Premier League

အာတီတာကို မက်မောလောက်ဖွယ် စာချုပ်သစ်ချုပ်ဖို့ ညှိနေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အသင်းကို ပြိုင်ဘက်တွေရဲ့ လေးစားမှု ပြန်လည်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ မီခေးလ် အာတီတာကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ခဲ့တယ်လို့ သိရပါတယ်။

အာတီတာဟာ လွန်ခဲ့တဲ့ ၂ နှစ်မပြည့်ခင်ကမှ အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုထားခဲ့တာဖြစ်ပေမယ့်လည်း စပိန်လူမျိုးနည်းပြကို မြောက်လန်ဒန်ကလပ်က စာချုပ်သစ် ချုပ်ဆိုသွားချင်နေတယ်လို့ Football Transfers က ဖော်ပြခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ် နည်းပြဟာ အမ်းမရိတ်စ်မှာ အံ့အားသင့်ဖွယ် နည်းပြဘဝကို ပိုင်ဆိုင်နေသူဖြစ်ပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့ပေမယ့်လည်း စပိန်လူမျိုးနည်းပြလက်အောက်မှာ တရှိန်ထိုးတိုးတက်လာခဲ့တယ်ဆိုတာတော့ ငြင်းပယ်လို့မရနိုင်တာဖြစ်ပါတယ်။

မြောက်လန်ဒန်သားတွေဟာ ဒီရာသီမှာလည်း ဆက်လက်ပြီး အထင်ကြီးဖွယ်ခြေစွမ်းကို ပြသနေပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေသလို ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို တက်ရောက်ထားတာ ဖြစ်ပါတယ်။ အာတီတာကို အာဆင်နယ်က အသစ်ချုပ်ဆိုမယ့် စာချုပ်သစ်အရ စပိန်လူမျိုးနည်းပြ လက်ရှိ ရရှိနေတဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၉.၅ သန်းထက် သိသိသာသာ ပိုမိုများပြားတဲ့ လုပ်ခလစာကို ရရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်ကို ၂၀၁၉ ခုနှစ်မှာ နည်းပြအဖြစ် စတင်တာဝန်ယူခဲ့တဲ့အချိန်တုန်းက တစ်ပွဲပျမ်းမျှရမှတ်က ၂ မှတ်အောက်သာ ရှိခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အနိုင်ရ ရာခိုင်နှုန်းက ၆၀ ရာခိုင်နှုန်းနီးပါးရှိနေတာဖြစ်ပါတယ်။ ဒီလို အထင်ကြီးဖွယ်ကိန်းဂဏန်းတွေကို ပိုင်ဆိုင်ထားတဲ့ အာတီတာကို အာဆင်နယ်အနေနဲ့ လာမယ့် ၂၀၂၄-၂၀၂၅ ရာသီအစမတိုင်ခင် သဘောတူညီမှု ရရှိအောင် ဆွေးနွေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ အသင္းကို ၿပိဳင္ဘက္ေတြရဲ႕ ေလးစားမႈ ျပန္လည္ရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တဲ့ မီေခးလ္ အာတီတာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြ စတင္ခဲ့တယ္လို႔ သိရပါတယ္။

အာတီတာဟာ လြန္ခဲ့တဲ့ ၂ ႏွစ္မျပည့္ခင္ကမွ အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုထားခဲ့တာျဖစ္ေပမယ့္လည္း စပိန္လူမ်ိဳးနည္းျပကို ေျမာက္လန္ဒန္ကလပ္က စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားခ်င္ေနတယ္လို႔ Football Transfers က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၄၁ ႏွစ္အ႐ြယ္ နည္းျပဟာ အမ္းမရိတ္စ္မွာ အံ့အားသင့္ဖြယ္ နည္းျပဘဝကို ပိုင္ဆိုင္ေနသူျဖစ္ၿပီး ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္အမွတ္ေပးဇယားဒုတိယေနရာမွာသာ ရာသီၿပီးဆုံးႏိုင္ခဲ့ေပမယ့္လည္း စပိန္လူမ်ိဳးနည္းျပလက္ေအာက္မွာ တရွိန္ထိုးတိုးတက္လာခဲ့တယ္ဆိုတာေတာ့ ျငင္းပယ္လို႔မရႏိုင္တာျဖစ္ပါတယ္။

ေျမာက္လန္ဒန္သားေတြဟာ ဒီရာသီမွာလည္း ဆက္လက္ၿပီး အထင္ႀကီးဖြယ္ေျခစြမ္းကို ျပသေနၿပီး ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ေနသလို ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ကို တက္ေရာက္ထားတာ ျဖစ္ပါတယ္။ အာတီတာကို အာဆင္နယ္က အသစ္ခ်ဳပ္ဆိုမယ့္ စာခ်ဳပ္သစ္အရ စပိန္လူမ်ိဳးနည္းျပ လက္ရွိ ရရွိေနတဲ့ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၉.၅ သန္းထက္ သိသိသာသာ ပိုမိုမ်ားျပားတဲ့ လုပ္ခလစာကို ရရွိသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အာဆင္နယ္ကို ၂၀၁၉ ခုႏွစ္မွာ နည္းျပအျဖစ္ စတင္တာဝန္ယူခဲ့တဲ့အခ်ိန္တုန္းက တစ္ပြဲပ်မ္းမွ်ရမွတ္က ၂ မွတ္ေအာက္သာ ရွိခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ အႏိုင္ရ ရာခိုင္ႏႈန္းက ၆၀ ရာခိုင္ႏႈန္းနီးပါးရွိေနတာျဖစ္ပါတယ္။ ဒီလို အထင္ႀကီးဖြယ္ကိန္းဂဏန္းေတြကို ပိုင္ဆိုင္ထားတဲ့ အာတီတာကို အာဆင္နယ္အေနနဲ႔ လာမယ့္ ၂၀၂၄-၂၀၂၅ ရာသီအစမတိုင္ခင္ သေဘာတူညီမႈ ရရွိေအာင္ ေဆြးေႏြးသြားႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.