Premier League

ပဲလေ့စ်နဲ့ပွဲမှာ ၁၁၈ နှစ်အထိ မလုပ်နိုင်ခဲ့တဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ တနင်္လာနေ့ညက ခရစ္စတယ်ပဲလေ့စ်အိမ်ကွင်းမှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ၁၁၈ နှစ်လောက် မလုပ်နိုင်ခဲ့တဲ့ စံချိန်တစ်ခုကို ရရှိခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ်ဟာ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ဂျက်ဖာဆင် လားမားရဲ့ အလွန်ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ချဲလ်ဆီးက ဒုတိယပိုင်းမှာ အံ့အားသင့်ဖွယ် နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီး မိုက်ကယ် အိုလီဗာရဲ့ ဆက်သွယ်ရေးစက် ချို့ယွင်းမှုကြောင့် ပွဲကစားချိန် ၇ မိနစ်လောက် နှောင့်နှေးကြန့်ကြာခဲ့ရပြီး ကော်နာ ဂယ်လေဂါက ဒီရာသီ ပထမဆုံးသွင်းဂိုးနဲ့ ဒုတိယမြောက်ဂိုးတို့ကို သွင်းယူပေးခဲ့ပြီးနောက် အန်ဇို ဖာနန်ဒက်စ်ဇ်က နာကျင်အချိန်ပို ၄ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ အက်စတန် ဗီလာကို အက်ဖ်အေဖလားပြိုင်ပွဲကနေ ဖြုတ်နိုင်ခဲ့ပြီးနောက် ၂ ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာဖြစ်ပြီး ဒီပွဲဟာ သာမန်နိုင်ပွဲထက် ပိုတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိမှာ ခရစ္စတယ် ပဲလေ့စ်ကို ၁၃ ပွဲဆက်တိုက် နိုင်ပွဲ ရယူနုငိ်ခဲ့ပြီဖြစ်ပြီး အသင်းသမိုင်းကြောင်းတလျှောက် တူညီတဲ့အသင်းတစ်သင်းကို လိဂ်ပွဲအရေအတွက် ဒီလောက်များများ ဆက်တိုက် အနိုင်ယူနိုင်ခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးဟာ တနလၤာေန႔ညက ခရစၥတယ္ပဲေလ့စ္အိမ္ကြင္းမွာ ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ၁၁၈ ႏွစ္ေလာက္ မလုပ္ႏိုင္ခဲ့တဲ့ စံခ်ိန္တစ္ခုကို ရရွိခဲ့ပါတယ္။

ခရစၥတယ္ ပဲေလ့စ္ဟာ ဆဲလ္ဟတ္စ္ပါ့ခ္မွာ ဂ်က္ဖာဆင္ လားမားရဲ႕ အလြန္ေကာင္းမြန္တဲ့ အေဝးကန္ခ်က္နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးက ဒုတိယပိုင္းမွာ အံ့အားသင့္ဖြယ္ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာရဲ႕ ဆက္သြယ္ေရးစက္ ခ်ိဳ႕ယြင္းမႈေၾကာင့္ ပြဲကစားခ်ိန္ ၇ မိနစ္ေလာက္ ေႏွာင့္ေႏွးၾကန႔္ၾကာခဲ့ရၿပီး ေကာ္နာ ဂယ္ေလဂါက ဒီရာသီ ပထမဆုံးသြင္းဂိုးနဲ႔ ဒုတိယေျမာက္ဂိုးတို႔ကို သြင္းယူေပးခဲ့ၿပီးေနာက္ အန္ဇို ဖာနန္ဒက္စ္ဇ္က နာက်င္အခ်ိန္ပို ၄ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ အက္စတန္ ဗီလာကို အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ျဖဳတ္ႏိုင္ခဲ့ၿပီးေနာက္ ၂ ပြဲဆက္တိုက္ ႏိုင္ပြဲရခဲ့တာျဖစ္ၿပီး ဒီပြဲဟာ သာမန္ႏိုင္ပြဲထက္ ပိုတဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လက္ရွိမွာ ခရစၥတယ္ ပဲေလ့စ္ကို ၁၃ ပြဲဆက္တိုက္ ႏိုင္ပြဲ ရယူႏုငိ္ခဲ့ၿပီျဖစ္ၿပီး အသင္းသမိုင္းေၾကာင္းတေလွ်ာက္ တူညီတဲ့အသင္းတစ္သင္းကို လိဂ္ပြဲအေရအတြက္ ဒီေလာက္မ်ားမ်ား ဆက္တိုက္ အႏိုင္ယူႏိုင္ခဲ့တာ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.