Match Report Premier League

အသင်းဟောင်းကို ပြန်ခြောက်လှန့်ခဲ့တဲ့ ဂယ်လေဂါရဲ့အစွမ်းနဲ့ ကမ်းဘက်နိုင်ပွဲရယူနိုင်ခဲ့တဲ့ ချဲလ်ဆီး

တနင်္လာနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာ ပိုချက်တီနိုရဲ့အသင်းက နောက်ကနေ လိုက်ကစားပြီး အဝေးကွင်းနိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပထမပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့်လည်း ဒုတိယပိုင်းမှာ ဂယ်လေဂါနဲ့ ဖာနန်ဒက်စ်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပြန်လာနိုင်ခဲ့ပြီး ၃-၁ နဲ့ အဝေးကွင်းနိုင်ပွဲ ရယူသွားနိုင်ခဲ့တာပါ။ ဂယ်လေဂါဟာ မိနစ် ၃၀ မှာ သွင်းယူခဲ့တဲ့ ဂျက်ဖာဆင် လားမားရဲ့ ဂိုးကို ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၂ မိနစ်အကြာမှာပဲ မာလို ဂူစတိုရဲ့ ညာတောင်ပံကနေ ဖြတ်တင်ပေးပို့မှုကနေတဆင့် ညာခြေနဲ့ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးက ပထမပိုင်းနဲ့ မတူညီတဲ့အသင်းတစ်သင်းဖြစ်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ဖိအားပေးတိုက်စစ်ဆင်မှုတွေနဲ့ အိမ်ရှင်တွေကို တရစပ် ခြိမ်းခြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန်ပြည့်တဲ့အချိန်အထိ နှစ်ဖက်စလုံး ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိတာကြောင့် ၁-၁ နဲ့ ပွဲပြီးဆုံးတော့မယ်လို့ ထင်ခဲ့ပေမယ့်လည်း ၉၁ မိနစ်မှာ ဂယ်လေဂါကပဲ ကိုး ပါလ်မာ ချိုးပေးလိုက်တဲ့ ဘောလုံးကို ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းပြီး နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့အတွက် သွင်းဂိုးတွေက ဒီမှာတင် ရပ်တန့်မသွားသေးဘဲ နောက်ထပ် ၃ မိနစ်အကြာမှာ အန်ဇို ဖာနန်ဒက်ဇ်က ကိုး ပါလ်မာရဲ့ အကွက်မြင်မြင် ပေးပို့လိုက်တဲ့ ဘောလုံးကို ပဲလေ့စ်နောက်ခံလူကို လဲကျသွားအောင် တစ်ချက်ခေါက်ပြီးနောက် ဂိုးသမားရဲ့ ညာဘက်အပေါ်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် ခရစ္စတယ် ပဲလေ့စ်နည်းပြ ရွိုင်း ဟော့ဒ်ဆန်အတွက် ဖိအားတွေ ပိုမို များပြားလာခဲ့ပြီဖြစ်ပြီး အိမ်ရှင်တွေဟာ ပရီးမီးယားလိဂ် ၁၃ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ဟာ ချဲလ်ဆီးနဲ့ပွဲမှာ နောက်ထပ်တစ်ကြိမ် ရမှတ်လျော့ကျခဲ့မှုကြောင့် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရမှတ် ၂၄ မှတ်နဲ့ ရပ်တည်ခဲ့ရပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။

ချဲလ်ဆီးကတော့ ဆဲလ်ဟတ်စ်ပါ့ခ်မှာ အရေးကြီးတဲ့ အဝေးကွင်း အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာကြောင့် စနေနေ့က ဘရန့်တ်ဖို့ဒ်ကို ရှုံးနိမ့်ခဲ့တဲ့ ဝုလ်ဗ်စ်ကို ကျော်ဖြတ်ပြီး အဆင့် ၁၀ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနလၤာေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ ပြဲစဥ္မွာ ပိုခ်က္တီႏိုရဲ႕အသင္းက ေနာက္ကေန လိုက္ကစားၿပီး အေဝးကြင္းႏိုင္ပြဲ ရယူသြားႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ပထမပိုင္းမွာ ခရစၥတယ္ပဲေလ့စ္ရဲ႕ ဦးေဆာင္ျခင္းကို ခံခဲ့ရေပမယ့္လည္း ဒုတိယပိုင္းမွာ ဂယ္ေလဂါနဲ႔ ဖာနန္ဒက္စ္ဇ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ျပန္လာႏိုင္ခဲ့ၿပီး ၃-၁ နဲ႔ အေဝးကြင္းႏိုင္ပြဲ ရယူသြားႏိုင္ခဲ့တာပါ။ ဂယ္ေလဂါဟာ မိနစ္ ၃၀ မွာ သြင္းယူခဲ့တဲ့ ဂ်က္ဖာဆင္ လားမားရဲ႕ ဂိုးကို ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၂ မိနစ္အၾကာမွာပဲ မာလို ဂူစတိုရဲ႕ ညာေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ညာေျခနဲ႔ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ခ်ဲလ္ဆီးက ပထမပိုင္းနဲ႔ မတူညီတဲ့အသင္းတစ္သင္းျဖစ္ခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ ဖိအားေပးတိုက္စစ္ဆင္မႈေတြနဲ႔ အိမ္ရွင္ေတြကို တရစပ္ ၿခိမ္းေျခာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္း ပြဲကစားခ်ိန္ျပည့္တဲ့အခ်ိန္အထိ ႏွစ္ဖက္စလုံး ဂိုးထပ္မံ သြင္းယူႏိုင္ျခင္းမရွိတာေၾကာင့္ ၁-၁ နဲ႔ ပြဲၿပီးဆုံးေတာ့မယ္လို႔ ထင္ခဲ့ေပမယ့္လည္း ၉၁ မိနစ္မွာ ဂယ္ေလဂါကပဲ ကိုး ပါလ္မာ ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ကန္သြင္းၿပီး ေနာက္က် အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔အတြက္ သြင္းဂိုးေတြက ဒီမွာတင္ ရပ္တန႔္မသြားေသးဘဲ ေနာက္ထပ္ ၃ မိနစ္အၾကာမွာ အန္ဇို ဖာနန္ဒက္ဇ္က ကိုး ပါလ္မာရဲ႕ အကြက္ျမင္ျမင္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ပဲေလ့စ္ေနာက္ခံလူကို လဲက်သြားေအာင္ တစ္ခ်က္ေခါက္ၿပီးေနာက္ ဂိုးသမားရဲ႕ ညာဘက္အေပၚေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီရလဒ္ေၾကာင့္ ခရစၥတယ္ ပဲေလ့စ္နည္းျပ ႐ြိဳင္း ေဟာ့ဒ္ဆန္အတြက္ ဖိအားေတြ ပိုမို မ်ားျပားလာခဲ့ၿပီျဖစ္ၿပီး အိမ္ရွင္ေတြဟာ ပရီးမီးယားလိဂ္ ၁၃ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။ ခရစၥတယ္ပဲေလ့စ္ဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ေနာက္ထပ္တစ္ႀကိမ္ ရမွတ္ေလ်ာ့က်ခဲ့မႈေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၁၅ ေနရာမွာ ရမွတ္ ၂၄ မွတ္နဲ႔ ရပ္တည္ခဲ့ရၿပီး တန္းဆင္းဇုန္နဲ႔ ၅ မွတ္သာ ကြာဟေတာ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကေတာ့ ဆဲလ္ဟတ္စ္ပါ့ခ္မွာ အေရးႀကီးတဲ့ အေဝးကြင္း အႏိုင္ ၃ မွတ္ကို ရယူႏိုင္ခဲ့တာေၾကာင့္ စေနေန႔က ဘရန႔္တ္ဖို႔ဒ္ကို ရႈံးနိမ့္ခဲ့တဲ့ ဝုလ္ဗ္စ္ကို ေက်ာ္ျဖတ္ၿပီး အဆင့္ ၁၀ ေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.