UCL&UEL

လာဇီယိုကို တစ်ယောက်လျော့နဲ့ ရှုံးနိမ့်ပြီး ကံဆိုးပြီးရင်း ဆိုးနေတဲ့ ဘိုင်ယန်

လာဇီယိုဟာ ရောမမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ဖြုန်းအားကောင်းပြီး တစ်ယောက်လျော့နေခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကို စီရို အင်မိုဘလီရဲ့ ဒုတိယပိုင်း ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂျာမန်ချန်ပီယံတွေဟာ ပထမပိုင်းမှာ ဂိုးမပေးရအောင် ထိန်းသိမ်းထားနိုင်ခဲ့ပြီးနောက် လာဇီယိုဟာ ဒုတိယပိုင်း ၆၉ မိနစ်မှာ အူပါမီကာနိုက ဂူစတက်ဗ် အီဆက်ဆန်ကို မမီမကမ်း ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ်ထုတ်ခံခဲ့ရပြီး ပင်နယ်တီပါ ပေးခဲ့ရပါတယ်။

VAR က ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီးနောက် အင်မိုဘလီက နူအာရဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းယူသွားခဲ့ပြီး စနေနေ့က လေဗာကူဆင်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ သောမတ်စ် တူဟယ်ရဲ့အသင်းကို ၂ ပွဲဆက်တိုက် ရှုံးပွဲနဲ့ တွေ့ကြုံစေခဲ့ပါတယ်။

မူရီဇီယို ဆာရီရဲ့ လာဇီယိုဟာ ဂိုးပေါက် ၁၅ ကြိမ် ကန်သွင်းနိုင်ခဲ့တဲ့ ဧည့်သည် ဘိုင်ယန်မြူးနစ်ကို စုဖွဲ့မှုကောင်းကောင်းနဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး တူဟယ်ရဲ့အသင်းဟာ အိုလင်ပီကိုကွင်းမှာ ဂိုးပေါက်တောင် တစ်ကြိမ်တည့်အောင် မကန်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အနေနဲ့ လာမယ့် မတ်လ ၅ ရက်နေ့ မြူးနစ်မှာ လက်ခံယှဉ်ပြိုင်သွားမယ့် ဒုတိယအကျော့ပွဲစဉ်မှာ ဒီရှုံးပွဲအတွက် ပြန်လည် တုံ့ပြန်သွားဖို့ မဖြစ်မနေ ကြိုးပမ်းသွားရတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လာဇီယိုဟာ ေရာမမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္မွာ ျဖဳန္းအားေကာင္းၿပီး တစ္ေယာက္ေလ်ာ့ေနခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ကို စီ႐ို အင္မိုဘလီရဲ႕ ဒုတိယပိုင္း ပင္နယ္တီသြင္းဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ဂ်ာမန္ခ်န္ပီယံေတြဟာ ပထမပိုင္းမွာ ဂိုးမေပးရေအာင္ ထိန္းသိမ္းထားႏိုင္ခဲ့ၿပီးေနာက္ လာဇီယိုဟာ ဒုတိယပိုင္း ၆၉ မိနစ္မွာ အူပါမီကာႏိုက ဂူစတက္ဗ္ အီဆက္ဆန္ကို မမီမကမ္း ဖ်က္ထုတ္မႈေၾကာင့္ တိုက္႐ိုက္အနီကတ္ထုတ္ခံခဲ့ရၿပီး ပင္နယ္တီပါ ေပးခဲ့ရပါတယ္။

VAR က ဆုံးျဖတ္ခ်က္ကို အတည္ျပဳခဲ့ၿပီးေနာက္ အင္မိုဘလီက ႏူအာရဲ႕ ဆန႔္က်င္ဘက္ကို ကန္သြင္းယူသြားခဲ့ၿပီး စေနေန႔က ေလဗာကူဆင္ကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ေသာမတ္စ္ တူဟယ္ရဲ႕အသင္းကို ၂ ပြဲဆက္တိုက္ ရႈံးပြဲနဲ႔ ေတြ႕ႀကဳံေစခဲ့ပါတယ္။

မူရီဇီယို ဆာရီရဲ႕ လာဇီယိုဟာ ဂိုးေပါက္ ၁၅ ႀကိမ္ ကန္သြင္းႏိုင္ခဲ့တဲ့ ဧည့္သည္ ဘိုင္ယန္ျမဴးနစ္ကို စုဖြဲ႕မႈေကာင္းေကာင္းနဲ႔ အႏိုင္ယူခဲ့တာျဖစ္ၿပီး တူဟယ္ရဲ႕အသင္းဟာ အိုလင္ပီကိုကြင္းမွာ ဂိုးေပါက္ေတာင္ တစ္ႀကိမ္တည့္ေအာင္ မကန္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အေနနဲ႔ လာမယ့္ မတ္လ ၅ ရက္ေန႔ ျမဴးနစ္မွာ လက္ခံယွဥ္ၿပိဳင္သြားမယ့္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ဒီရႈံးပြဲအတြက္ ျပန္လည္ တုံ႔ျပန္သြားဖို႔ မျဖစ္မေန ႀကိဳးပမ္းသြားရေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.