Match Report UCL&UEL

ဘရာဟင် ဒီယက်ဇ်ရဲ့ ဂိုးနဲ့ လိုက်ပ်ဇစ်အိမ်ကွင်းမှာ အနိုင်ယူတဲ့ ရီးရဲလ်မက်ဒရစ်

ဘရာဟင် ဒီယက်ဇ်ဟာ လိုက်ပ်ဇစ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် အလွန်ကောင်းမွန်တဲ့ တကိုယ်တော်သွင်းဂိုးကို သွင်းယူခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကနေ ကျော်လွန်နိုင်မယ့် အခြေအနေကောင်းကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒဏ်ရာရနေတဲ့ ဂျုဒ် ဘယ်လင်ဟမ်ရဲ့နေရာမှာ ဝင်ကစားခဲ့တဲ့ ဘရာဟင် ဒီယက်ဇ်ဟာ ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ဂိုးအပေါ်ထောင့်ထဲကို ဝိုက်ကန်သွင်းသွားခဲ့တာဖြစ်ပြီး အခွင့်အရေးတွေ လွဲချော်ခဲ့တဲ့ အိမ်ရှင်တွေကို ပေးဆပ်စေခဲ့တာဖြစ်ပါတယ်။

ဘန်ဂျမင် ဆက်စ်ကိုဟာ လိုက်ပ်ဇစ်ရဲ့ အခွင့်အရေးကောင်းတွေကို ဖြုန်းတီးခဲ့ပြီး အကြိမ်ပေါင်းများစွာ ရီးရဲလ်မက်ဒရစ် ဂိုးသမား လူနင်ရဲ့ ကာကွယ်ခြင်းကို ခံခဲ့ရသလို ဂိုးသွင်းနိုင်ခဲ့ချိန်မှာလည်း VAR ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ကန်ချက်က ဂိုးတိုင်ထိသွားခဲ့လို့သာ အိမ်ရှင် လိုက်ပ်ဇစ်တို့ ရုပ်ပျက်ဆင်းပျက်မရှုံးနိမ့်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပွဲ ၇ ပွဲစလုံးကို အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်ကတော့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ချင်တယ်ဆိုရင်တော့ ဘာနေဗျူးမှာ အံ့အားသင့်ဖွယ်တွေ လုပ်ဆောင်ပြဖို့ လိုအပ်မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အနိုင်ဂိုးသွင်းရှင် ဘရာဟင် ဒီယက်ဇ် ကြွက်သားဒဏ်ရာရရှိသွားပုံပေါ်ခဲ့တာတစ်ခုပဲ ဧည့်သည်တွေအတွက် ဆိုးရွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရာဟင္ ဒီယက္ဇ္ဟာ လိုက္ပ္ဇစ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အတြက္ အလြန္ေကာင္းမြန္တဲ့ တကိုယ္ေတာ္သြင္းဂိုးကို သြင္းယူခဲ့ၿပီး ၁၆ သင္းရႈံးထြက္အဆင့္ကေန ေက်ာ္လြန္ႏိုင္မယ့္ အေျခအေနေကာင္းကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ဒဏ္ရာရေနတဲ့ ဂ်ဳဒ္ ဘယ္လင္ဟမ္ရဲ႕ေနရာမွာ ဝင္ကစားခဲ့တဲ့ ဘရာဟင္ ဒီယက္ဇ္ဟာ ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ဂိုးအေပၚေထာင့္ထဲကို ဝိုက္ကန္သြင္းသြားခဲ့တာျဖစ္ၿပီး အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့တဲ့ အိမ္ရွင္ေတြကို ေပးဆပ္ေစခဲ့တာျဖစ္ပါတယ္။

ဘန္ဂ်မင္ ဆက္စ္ကိုဟာ လိုက္ပ္ဇစ္ရဲ႕ အခြင့္အေရးေကာင္းေတြကို ျဖဳန္းတီးခဲ့ၿပီး အႀကိမ္ေပါင္းမ်ားစြာ ရီးရဲလ္မက္ဒရစ္ ဂိုးသမား လူနင္ရဲ႕ ကာကြယ္ျခင္းကို ခံခဲ့ရသလို ဂိုးသြင္းႏိုင္ခဲ့ခ်ိန္မွာလည္း VAR ရဲ႕ ျငင္းပယ္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ ကန္ခ်က္က ဂိုးတိုင္ထိသြားခဲ့လို႔သာ အိမ္ရွင္ လိုက္ပ္ဇစ္တို႔ ႐ုပ္ပ်က္ဆင္းပ်က္မရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ပြဲ ၇ ပြဲစလုံးကို အႏိုင္ရရွိထားခဲ့တာျဖစ္ပါတယ္။

လိုက္ပ္ဇစ္ကေတာ့ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခ်င္တယ္ဆိုရင္ေတာ့ ဘာေနဗ်ဴးမွာ အံ့အားသင့္ဖြယ္ေတြ လုပ္ေဆာင္ျပဖို႔ လိုအပ္မွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ရဲ႕ အႏိုင္ဂိုးသြင္းရွင္ ဘရာဟင္ ဒီယက္ဇ္ ႂကြက္သားဒဏ္ရာရရွိသြားပုံေပၚခဲ့တာတစ္ခုပဲ ဧည့္သည္ေတြအတြက္ ဆိုး႐ြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.