာမီႏိုနဲ႔ ဗိုင္နယ္လ္ဒြမ္တို႔ရဲ႕ အဆုံးသတ္ပုိင္း မေကာင္းခဲ့လုိ႔ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ေက်နပ္ခဲ့ရၿပီး ဒဏ္ရာရ ကစားသမားေတြ မ်ားေနခ်ိန္မွာ အဖိုးတန္ႏုိင္ပြဲကို ေဖာ္ေဆာင္ႏုိင္ခဲ့တဲ့ ယာဂန္ ကေလာ့ပ္၊ ဖာဘင္ညဳိနဲ႔ အဖြဲ႕ကိုေတာ့ ခ်ီးက်ဴးရမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ ခံစစ်သမားတွေဖြစ်ကြတဲ့ ဗန်ဒိုက်နဲ့ မာတစ်ပ်တို့ မပါဝင်နိုင်ချိန်မှာ ကွင်းလယ်အဖျက်က ဆူပါမန်း ဖာဘင်ညိုရဲ့ ခံစစ်ကို ဆင်းကစားပြီး ဂျိုးဂိုမက်ဇ်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့လို့ အိုင်းယက်စ်အသင်းကို အဝေးကွင်းမှာ ပေးဂိုးမရှိဘဲ တစ်ဂိုးသွင်းရုံနဲ့ သုံးမှတ်ရယူဖို့ လုံလောက်ခဲ့ပါတယ်။

အိမ်ရှင် အိုင်းယက်စ်တို့ အိမ်ကွင်းအားနဲ့ ဖိကစားသလို လီဗာပူးလ်နောက်တန်းရဲ့ အထိုင်မကျသေးတဲ့ ပုံစံကို အခွင့်ကောင်းယူထိုးဖောက်နေခဲ့ကြပြီး ဂိုးသမားကို သွေးတိုးစမ်းခဲ့ကြသလို လူကျွံဘောဆန်ဆန်တစ်လုံးကို ဒိုင်လူကြီး မျက်ကွယ်ပြုခဲ့ပေမယ့် အက်ဒရီယန် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ဘယ်တောင်ပံကနေ လက်ပစ်ဘော မြှောက်ပေးတာကို ဆာဒီယို မာနေးက တစ်ကိုယ်တော်အစွမ်းနဲ့ ပင်နယ်တီ ဧရိယာထဲ ဆွဲဝင်ပြီး ကန်သွင်းခဲ့ရာမှာ ကန်ချက်မကောင်းခဲ့ပေမယ့် နောက်ခံလူ တာဂလီယာဖီကို ရှင်းထုတ်ရာမှာ ပုံစံမမှန်ဘဲ ဂိုးထဲဝင်သွားခဲ့လို့ လီဗာပူးလ်တို့ အဝေးကွင်းမှာ အဖွင့်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဆာလားကတော့ အနည်းငယ် လေးပင်နေခဲ့ပြီး အခွင့်အရေးကောင်းတစ်ခုကို ဘောလုံးထိန်းပြီး နှောင့်နှေးနေလို့ ခံစစ်က ကာကွယ် သွားနိုင်ခဲ့သလို ပွဲချိန် ၄၄ မိနစ်မှာတော့ ဒေးဗစ် နီရက်စ်ရဲ့ ဂိုးသမားကို ကျော်ချတဲ့ ဘောလုံးကို ဂိုးစည်းပေါ် မရောက်ခင် ရှင်းထုတ်သွားနိုင်တဲ့ ဖာဘင်ညိုကတော့ အသင်းရဲ့ သူရဲကောင်းဖြစ်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း နှစ်သင်းလုံး အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်ခဲ့ကြပြီး အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ များခဲ့သလို လီဗာပူးလ်ကတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ထည့်ပြီး ပွဲကို ထိန်းချုပ်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဆာလား၊ မာနေး၊ ဖာမီနိုတို့အစား ရှာကျီရီ၊ ဂျိုတာ၊ မီနာမီနိုတို့ကို လူစားလဲကစားခဲ့ပြီး တောက်လျှောက် ထိုးဖောက်တိုက်စစ်ဆင်နေတဲ့ အိုင်းယက်စ်ရဲ့ ကွင်းလယ်ကို တန်ပြန်တိုက်စစ်နဲ့ ပြန်လည်ထိုးနှက်နိုင်ဖို့ နည်းပြအနေနဲ့ ရည်ရွယ်ခဲ့ပုံလည်း ပေါ်ပါတယ်။

ခံစစ်ကို လုံအောင်ကစားပြီး တန်ပြန်တိုက်စစ်ကို ကစားခဲ့တဲ့ လီဗာပူးလ်တို့ လက်ကျန်ပွဲချိန်တွေမှာ အခွင့်အရေးတချို့ ထပ်ရခဲ့သေးပေမယ့် ဂျိုတာ၊ မီနာမီနိုနဲ့ ဗိုင်နယ်လ်ဒွမ်တို့ရဲ့ အဆုံးသတ်ပိုင်း မကောင်းခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့သာ ကျေနပ်ခဲ့ရပြီး ဒဏ်ရာရ ကစားသမားတွေ များနေချိန်မှာ အဖိုးတန်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တဲ့ ယာဂန် ကလော့ပ်၊ ဖာဘင်ညိုနဲ့ အဖွဲ့ကိုတော့ ချီးကျူးရမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.