Match Report UCL&UEL

ဒိန်းမတ်မှာ ကိုပင်ဟေဂင်ကို အနိုင်ယူပြီး ဟက်ပီးဗယ်လင်တိုင်းဖြစ်ခဲ့တဲ့ စီးတီး

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲစဉ်မှာ ဂွါဒီယိုလာရဲ့အသင်းက ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်းစစချင်းမှာပဲ ဒီဘရိုင်းနားက အကီရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့လို့ မန်စီးတီးတို့ စောစောစီးစီး အဖွင့်ဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

၁၀ မိနစ်မှာ ဖီးလ် ဖိုဒန်က အလွန်ကောင်းမွန်တဲ့ နောက်ပြန်ပေးပို့မှုနဲ့ ဒီဘရိုင်းနားကို ဂိုးဖန်တီးပေးခဲ့ပြီး ဘယ်လ်ဂျီယမ်ကွင်းလယ်ကြယ်ပွင့်က ဂရာဘာရာ ဘယ်လိုမှ မကာကွယ်နိုင်အောင် ဂိုးထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ ၂၃ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဘာနာဒို ဆေးလ်ဗားရဲ့ ကန်သွင်းမှုက ဗက်ဗရိုနဲ့ ထိပြီး လမ်းကြောင်းပြောင်းပြီးနောက် ဂိုးတိုင်ကို ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။

၃၄ မိနစ်မှာ အီဒါဆန်ရဲ့ ဘောလုံးရှင်းထုတ်မှု အမှားကနေ ရရှိခဲ့တဲ့ ဘောလုံးကို အယ်လ်ယူနူဆီ ပိတ်သွင်းယူခဲ့မှုကို မန်စီးတီး ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့်လည်း ပြန်လျှံထွက်လာတဲ့ဘောလုံးကို အိမ်ရှင် ကိုပင်ဟေဂင်တို့အတွက် မတ်ဆန်က အပြေးကန်သွင်းပြီး ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်ပြည့်ချိန် တစ်ဖက် ၁ ဂိုးစီ သရေနဲ့ပြီးဆုံးသွားတော့မယ့်ပုံပေါ်နေခဲ့ပေမယ့်လည်း ဘာနာဒို ဆေးလ်ဗားက ဒီဘရိုင်းနား မျှောထိုးပေးလိုက်တဲ့ ဘောလုံးကို ပေါ်တူဂီကြယ်ပွင့်က ရယူပြီးနောက် ဂရာဘာရာကို ကျော်ကန်ပြီး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင် ကိုပင်ဟေဂင်က ချေပဂိုး ပြန်ရဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဧည့်သည်တွေရဲ့ တစ်ဖက်သတ်ဖိအားပေး လွှမ်းမိုးမှုကိုသာ ခံခဲ့ရပြီး မန်စီးတီးရဲ့ ဂိုးကန်သွင်းမှုတွေကို ဂရာဘာရာက လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ ဂိုးတွေအများကြီး မပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ၉၂ မိနစ်မှာ ဒီဘရိုင်းနားက ပင်နယ်တီဧရိယာညာခြမ်းကနေ အလယ်မှာ ပိတ်သွင်းဖို့ အသင့်စောင့်ဆိုင်းနေတဲ့ ဖိုဒန်ကို ပေးပို့ခဲ့ရာမှာ အင်္ဂလန်တောင်ပံကစားသမားက ဂရာဘာရာရဲ့ ဘယ်ခြမ်းကို အပြင်းကန်သွင်းပြီး တတိယမြောက်ဦးဆောင်ဂိုးနဲ့ ဒီပွဲရဲ့ နောက်ဆုံးဂိုးကိုသွင်းယူသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးဟာ ဒိန်းမတ်မှာ အဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့တာကြောင့် နောက်တကျော့ အိမ်ကွင်းအစ်တီဟတ်မှာ သရေကျရုံနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်တော့မှာဖြစ်ပြီး ဗယ်လင်တိုင်းဒေးမှာ ပရိသတ်တွေအတွက် အကောင်းဆုံးလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤါေန႔ညက ကစားခဲ့တဲ့ ကိုပင္ေဟဂင္နဲ႔ မန္ခ်က္စတာစီးတီးတို႔ရဲ႕ပြဲစဥ္မွာ ဂြါဒီယိုလာရဲ႕အသင္းက ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ဖို႔ အေျခအေနေကာင္းသြားခဲ့ၿပီျဖစ္ပါတယ္။

ပထမပိုင္းစစခ်င္းမွာပဲ ဒီဘ႐ိုင္းနားက အကီရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ေခါင္းတိုက္သြင္းယူခဲ့ရာမွာ ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့လို႔ မန္စီးတီးတို႔ ေစာေစာစီးစီး အဖြင့္ဂိုးရမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

၁၀ မိနစ္မွာ ဖီးလ္ ဖိုဒန္က အလြန္ေကာင္းမြန္တဲ့ ေနာက္ျပန္ေပးပို႔မႈနဲ႔ ဒီဘ႐ိုင္းနားကို ဂိုးဖန္တီးေပးခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ကြင္းလယ္ၾကယ္ပြင့္က ဂရာဘာရာ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ဂိုးေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ မန္စီးတီးဟာ ၂၃ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဘာနာဒို ေဆးလ္ဗားရဲ႕ ကန္သြင္းမႈက ဗက္ဗ႐ိုနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းၿပီးေနာက္ ဂိုးတိုင္ကို ထိမွန္သြားခဲ့တာ ျဖစ္ပါတယ္။

၃၄ မိနစ္မွာ အီဒါဆန္ရဲ႕ ေဘာလုံးရွင္းထုတ္မႈ အမွားကေန ရရွိခဲ့တဲ့ ေဘာလုံးကို အယ္လ္ယူႏူဆီ ပိတ္သြင္းယူခဲ့မႈကို မန္စီးတီး ဂိုးသမား ကာကြယ္ႏိုင္ခဲ့ေပမယ့္လည္း ျပန္လွ်ံထြက္လာတဲ့ေဘာလုံးကို အိမ္ရွင္ ကိုပင္ေဟဂင္တို႔အတြက္ မတ္ဆန္က အေျပးကန္သြင္းၿပီး ေခ်ပဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။

ပထမပိုင္း ပြဲကစားခ်ိန္ ၄၅ မိနစ္ျပည့္ခ်ိန္ တစ္ဖက္ ၁ ဂိုးစီ သေရနဲ႔ၿပီးဆုံးသြားေတာ့မယ့္ပုံေပၚေနခဲ့ေပမယ့္လည္း ဘာနာဒို ေဆးလ္ဗားက ဒီဘ႐ိုင္းနား ေမွ်ာထိုးေပးလိုက္တဲ့ ေဘာလုံးကို ေပၚတူဂီၾကယ္ပြင့္က ရယူၿပီးေနာက္ ဂရာဘာရာကို ေက်ာ္ကန္ၿပီး ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ဒုတိယပိုင္းမွာ အိမ္ရွင္ ကိုပင္ေဟဂင္က ေခ်ပဂိုး ျပန္ရဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဧည့္သည္ေတြရဲ႕ တစ္ဖက္သတ္ဖိအားေပး လႊမ္းမိုးမႈကိုသာ ခံခဲ့ရၿပီး မန္စီးတီးရဲ႕ ဂိုးကန္သြင္းမႈေတြကို ဂရာဘာရာက လက္စြမ္းျပကာကြယ္ႏိုင္ခဲ့လို႔သာ ဂိုးေတြအမ်ားႀကီး မေပးခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ၉၂ မိနစ္မွာ ဒီဘ႐ိုင္းနားက ပင္နယ္တီဧရိယာညာျခမ္းကေန အလယ္မွာ ပိတ္သြင္းဖို႔ အသင့္ေစာင့္ဆိုင္းေနတဲ့ ဖိုဒန္ကို ေပးပို႔ခဲ့ရာမွာ အဂၤလန္ေတာင္ပံကစားသမားက ဂရာဘာရာရဲ႕ ဘယ္ျခမ္းကို အျပင္းကန္သြင္းၿပီး တတိယေျမာက္ဦးေဆာင္ဂိုးနဲ႔ ဒီပြဲရဲ႕ ေနာက္ဆုံးဂိုးကိုသြင္းယူသြားခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ဒိန္းမတ္မွာ အေဝးကြင္းႏိုင္ပြဲရယူႏိုင္ခဲ့တာေၾကာင့္ ေနာက္တေက်ာ့ အိမ္ကြင္းအစ္တီဟတ္မွာ သေရက်႐ုံနဲ႔ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ေတာ့မွာျဖစ္ၿပီး ဗယ္လင္တိုင္းေဒးမွာ ပရိသတ္ေတြအတြက္ အေကာင္းဆုံးလက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.