Match Report UCL&UEL

မင်းသားများကွင်းမှာ ဆိုစီဒက်ကို အနိုင်ယူပြီး မင်းသားတွေဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ ဗုဒ္ဓဟူးနေ့က ရီးရဲလ်ဆိုစီဒက်နဲ့ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ဒုတိယပိုင်းအတွင်း ခီလီယန် အမ်ဘာပေနဲ့ ဘရက်ဒ်လီ ဘာကိုလာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရီးရဲလ် ဆိုစီဒက်ဟာ ဒီနှစ်မှာ မင်းသားများကွင်းမှာ ရှုံးပွဲမရှိဘဲ အုပ်စု ဒီရဲ့ အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီနဲ့ လာရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အမ်ဘာပေက ၅၈ မိနစ်မှာ မြေမကျဘောကန်သွင်းယူသွားခဲ့ချိန်မတိုင်ခင်အထိ ပိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့ပြီး မိနစ် ၇၀ မှာ ဘာကိုလာက ရီးရဲလ်ဆိုစီဒက်ဂိုးသမား အဲလက်စ် ရီမီရိုရဲ့ ပေါင်ကြားထဲကနေ ကန်သွင်းယူပြီးနောက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်ဆိုစီဒက်အသင်းခေါင်းဆောင် မီခေးလ် မိုရီနိုရဲ့ ကန်ချက်ဟာ ဂိုးဘားတန်းကို ထိမှန်သွားခဲ့တာကြောင့် ပီအက်စ်ဂျီတို့ ပထမပိုင်းကို ဂိုးမရှိသရေနဲ့ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး အမ်ဘာပေက ဆိုစီဒက် နောက်ခံလူ ဟာမာရီ ထရာအိုရေး ဒဏ်ရာကြောင့် ကွင်းဘေးစည်းမှာ ဆေးကုသမှုခံယူနေချိန် တစ်ယောက်လျော့နေတဲ့ လာလီဂါအသင်းကို အခွင့်ကောင်းယူနိုင်ခဲ့တာပါ။

ဘာကိုလာက အလွန်ကောင်းမွန်တဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် ပြသပြီး ကွင်းလယ်ကနေ အရှိန်အဟုန်နဲ့ ဆွဲပြေးလာခဲ့ပြီးနောက် တိကျသေသပ်တဲ့ အဆုံးသတ်နဲ့အတူ ရီးရဲလ်ဆိုစီဒက်တို့ ပြန်လာနိုင်မယ့်မျှော်လင့်ချက်ကို အဆုံးသတ်ပေးခဲ့တာပါ။

ရီးရဲလ်ဆိုစီဒက်ဟာ လာမယ့် မတ်လ ၅ ရက်နေ့ အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ဒုတိယအကျော့အဖြစ် လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လီဂူးဝမ်းအသင်းကတော့ စပိန်မြေမှာ သရေကျရုံနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်တော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီဟာ ဗုဒၶဟူးေန႔က ရီးရဲလ္ဆိုစီဒက္နဲ႔ ကစားခဲ့တဲ့ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္မွာ ဒုတိယပိုင္းအတြင္း ခီလီယန္ အမ္ဘာေပနဲ႔ ဘရက္ဒ္လီ ဘာကိုလာတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ရီးရဲလ္ ဆိုစီဒက္ဟာ ဒီႏွစ္မွာ မင္းသားမ်ားကြင္းမွာ ရႈံးပြဲမရွိဘဲ အုပ္စု ဒီရဲ႕ အုပ္စုဗိုလ္ျဖစ္ခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႔ လာေရာက္ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး အမ္ဘာေပက ၅၈ မိနစ္မွာ ေျမမက်ေဘာကန္သြင္းယူသြားခဲ့ခ်ိန္မတိုင္ခင္အထိ ပိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပြဲကို ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၿပီး မိနစ္ ၇၀ မွာ ဘာကိုလာက ရီးရဲလ္ဆိုစီဒက္ဂိုးသမား အဲလက္စ္ ရီမီ႐ိုရဲ႕ ေပါင္ၾကားထဲကေန ကန္သြင္းယူၿပီးေနာက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္ဆိုစီဒက္အသင္းေခါင္းေဆာင္ မီေခးလ္ မိုရီႏိုရဲ႕ ကန္ခ်က္ဟာ ဂိုးဘားတန္းကို ထိမွန္သြားခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီတို႔ ပထမပိုင္းကို ဂိုးမရွိသေရနဲ႔ အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ၿပီး အမ္ဘာေပက ဆိုစီဒက္ ေနာက္ခံလူ ဟာမာရီ ထရာအိုေရး ဒဏ္ရာေၾကာင့္ ကြင္းေဘးစည္းမွာ ေဆးကုသမႈခံယူေနခ်ိန္ တစ္ေယာက္ေလ်ာ့ေနတဲ့ လာလီဂါအသင္းကို အခြင့္ေကာင္းယူႏိုင္ခဲ့တာပါ။

ဘာကိုလာက အလြန္ေကာင္းမြန္တဲ့ တစ္ဦးခ်င္း စြမ္းေဆာင္ရည္ ျပသၿပီး ကြင္းလယ္ကေန အရွိန္အဟုန္နဲ႔ ဆြဲေျပးလာခဲ့ၿပီးေနာက္ တိက်ေသသပ္တဲ့ အဆုံးသတ္နဲ႔အတူ ရီးရဲလ္ဆိုစီဒက္တို႔ ျပန္လာႏိုင္မယ့္ေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္ေပးခဲ့တာပါ။

ရီးရဲလ္ဆိုစီဒက္ဟာ လာမယ့္ မတ္လ ၅ ရက္ေန႔ အိမ္ကြင္းမွာ ပီအက္စ္ဂ်ီကို ဒုတိယအေက်ာ့အျဖစ္ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး လီဂူးဝမ္းအသင္းကေတာ့ စပိန္ေျမမွာ သေရက်႐ုံနဲ႔ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.