Premier League

ဒီရာသီ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဗိုလ်စွဲမယ့်အသင်းကို သတ်မှတ်လိုက်တဲ့ မော်ရင်ဟို

ဂျိုဆေး မော်ရင်ဟိုက ဒီရာသီ ချန်ပီယံလိဂ်ဖလား ရရှိတာ မြင်ချင်တဲ့အသင်းကို သတ်မှတ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ဟောကိန်းလည်း ထုတ်ခဲ့ပါတယ်။

ပြိုင်ပွဲ ၂ ခုစလုံးဟာ ဒီရာသီမှာ အပြင်းအထန် ယှဉ်ပြိုင်တွေ ရှိလာတော့မှာဖြစ်ပြီး လီဗာပူးလ်၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ရမှတ် ၂ မှတ်သာ ကွာဟနေကြတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာလည်း မန်စီးတီး၊ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့ဟာ ဗိုလ်စွဲနိုင်တဲ့အသင်းတွေအဖြစ် ယူဆခြင်းခံထားရပေမယ့်လည်း ဘွန်ဒက်စ်လီဂါအသင်းကြီးရဲ့ အခွင့်အရေးဟာ ပထမအကျော့ လာဇီယိုကို ရှုံးနိမ့်ခဲ့ပြီးနောက် ကြီးကြီးမားမား လျော့ကျသွားခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေရဲ့ ဗိုလ်စွဲဖို့ ရေပန်းစားနေမှုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ဘယ်သူမှ တွေးကြည့်ဖူးမှာမဟုတ်ပေမယ့်လည်း မီခေးလ် အာတီတာရဲ့ အသင်းဟာ ပေါ်တိုကို ၁၆ သင်းရှုံးထွက် ပထမအကျော့မှာ အနိုင်ယူနိုင်ဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။

မော်ရင်ဟိုက အာဆင်နယ်ရဲ့ အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ကြောင့် စိတ်အရမ်းလှုပ်ရှားခဲ့ပုံမပေါ်ဘဲ ရာသီကုန်မှာ ပရီးမီးယားလိဂ်ဖလားကို ရရှိသွားမယ့်အသင်းကို ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“ပရီးမီးယားလိဂ်ကတော့ စီးတီး ဒါမှမဟုတ် လီဗာပူးလ်ပဲ။ အဲဒီတော့ ကျွန်တော် မမှားဘူးဆိုရင် စီးတီးပဲလို့ ထင်တယ်။ ချန်ပီယံလိဂ်ကတော့ ကျွန်တော် စီးတီး ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်လို့ ပြောရလိမ့်မယ်။ တခြားအသင်းက ရသွားမယ်ဆိုရင် ကျွန်တော့်အတွက် အရမ်းအံ့အားသင့်စရာဖြစ်ပါလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ိဳေဆး ေမာ္ရင္ဟိုက ဒီရာသီ ခ်န္ပီယံလိဂ္ဖလား ရရွိတာ ျမင္ခ်င္တဲ့အသင္းကို သတ္မွတ္ခဲ့ၿပီး ပရီးမီးယားလိဂ္ဖလား ေဟာကိန္းလည္း ထုတ္ခဲ့ပါတယ္။

ၿပိဳင္ပြဲ ၂ ခုစလုံးဟာ ဒီရာသီမွာ အျပင္းအထန္ ယွဥ္ၿပိဳင္ေတြ ရွိလာေတာ့မွာျဖစ္ၿပီး လီဗာပူးလ္၊ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ဟာ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ရမွတ္ ၂ မွတ္သာ ကြာဟေနၾကတာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မွာလည္း မန္စီးတီး၊ အာဆင္နယ္၊ ရီးရဲလ္မက္ဒရစ္၊ ဘိုင္ယန္ျမဴးနစ္တို႔ဟာ ဗိုလ္စြဲႏိုင္တဲ့အသင္းေတြအျဖစ္ ယူဆျခင္းခံထားရေပမယ့္လည္း ဘြန္ဒက္စ္လီဂါအသင္းႀကီးရဲ႕ အခြင့္အေရးဟာ ပထမအေက်ာ့ လာဇီယိုကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ႀကီးႀကီးမားမား ေလ်ာ့က်သြားခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြရဲ႕ ဗိုလ္စြဲဖို႔ ေရပန္းစားေနမႈဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္တုန္းက ဘယ္သူမွ ေတြးၾကည့္ဖူးမွာမဟုတ္ေပမယ့္လည္း မီေခးလ္ အာတီတာရဲ႕ အသင္းဟာ ေပၚတိုကို ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့မွာ အႏိုင္ယူႏိုင္ဖို႔ ေရပန္းစားေနတာ ျဖစ္ပါတယ္။

ေမာ္ရင္ဟိုက အာဆင္နယ္ရဲ႕ အံ့အားသင့္ဖြယ္စြမ္းေဆာင္ရည္ေၾကာင့္ စိတ္အရမ္းလႈပ္ရွားခဲ့ပုံမေပၚဘဲ ရာသီကုန္မွာ ပရီးမီးယားလိဂ္ဖလားကို ရရွိသြားမယ့္အသင္းကို ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။

“ပရီးမီးယားလိဂ္ကေတာ့ စီးတီး ဒါမွမဟုတ္ လီဗာပူးလ္ပဲ။ အဲဒီေတာ့ ကြၽန္ေတာ္ မမွားဘူးဆိုရင္ စီးတီးပဲလို႔ ထင္တယ္။ ခ်န္ပီယံလိဂ္ကေတာ့ ကြၽန္ေတာ္ စီးတီး ဒါမွမဟုတ္ ရီးရဲလ္မက္ဒရစ္လို႔ ေျပာရလိမ့္မယ္။ တျခားအသင္းက ရသြားမယ္ဆိုရင္ ကြၽန္ေတာ့္အတြက္ အရမ္းအံ့အားသင့္စရာျဖစ္ပါလိမ့္မယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.