Match Report UCL&UEL

ချဲလ်ဆီးကြယ်ပွင့်ဟောင်းရဲ့ တောက်ပမှုနဲ့ ရင်းနေးကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အေစီမီလန်

အေစီမီလန်ဟာ ကြာသပတေးနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့်မှာ ရင်းနေးကို အလွန်အထင်ကြီးစရာအသင်းလိုက်စွမ်းဆောင်ရည်ပြသပြီး သက်တောင့်သက်သာ အနိုင်ယူခဲ့ပါတယ်။

ရူဘင် လော့ဖ်တပ်စ်-ချိခ်ဟာ အေစီမီလန်အတွက် ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး ရာဖေးလ် လီအိုက တတိယမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အိမ်ရှင်တွေက ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

လော့ဖ်တပ်စ်-ချိခ်ဟာ အေစီမီလန်ကို ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို ခြေတစ်ဖက်လှမ်းနိုင်စေခဲ့တာဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ရာဖေးလ် လီအိုက ရင်းနေးတို့ ဒုတိယအကျော့မှာ ပြန်မလာနိုင်အောင် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အေစီမီလန်ဟာ ပထမပိုင်းပွဲကစားချိန် အစကတည်းက ရင်းနေးကို အပြတ်အသတ် အသာစီး ရယူထားနိုင်ခဲ့တာဖြစ်ပြီး လီအို၊ ရွိုင်ဒါစ်၊ ယူးနပ်စ် မူဆာတို့ ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ၃၂ မိနစ်မှာ လော့ဖ်တပ်စ်-ချိခ်က ဖလိုရန်ဇီရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဂိုးဘယ်ဖက်အောက်ထောင့်ကို ခေါင်းတိုက်သွင်းယူသွားခဲ့လို့ အဖွင့်ဂိုး စတင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း အိမ်ရှင်တွေကပဲ တိုက်စစ်ဖွင့်ခဲ့ပြီး လော့ဖ်တပ်စ်-ချိခ်က ထောင့်ကန်ဘောကနေတဆင့် အနီးကပ် ခေါင်းတိုက်ချက်နဲ့ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

နောက်ထပ် ၅ မိနစ်အကြာမှာ ရာဖေးလ် လီအိုက သီယို ဟာနန်ဒက်ဇ်ရဲ့ပေးပို့မှုကနေတဆင့် ညာခြေနဲ့ ဂိုးညာဖက်အောက်ထောင့်ကို အပြင်းကန်သွင်းယူပြီး အေစီမီလန်အတွက် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

ရင်းနေး လူစားဝင်တိုက်စစ်မှူး အေမိုင်း ဂူအီရီဟာ ပွဲကစားချိန်ပြည့်ဖို့ မိနစ် ၂၀ အလိုမှာ လီဂူးဝမ်းအသင်းကို အသက်ပြန်ဝင်အောင် စွမ်းဆောင်ရည်ကောင်းအချို့ ပြသခဲ့ပြီး လာမယ့်အပတ် အိမ်ကွင်းမှာ ပြန်ကစားရမယ့်ပွဲမှာ ပွဲထွက်လူစာရင်းထဲ ပါဝင်လာဖွယ်ရှိပါတယ်။

ဒါပေမယ့်လည်း ရင်းနေးဟာ အေစီမီလန်ရဲ့ အပြတ်အသတ် ဦးချိုးခံထားရပြီးနောက် ချေပဂိုး ပြန်သွင်းယူဖို့အတွက် လုံလောက်တဲ့ အားကောင်းမှုမျိုးမရှိခဲ့ဘဲ အေစီမီလန်နည်းပြ ပီအိုလီကလည်း ၃ ဂိုးပြတ်အနိုင်ရနေပေမယ့် အဓိကကစားသမားတွေကို အနားမပေးဘဲ အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေအစီမီလန္ဟာ ၾကာသပေတးေန႔ညက ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ ၃၂ သင္းရႈံးထြက္အဆင့္မွာ ရင္းေနးကို အလြန္အထင္ႀကီးစရာအသင္းလိုက္စြမ္းေဆာင္ရည္ျပသၿပီး သက္ေတာင့္သက္သာ အႏိုင္ယူခဲ့ပါတယ္။

႐ူဘင္ ေလာ့ဖ္တပ္စ္-ခ်ိခ္ဟာ ေအစီမီလန္အတြက္ ပထမပိုင္းနဲ႔ ဒုတိယပိုင္းမွာ တစ္ဂိုးစီ သြင္းယူေပးခဲ့ၿပီး ရာေဖးလ္ လီအိုက တတိယေျမာက္ သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ အိမ္ရွင္ေတြက ဂိုးျပတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ေလာ့ဖ္တပ္စ္-ခ်ိခ္ဟာ ေအစီမီလန္ကို ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို ေျခတစ္ဖက္လွမ္းႏိုင္ေစခဲ့တာျဖစ္ၿပီး အလြန္ေကာင္းမြန္တဲ့ သြင္းဂိုး ၂ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ရာေဖးလ္ လီအိုက ရင္းေနးတို႔ ဒုတိယအေက်ာ့မွာ ျပန္မလာႏိုင္ေအာင္ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေအစီမီလန္ဟာ ပထမပိုင္းပြဲကစားခ်ိန္ အစကတည္းက ရင္းေနးကို အျပတ္အသတ္ အသာစီး ရယူထားႏိုင္ခဲ့တာျဖစ္ၿပီး လီအို၊ ႐ြိဳင္ဒါစ္၊ ယူးနပ္စ္ မူဆာတို႔ ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ၃၂ မိနစ္မွာ ေလာ့ဖ္တပ္စ္-ခ်ိခ္က ဖလိုရန္ဇီရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ေခါင္းတိုက္သြင္းယူသြားခဲ့လို႔ အဖြင့္ဂိုး စတင္ရရွိခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာလည္း အိမ္ရွင္ေတြကပဲ တိုက္စစ္ဖြင့္ခဲ့ၿပီး ေလာ့ဖ္တပ္စ္-ခ်ိခ္က ေထာင့္ကန္ေဘာကေနတဆင့္ အနီးကပ္ ေခါင္းတိုက္ခ်က္နဲ႔ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ပါတယ္။

ေနာက္ထပ္ ၅ မိနစ္အၾကာမွာ ရာေဖးလ္ လီအိုက သီယို ဟာနန္ဒက္ဇ္ရဲ႕ေပးပို႔မႈကေနတဆင့္ ညာေျခနဲ႔ ဂိုးညာဖက္ေအာက္ေထာင့္ကို အျပင္းကန္သြင္းယူၿပီး ေအစီမီလန္အတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။

ရင္းေနး လူစားဝင္တိုက္စစ္မႉး ေအမိုင္း ဂူအီရီဟာ ပြဲကစားခ်ိန္ျပည့္ဖို႔ မိနစ္ ၂၀ အလိုမွာ လီဂူးဝမ္းအသင္းကို အသက္ျပန္ဝင္ေအာင္ စြမ္းေဆာင္ရည္ေကာင္းအခ်ိဳ႕ ျပသခဲ့ၿပီး လာမယ့္အပတ္ အိမ္ကြင္းမွာ ျပန္ကစားရမယ့္ပြဲမွာ ပြဲထြက္လူစာရင္းထဲ ပါဝင္လာဖြယ္ရွိပါတယ္။

ဒါေပမယ့္လည္း ရင္းေနးဟာ ေအစီမီလန္ရဲ႕ အျပတ္အသတ္ ဦးခ်ိဳးခံထားရၿပီးေနာက္ ေခ်ပဂိုး ျပန္သြင္းယူဖို႔အတြက္ လုံေလာက္တဲ့ အားေကာင္းမႈမ်ိဳးမရွိခဲ့ဘဲ ေအစီမီလန္နည္းျပ ပီအိုလီကလည္း ၃ ဂိုးျပတ္အႏိုင္ရေနေပမယ့္ အဓိကကစားသမားေတြကို အနားမေပးဘဲ အႏိုင္ရလဒ္ကို ဆက္လက္ထိန္းသိမ္းသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.