Premier League

ကာရေဂါဝေဖန်မှုအပြီး အာဆင်နယ်ကို ဖလားသတိပေးချက် ပေးပို့ခဲ့တဲ့ ရွိုင် ကီးန်

ရွိုင်ကီးန်က အာဆင်နယ်အနေနဲ့ ရလဒ်ကောင်းတွေ ရယူနိုင်နေပေမယ့်လည်း နှိမ့်ချပြီး နေဖို့ ပြောဆိုခဲ့ပြီး ပန်းမဝင်သေးဘဲ တက်မထောင်ဖို့ သတိပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညက ဝက်စ်ဟမ်းအိမ်ကွင်းမှာ ၆-၀ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး ဂန်းနားတွေရဲ့ သမိုင်းတလျှောက် အကြီးမားဆုံး အဝေးကွင်းနိုင်ပွဲစံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက် ဆာလီဘာ၊ ဆာကာ၊ ဂါဘရီယဲလ်၊ ထရော့ဆာ့ဒ်နဲ့ ဒီကလန် ရိုက်တို့က သွင်းဂိုးတွေ သွင်းယူပေးခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ အာတီတာရဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၂ မှတ်အကွာ တစ်ပွဲလျော့နေတဲ့ မန်စီးတီးနဲ့ ရမှတ်တူ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ရွိုင် ကီးန်ရဲ့ သတိပေးချက်ဟာ ယာဂန် ကလော့ပ်ရဲ့အသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး ဂျေမီ ကာရေဂါရဲ့ မှတ်ချက်ကို တုံ့ပြန်ရာမှာ ပြောဆိုခဲ့တာဖြစ်ပြီး လီဗာပူးလ်ဂန္တဝင်က ဂန်းနားတွေကို အနိုင်ရခဲ့ပြီဖြစ်တာကြောင့် ဥမင်ထဲ တန်းဝင်ကြဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒါမျိုးက ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခင်ဗျား အရမ်းစိတ်လှုပ်ရှားလို့မရဘူး။ ဒါပေမယ့် ဒါက ဖြစ်တတ်တဲ့ သဘောသဘာဝရှိပါတယ်။ အသင်းတွေက စိတ်လှုပ်ရှားပြီး မျက်စိနောက်အောင် အောင်ပွဲခံကြတယ်။ ကျွန်တော်တို့ အခုဆိုရင် အဲဒါတွေကို အပတ်တိုင်း တွေ့နေရပြီ။ ပြီးခဲ့တဲ့အပတ်က အာဆင်နယ် ဝေဖန်ခံခဲ့ရတာကို ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ဒါပေမယ့် အခုဆိုရင် အပတ်တိုင်း အသင်းတွေက ကြီးမားတဲ့ရလဒ်ရယူနိုင်တဲ့အခါကျရင် အောင်ပွဲခံနေကြတာကို ကျွန်တော်တို့ မြင်နေရပြီ။ ဟုတ်ပါတယ်။ အောင်ပွဲခံပြီး ဓာတ်ပုံလေးဘာလေးရိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ သိတဲ့အတိုင်းပဲ ဒီလိဂ်မှာ စိန်ခေါ်မှုတွေက အရှည်ကြီး သွားဖို့ ကျန်နေပြီး ခင်ဗျား အရမ်းစိတ်လှုပ်ရှားလို့မရဘူး။ ဘောလုံးက ခင်ဗျားကို ဘာဖြစ်အောင်လုပ်နိုင်လဲဆိုတာကို ကျွန်တော်တို့ သိတယ်။ ခင်ဗျား လုပ်သလောက် မရတတ်ဘူး။ ”လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီ ၂၄ ပွဲကစားထားရာမှာ ၁၆ ပွဲ နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းကို အဝေးကွင်းနိုင်ပွဲရရှိခဲ့မှုကြောင့် ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲထဲမှာ ဆက်ရှိစေခဲ့တာ ဖြစ်ပါတယ်။ ပေါလ် မာဆန်က အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်ကြောင့် စိတ်လှုပ်ရှားခဲ့ပြီး “တစ်ခုပဲ။ သူတို့ရဲ့ ဂိုးကွာခြားချက်က တော်တော်ကောင်းကောင်း လုပ်နိုင်ခဲ့ပါပြီ။ စီးတီးသာ အဲဒီပွဲမှာ ၆-၀ နဲ့ အနိုင်ရခဲ့ရင် အားလုံးက ဝိုင်းပြီး ချီးမွမ်းကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက ဝက်စ်ဟမ်းကို လက်နက်ချအောင် လုပ်နိုင်ခဲ့တယ်။ သူတို့တွေ ကောင်းကောင်း စတင်နိုင်ခဲ့ပြီး ကောင်းကောင်း ဆက်ကစားသွားနိုင်ခဲ့တယ်။ အရမ်းကောင်းမွန်တဲ့ ရလဒ်ပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ြိဳင္ကီးန္က အာဆင္နယ္အေနနဲ႔ ရလဒ္ေကာင္းေတြ ရယူႏိုင္ေနေပမယ့္လည္း ႏွိမ့္ခ်ၿပီး ေနဖို႔ ေျပာဆိုခဲ့ၿပီး ပန္းမဝင္ေသးဘဲ တက္မေထာင္ဖို႔ သတိေပးခဲ့ပါတယ္။

အာဆင္နယ္ဟာ တနဂၤေႏြေန႔ညက ဝက္စ္ဟမ္းအိမ္ကြင္းမွာ ၆-၀ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဂန္းနားေတြရဲ႕ သမိုင္းတေလွ်ာက္ အႀကီးမားဆုံး အေဝးကြင္းႏိုင္ပြဲစံခ်ိန္ကို လိုက္မီခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အတြက္ ဆာလီဘာ၊ ဆာကာ၊ ဂါဘရီယဲလ္၊ ထေရာ့ဆာ့ဒ္နဲ႔ ဒီကလန္ ႐ိုက္တို႔က သြင္းဂိုးေတြ သြင္းယူေပးခဲ့ၾကတာျဖစ္ၿပီး လက္ရွိမွာေတာ့ အာတီတာရဲ႕အသင္းက အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၂ မွတ္အကြာ တစ္ပြဲေလ်ာ့ေနတဲ့ မန္စီးတီးနဲ႔ ရမွတ္တူ တတိယေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

႐ြိဳင္ ကီးန္ရဲ႕ သတိေပးခ်က္ဟာ ယာဂန္ ကေလာ့ပ္ရဲ႕အသင္းကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီး ေဂ်မီ ကာေရဂါရဲ႕ မွတ္ခ်က္ကို တုံ႔ျပန္ရာမွာ ေျပာဆိုခဲ့တာျဖစ္ၿပီး လီဗာပူးလ္ဂႏၲဝင္က ဂန္းနားေတြကို အႏိုင္ရခဲ့ၿပီျဖစ္တာေၾကာင့္ ဥမင္ထဲ တန္းဝင္ၾကဖို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဒါမ်ိဳးက ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ခင္ဗ်ား အရမ္းစိတ္လႈပ္ရွားလို႔မရဘူး။ ဒါေပမယ့္ ဒါက ျဖစ္တတ္တဲ့ သေဘာသဘာဝရွိပါတယ္။ အသင္းေတြက စိတ္လႈပ္ရွားၿပီး မ်က္စိေနာက္ေအာင္ ေအာင္ပြဲခံၾကတယ္။ ကြၽန္ေတာ္တို႔ အခုဆိုရင္ အဲဒါေတြကို အပတ္တိုင္း ေတြ႕ေနရၿပီ။ ၿပီးခဲ့တဲ့အပတ္က အာဆင္နယ္ ေဝဖန္ခံခဲ့ရတာကို ကြၽန္ေတာ္တို႔ ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္ အခုဆိုရင္ အပတ္တိုင္း အသင္းေတြက ႀကီးမားတဲ့ရလဒ္ရယူႏိုင္တဲ့အခါက်ရင္ ေအာင္ပြဲခံေနၾကတာကို ကြၽန္ေတာ္တို႔ ျမင္ေနရၿပီ။ ဟုတ္ပါတယ္။ ေအာင္ပြဲခံၿပီး ဓာတ္ပုံေလးဘာေလး႐ိုက္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သိတဲ့အတိုင္းပဲ ဒီလိဂ္မွာ စိန္ေခၚမႈေတြက အရွည္ႀကီး သြားဖို႔ က်န္ေနၿပီး ခင္ဗ်ား အရမ္းစိတ္လႈပ္ရွားလို႔မရဘူး။ ေဘာလုံးက ခင္ဗ်ားကို ဘာျဖစ္ေအာင္လုပ္ႏိုင္လဲဆိုတာကို ကြၽန္ေတာ္တို႔ သိတယ္။ ခင္ဗ်ား လုပ္သေလာက္ မရတတ္ဘူး။ ”လို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ဒီရာသီ ၂၄ ပြဲကစားထားရာမွာ ၁၆ ပြဲ ႏိုင္ပြဲရရွိခဲ့တာျဖစ္ၿပီး ဝက္စ္ဟမ္းကို အေဝးကြင္းႏိုင္ပြဲရရွိခဲ့မႈေၾကာင့္ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲထဲမွာ ဆက္ရွိေစခဲ့တာ ျဖစ္ပါတယ္။ ေပါလ္ မာဆန္က အာဆင္နယ္ရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ စိတ္လႈပ္ရွားခဲ့ၿပီး “တစ္ခုပဲ။ သူတို႔ရဲ႕ ဂိုးကြာျခားခ်က္က ေတာ္ေတာ္ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ပါၿပီ။ စီးတီးသာ အဲဒီပြဲမွာ ၆-၀ နဲ႔ အႏိုင္ရခဲ့ရင္ အားလုံးက ဝိုင္းၿပီး ခ်ီးမြမ္းၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြက ဝက္စ္ဟမ္းကို လက္နက္ခ်ေအာင္ လုပ္ႏိုင္ခဲ့တယ္။ သူတို႔ေတြ ေကာင္းေကာင္း စတင္ႏိုင္ခဲ့ၿပီး ေကာင္းေကာင္း ဆက္ကစားသြားႏိုင္ခဲ့တယ္။ အရမ္းေကာင္းမြန္တဲ့ ရလဒ္ပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.